တန်ဖိုးသင့် 5G ဖုန်းတွေထဲက စိတ်ဝင်စားစရာ ဖုန်းတစ်လုံး

Huawei ဟာ Kirin processor မဟုတ်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း Huawei Enjoy Z 5G သစ်ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်ကြေညာသွားပါတယ်။

တန်ဖိုးသင့် 5G ဖုန်းဖြစ်တဲ့ Huawei Enjoy Z 5G မှာ MediaTek ထုတ် Dimensity 800 5G processor သစ်ကို ပထမဆုံး သုံးသွားတာပါ။ ဈေးချိုလာတဲ့ 5G ဖုန်းတွေအကြားမှာ Dimensity 800 5G ဟာလည်း စိတ်ဝင်စားရာပါ။ Dimensity 800 ဟာ 5G modem တစ်ခါတည်း ပါဝင်ပြီး ultra-efficient ဖြစ်တဲ့ 7nm chip ဖြစ်ပါတယ်။ 800 series ဟာ ultra-smooth FHD+ dispaly ကို 90Hz refresh rate အထိ ပံ့ပိုးထားပါတယ်။



Photo: techandroids


Huawei Enjoy Z 5G ဟာလည်း Dewdrop notch နဲ့ လာပြီး မျက်နှာပြင် ၆.၅ လက်မ ပါရှိပါတယ်။ 2400 x 1080p screen ဟာ 90Hz refresh rate ပါရှိပြီး touch sampling rate အနေနဲ့ 180Hz သုံးထားတယ်လို့ ဆိုပါတယ်။ MediaTek Dimensity 800 processor ၊ NATT MC4 GPU နဲ့အတူ RAM/storage သုံးမျိုး ထွက်ထားပါတယ်။ NanoMemory Card slot ထည့်ထားပြီး external storage 256GB အထိ ထပ်တိုးထားပါတယ်။ 

ကျောဘက်မှာ စတုဂံပုံစံ ထောင်လိုက်ကင်မရာ သုံးလုံးနဲ့ လာပါတယ်။ main camera 48MP ၊ 2MP macro နဲ့ 8MP super wide lensတို့ ဖြစ်ပါတယ်။ ဇာတ်ကား ရိုက်ကူးဖို့အတွက် EIS ရုပ်ငြိမ်စနစ် ပံ့ပိုးထားပြီး 10x digital zoom ၊ night scene mode ၊ macro mode နဲ့ Beauty mode တို့ ပါဝင်ပါတယ်။ notch ထဲမှာ 16MP selfie ကင်မရာ သုံးထားပါတယ်။

4000mAh ဘက်ထရီဟာ 22.5W fast charge ပါရှိပြီး Dual-SIM ၊ Dual-Band Wi-Fi နဲ့ ဘေးဘောင်ကိုယ်ထည် လက်ဗွေစနစ်တွေ ထည့်သွင်းထားပါတယ်။ Huawei Enjoy Z 5G ကို Dark Blue ၊ Sakura Snow Clear Sky နဲ့ Magic Night Black ကာလာတွေနဲ့ ဝယ်ယူနိုင်မှာပါ။ 6GB./64GB ဗားရှင်းကို ၁၆၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၃ သောင်းခန့်) ၊ 6GB/128GB storage ကို ၁၈၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၇ သောင်းကျော်) နဲ့ 8GB/128GB ကို ၂၁၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က