မြန်မာငွေ ၄ သိန်းခန့် ဈေးနဲ့ ရောင်းချသွားမှာပါ

ZTE ရဲ့ ဈေးအချိုဆုံး 5G ဖုန်းကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။


ZTE Axon 11 SE 5G ဟာ Axon 11 family ထဲကဖုန်း တစ်လုံး ဖြစ်ပေမယ့် Axon 11 5G နဲ့ Axon 11 Pro 5G တို့လို Snapdragon processor တွေအစား MediaTek Dimensity 800 processor ကို သုံးလာတာပါ။ Dimensity 800 chipset ဟာ Snapdragon 7xx series နဲ့ အပြိုင် processor ဖြစ်ပြီး dual-mode 5G support ပေးထားပါတယ်။




Photo: shiftdelete

အသစ်ထွက် ခေတ်ပေါ် စမတ်ဖုန်းတွေရဲ့ ဟန်အတိုင်း screen အပေါ် ဘယ်ဘက်မှာ punch-hole ကင်မရာ ပေါက်သုံးထားပါတယ်။ aspect ratio 19.5:9 နဲ့ လာပြီး IPS LCD display ပါရှိပါတယ်။ မျက်နှာပြင် ၆.၅၃ လက်မဟာ FullHD+ resolution ပံ့ပိုးထားပါတယ်။ punch-hole ပေါက်ထဲမှာ 16MP ဆယ်လ်ဖီကင်မရာ ထည့်ပေးထားပါတယ်။

Axon 11 SE 5G ဟာ RAM 8GB/256GB storage အထိ သုံးထားပြီး storage ထပ်တိုးဖို့ microSD card slot တစ်ခု ပါရှိပါတယ်။ MiFlavor UI နဲ့အတူ Android 10 OS တစ်ခါတည်း ထည့်ပေးထားပြီး 4000mAh ဘက်ထရီ သုံးထားပါတယ်။ ဘက်ထရီဟာ 18W charging ပံ့ပိုးထားပြီး USB Type C အားသွင်းစနစ်နဲ့ လာပါတယ်။


Photo: shiftdelete


ကျောဘက်မှာ လက်ဗွေဖတ်စနစ် ထည့်ပေးထားပြီး 3.5mm headphone jack လည်း ပါရှိပါတယ်။ ကျောဘက် စတုရန်းပုံစံကင်မရာကွက်ထဲမှာ သုံးလုံးတွဲကင်မရာတွေအဖြစ် 48MP main lens ၊ ၁၂၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ultrawide lens နဲ့ 2cm focal length ဖမ်းနိုင်မယ့် 2MP depth sensor တို့ သုံးထားပါတယ်။ 

တရုတ်ဈေးကွက်မှာ RAM 6GB/128GB storage ၊ RAM 8GB/128GB storage နဲ့ RAM 8GB/256GB storage ဆိုပြီး ဗားရှင်းသုံးမျိုးနဲ့ ထွက်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ ၁၉၉၈ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) ၊ ၂၂၉၈ ယွမ် (မြန်မာငွေ ၄ သိန်းခွဲခန့်) နဲ့ ၂၅၉၈ ယွမ် (မြန်မာငွေ ၅ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က