ဈေးပို မြောက်လာပြီ ဖြစ်ပါတယ်။

     အန်းဒရိုက် flagship တွေထဲမှာ OnePlus ဟာ ဈေးအနည်းဆုံးနဲ့သုံးလို့အကောင်းဆုံးဆိုတဲ့အထဲမှာ ပါပါတယ်။

         ဒီနှစ်ရဲ့ ပထမဆုံး OnePlus ဖုန်းမှာတော့ လေးစားလောက်တဲ့ screen သစ်နဲ့သုံးလုံးတွဲ ကင်မရာစနစ်အပြင် အစဉ်အလာအတိုင်း အဆင့်မြင့်တဲ့ Performance ကို သုံးလာတာပါ။ OnePlus ကနေ မိတ်ဆက်လိုက်တဲ့ OnePlus 7 lineup ထဲက ပိုပြီး အဆင့်မြင့်တဲ့ OnePlus 7 Pro မှာ Fluid AMOLED လို့ခေါ်တဲ့ display ကို သုံးထားပြီး QHD+ (3120 x 1440p) ရုပ်ထွက်မြင့် ၆.၆၇ လက်မ ပါရှိပါတယ်။

Photo: trustedreviews

         ဒီ screen ရဲ့ ထူးခြားချက်ကတော့ 90Hz refresh rate ပါရှိတာ ဖြစ်ပြီး ဈေးကွက်ထဲက ပုံမှန် စမတ်ဖုန်း screen တွေဟာ 60Hz refresh rate ပဲ သုံးထားတာပါ။ ကမ္ဘာ့အဆင့် စမတ်ဖုန်း display လို့တင်စားထားတဲ့ ဒီဖုန်း displayဟာ DisplayMate ရဲ့ အမြင့်ဆုံး A+ display rating ရထားပါတယ်။

         OnePlus 7 Pro ရဲ့ ကွေးညွတ်ထားတဲ့ display ရှေ့ပိုင်းမှာ notch မပါတော့ဘဲ ရှေ့ကင်မရာအတွက် pop-up selfie ကင်မရာ သုံးထားပါတယ်။ လက်ဗွေစနစ်ကတော့ in-display အမျိုးအစား ဖြစ်ပြီး fingerprint scanning ကို နေရာပိုယူနိုင်မယ့် တတိယမျိုးဆက် sensor နဲ ့လာပါတယ်။ ဖုန်းရှေ့တစ်ပိုင်းလုံးဟာ မှန်ပြင်ပြည့်ဒီဇိုင်း ဖြစ်လာပြီး screen size ကြီးလာခြင်းဟာ ဖုန်းကိုင်ရာမှာတော့ အခက်အခဲ ဖြစ်နိုင်ပါတယ်။

         high-end ဖုန်းဖြစ်တဲ့အတွက် flagship processor ဖြစ်တဲ့ Qualcomm Snapdragon 855 processor နဲ့လာပြီး OnePlus ရဲ့ ပင်ကိုယ်ဟန်အတိုင်း Smoother Experience ဖြစ်စေမယ့် ဖုန်းပါ။ memory ပမာဏကိုလည်း အနည်ဆုံး 6GB/128GB ကနေအများဆုံး 12GB/256GB storage အထိ ပါလာမယ်လို့ဆိုပါတယ်။

         OnePlus 7 Pro ဟာ အချက်အလက် ပေးပို့ရယူမှုမှာ 23.2Gbps နှုန်းအထိ သယ်ပို့နိုင်တဲ့ Universal Flat Storage (UFS 3.0) နည်းပညာကို ပထမဆုံး သုံးထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ နောက်ထပ်အားသာချက်က Warp Charge 30 အားသွင်းစနစ်သစ်ပါတဲ့ 4000 mAh ဘက်ထရီ ပါလာတာပါ။ Warp Charge ဟာ အပူချိန်ကို ထိန်းညှိနိုင်တဲ့ နည်းပညာဖြစ်လို့ဖုန်းအားသွင်းရင်း ဂိမ်းကစားချိန်မှာ heat တက်လာမှာ မဟုတ်ပါဘူး။

         ဒီဖုန်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး ကျောဘက်ကင်မရာ ၃ လုံးတွဲ သုံးထားတဲ့ ဖုန်းဖြစ်ပြီး Sony IMX586 sensor ပါတဲ့ 48MP ကင်မရာကိုမှ 3x zoom ဆွဲနိုင်တဲ့ 8MP telephoto နဲ့၁၁၇ ဒီဂရီ 16MP ultra-wide ကင်မရာ သုံးလုံးတွဲ ပါလာပါတယ်။ 48MP ပင်မကင်မရာဟာ OIS နဲ့EIS ရုပ်ငြိမ်စနစ်တွေ ပါပြီး UltraShot feature သစ်ဟာ သာမန်ထက် အလင်းဝင်မှု ၄ ဆပိုများပြီး Super Resolution ရုပ်ထွက်စနစ်လည်း ပါလာပါတယ်။

Photo: Wired

 ရှေ့ဘက် pop-up ဆယ်လ်ဖီကင်မရာ ဖြစ်တဲ့ 16MP ကင်မရာဟာ အကြိမ်ပေါင်း ၃ သိန်းကျော် အဖွင့်အပိတ် စမ်းသပ်ထားတာ ဖြစ်ပြီးဖုန်းလွတ်ကျသွားတာကို သိတဲ့ အရှိန်တိုင်းစနစ်လည်း ထည့်ထားတာကြောင့် ဖုန်းပြုတ်ကျသွားချိန်မှာ စက္ကန့်ပိုင်းအတွင်း pop-up ကင်မရာဟာ ဖုန်းထဲ ပြန်ဝင်သွားမှာပါ။

         OnePlus 7 Pro မှာ ဈေးနှုန်းကတော့ နောက်ဆုံးထွက် OnePlus 6T ထက် ဒေါ်လာ၁၁၀ နီးပါး ပိုများလာပါတယ်။ အနိမ့်ဆုံးမော်ဒယ်ဟာ ၆၆၉ ဒေါ်လာ ၊ RAM 8GB/256GB ကို ဒေါ်လာ ၇၀၀ နဲ့အမြင့်ဆုံး RAM 12GB/256GB storge ကို ဒေါ်လာ ၇၅၀ ဈေးနဲ့အမေရိကန်ဈေးကွက်မှာ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။ 



က္က