HTC ရဲ့ eye-catching ဖြစ်မယ့် ဖုန်းဒီဇိုင်းတွေပါ
Nyein Min Wai

စမတ်ဖုန်းရောင်းအား ကျဆင်းနေတဲ့ HTC ဟာ ထိုင်ဝမ်ဈေးကွက်မှာ HTC U19e နဲ့HTC Desire 19+ နာမည်နဲ့mid-ranger ဖုန်းနှစ်မျိုး မိတ်ဆက်လိုက်ပါတယ်။


         ဒီဖုန်းနှစ်မျိုးထဲမှာ HTC U19e ဟာ ပိုပြီး powerful ဖြစ်တယ်လို့ပြောရမယ့် မော်ဒယ်ဖြစ်ပြီး မျက်နှာပြင် အရွယ်အစား ၆ လက်မ OLED display ( 2160 x 1080p) ရုပ်ထွက်ပါရှိပါတယ်။ processor မှာလည်း Qualcomm ရဲ့ Snapdragon 710 processor သုံးထားပြီး RAM 6GB / 128GB storage အထိ ပါလာပါတယ်။ ဘက်ထရီကတော့ quick charging suppor တို့ပါတဲ့ 3930 mAh ဘက်ထရီ ဖြစ်ပြီး ကျောဘက်မှာ fingerprint scanner သုံးထားသလို ရှေ့ဘက်မှာ 24MP selfie ကင်မရာ နဲ့2MP iris scanner ပါ သုံးသွားတာပါ။

HTC U19e ( Photo: Android Central)

         HTC U19e ဟာ ကျောဘက်မှာ ထောင်လိုက် 12MP ကင်မရာနဲ့20MP 2x telephoto lens တွေ သုံးထားပါတယ်။ ဒီဖနု်းမှာ ဂိမ်းကစားရာမှာ ပိုပြီး သွက်လက်မြန်ဆန်စေမယ့် Game Assistant နည်းပညာ သုံးထားပြီး ကျောဘက်ကင်မရာနဲ့fingerprint နေရာတစ်ဝိုက်ဟာ transparent စတိုင် သုံးထားပါတယ်။ အရောင်အနေနဲ့HTC U19e ဟာ Extraordinary Purple နဲ့Modest Green ကာလာ နှစ်ရောင်နဲ့လာပါတယ်။

         HTC Desire 19+ ဟာ HTC ဖုန်းတွေထဲမှာ ပထမဆုံး notch ပါတဲ့ ဖုန်းပါ။ waterdrop notch ကို သုံးထားပြီး မျက်နှာပြင် ၆.၂ လက်မ 720p ရုပ်ထွက်နဲ့လာပါတယ်။ ရှေ့မှာတော့ ကင်မရာတစ်လုံးတည်း သုံးထားပြီး 16MP selfie ကင်မရာဟာ Face Unlock စနစ်ကိုလည်း သုံးနိုင်မယ်လို့ဆိုပါတယ်။ ကျောဘက်မှာတော့ triple lens စနစ်ကို သုံးလာတာက ထူးခြားနေပြီး 13MP ၊ 8MP wide-lens နဲ့5MP depth sensor တို့ကို သုံးသွားပါတယ်။

         HTC Desire 19+ ဟာ U19e လိုပဲ ကျောဘက်မှာ fingerprintscanner သုံးထားပြီး 3850 mAh ဘက်ထရီမှာတော့ fast charging စနစ် မပါလာတော့ပါဘူး။ Android 9 Pie နဲ့လာတဲ့ ဒီဖုန်းဟာ RAM/storage ဗားရှင်းနှစ်မျိုးနဲ့လည်း ထွက်ထားပါတယ်။ အနိမ့်ဗားရှင်းမှာတော့ RAM 4GB/64GB storage ပါရှိပြီး ပိုမြင့်တဲ့ မော်ဒယ်မှာတော့ RAM 6GB/128GB storage ပါလာပါတယ်။

HTC Desire 19+ ( Photo: XDA-Developers)

         MediaTek Helio P35 processor သုံးထားတဲ့ HTC Desire 19+ ဟာ ဇူလိုင်လဆန်းပိုင်း ဈေးကွက်ထဲ ရောက်မှာ ဖြစ်ပြီး အနိမ့်မော်ဒယ်ကို ထိုင်ဝမ် ဒေါ်လာ ၉၉၉၀ ( မြန်မာငွေ ၄ သိန်း ၈ သောင်း) ကနေ အမြင့်မော်ဒယ်အတွက် ထိုင်ဝမ်ဒေါ်လာ ၁၀၉၉၀ ( မြန်မာငွေ ၅ သိန်း ၃ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ HTC U19e ကတော့ ထိုင်ဝမ်ဒေါ်လာ ၁၄၉၀၀ ( မြန်မာငွေ ၇ သိန်းကျော်) ဈေးနဲ့ရောင်းချနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က