Apple Event မှာ တွေ့ခဲ့တဲ့ iPad သစ်နှစ်မျိုးပါ

သတင်းတွေ ထွက်ထားတဲ့ အတိုင်း Redesign လုပ်ထားတဲ့ iPad Air သစ်ကို မိတ်ဆက်သွားပါတယ်။

iPad Pro ၁၁ လက်မမော်ဒယ်အတိုင်း flat edge နဲ့ လာပြီး ပန်းရောင် ၊ အစိမ်း ၊ မီးခိုးကာလာ အပါအဝင် ကာလာ ၅ ရောင် မိတ်ဆက်သွားပါတယ်။ ၁၀.၉ လက်မ Liquid Retina display ဖြစ်ပြီး (2360 x 1650p) ရုပ်ထွက်ပါရှိပါတယ်။



new iPad Air (Photo: The Verge)

Touch ID လက်ဗွေစနစ်ဟာ အပေါ်ဘက်ခလုတ်ထဲမှာ ထည့်သွင်းထားပါတယ်။ 5nm A14 Bionic chip သုံးထားပြီး နောက်ဆုံး ထွက်ထားတဲ့ iPad Air ထက် performance ၄၀% ပိုကောင်းတယ်လို့ ဆိုပါတယ်။ တရားဝင်မိတ်ဆက်မှု မလုပ်ခင် ထွက်ခဲ့တဲ့ သတင်းတွေအတိုင်း USB-C port သုံးလာပါတယ်။

ရှေ့ဘက် 7MP ကင်မရာ နဲ့ ကျောဘက်မှာ iPad Pro လိုမျိုး 4K video support နဲ့ ရုပ်ငြိမ်ရိုက်ကူးစနစ် ပေးထားတဲ့ 12MP ကင်မရာ သုံးထားပါတယ်။ Apple Pencil သစ်နဲ့ Magic keyboard တို့နဲ့ တွဲသုံးနိုင်မှာ ဖြစ်ပြီး LTE ဗားရှင်းလည်း ထွက်လာမှာပါ။ iPad Air သစ်မှာ WiFi 6 ချိတ်ဆက်မှု ပါပြီး ဈေးနှုန်း ၅၉၉ ဒေါ်လာ (မြန်မာငွေ ၈ သိန်းခန့်) ဈေးနဲ့ အောက်တိုဘာလထဲ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ 

ဒီနေ့ စက်တင်ဘာ Apple Event မှာ Home button သုံးထားပြီး ဒီဇီုင်းပိုင်း အပြောင်းအလဲ မရှိတဲ့ iPad သစ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

iPad 8th Gen (Photo: The Verge)

iPad 8th gen ဟာ မျက်နှာပြင် ၁၀.၂ လက်မ Retina display နဲ့ လာပြီး performance မြင့်တဲ့ A12 Bionic chipset ကို သုံးလာပါတယ်။ CPU ပိုင်းမှာ ၄၀% ပိုသွက်လာပြီး ဂရပ်ဖစ်ပိုင်းမှာ ၂ ဆ ပိုမြန်တယ်လို့ ဆိုပါတယ်။ Keyboard ၊ Apple Pencil တို့နဲ့ တွဲသုံးနိုင်မှာ ဖြစ်ပြီး 8MP ကင်မရာ ၊ iPadOS 14 သစ်တို့ ပါရှိပါတယ်။ 

၃၂၉ ဒေါ်လာ (မြန်မာငွေ ၄ သိန်း ၃ သောင်းခွဲခန့်) ဈေး သတ်မှတ်ထားပြီး ပညာရေးသုံးအနေနဲ့ ၂၂၉ ‌ဒေါ်လာ (မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က