နိုင်ငံ ၃၀ မှာ အွန်လိုင်းက ရောင်းချနေပါတယ်

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဘေး အရှိန်မြင့်နေချိန်မှာ Apple ဟာ iPad Pro မော်ဒယ်သစ် နှစ်မျိုးကို ကြေညာလိုက်ပါတယ်။


အဆင့်မြှင့်တင်လာတဲ့ iPad Pro သစ်တွေဟာ မျက်နှာပြင် ၁၁ လက်မနဲ့ ၁၂.၉ လက်မ မော်ဒယ်တွေ ဖြစ်ပြီး ထူးခြားတာက ကင်မရာစနစ်ပိုင်းမှာ Update ဖြစ်လာတာပါပဲ။ အသိသာဆုံးအချက်က Apple ဟာ iPad Pro သစ်တွေမှာ AR appတွေအတွက် depth sensing ကင်မရာအာရုံခံဖို့နဲ့ Augmented Reality ခံစားမှုကို ပံ့ပိုးပေးနိုင်မယ့် LiDAR Scanner နဲ့ dual cameras တွေ ပါလာတာ ဖြစ်ပါတယ်။



ကျောဘက်ကင်မရာစနစ်ဟာ iPhone 11 အတိုင်း စတုရန်းကွက်ကင်မရာစနစ်ထဲမှာ 12MP wide angle နဲ့ 10MP ultra-wide angle ဆိုပြီး ကင်မရာနှစ်လုံး သုံးထားပါတယ်။ ဒီကင်မရာတွေဟာ 4K Videos တွေကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်ပြီး ultra-wide ကင်မရာဟာ 2x optical ဆွဲရိုက်နိုင်မှာပါ။ ရှေ့ကင်မရာကတော့ Face ID နဲ့ တစ်ခြား features တွေ လုပ်ဆောင်နိုင်မယ့် 7MP TrueDepth ကင်မရာစနစ် ပါလာပါတယ်။

Photo: Tech Crunch


iPad Pro သစ်တွေရဲ့ LiDAR Scanner နည်းပညာဟာ ဒီနှစ်နောက်ပိုင်းမှာ ထွက်လာမယ့် Hot Lava ဂိမ်းရဲ့ AR Mode သစ်ကို သုံးပြီး ဧည့်ခန်းကို AR ဗားရှင်းအဖြစ် ပြောင်းနိုင်မယ်လို့ Apple က ကြေညာပါတယ်။LiDAR Scanner ဟာ အာရုံခံ Sensor နဲ့ အရာဝတ္ထုအကြား အကွာအဝေးကို လေဆာနဲ့ လှမ်းထောက်ပြီး အလုပ်လုပ်တဲ့ ToF Depth sensor ပါ။

များသောအားဖြင့် LiDAR စကင်နာတွေကို ကမ္ဘာ့မျက်နှာပြင်ပုံသဏ္ဍာန်တိုင်းခြင်းနဲ့ မောင်းသူမဲ့ ယာဉ်တွေမှာ သုံးနေကြပါတယ်။ iPad Pro မှာ ပါတဲ့ LiDAR စနစ်ဟာ dual camera ၊ motion sensor တွေနဲ့ ပေါင်းပြီး AR app ပေါင်းစုံကို တိကျတဲ့ တိုင်းတာမှုတွေနဲ့ ဖော်ပြပေးပါတယ်။ AR app မျိုးစုံမှာ ဒီ LiDAR နည်းပညာကို သုံးနိုင်ပြီး လူသုံးကုန်နည်းပညာတစ်ခုဖြစ်တဲ့ AR ဂိမ်းတွေကတော့ ဒီနည်းပညာကို သက်သေပြဖို့ အကောင်းဆုံး ပလက်ဖောင်းလည်း ဖြစ်ပါတယ်။



အသစ်ထွက်လာတဲ့ iPad Pro သစ်တွေဟာ Apple ရဲ့ နောက်ဆုံးပေါ် A12Z Bionic chipset နဲ့ လာပြီး အပူချိန်ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် ထိန်းညှိချက်တွေ ပိုကောင်းအောင် အဆင့်မြှင့်ထားတဲ့ 8-core CPU နဲ့ 8-core GPU သစ်တွေ ပါရှိပါတယ်။ 128GB storage ဗားရှင်းကနေ 256GB ၊ 512GB နဲ့ 1TB ဗားရှင်းဆိုပြီး ထွက်ထားပါတယ်။

Magic Keyboard သစ်လည်း ထောက်ပံ့ပေးထားပြီး ကွန်ပျူတာတစ်လုံးလို အလုပ်လုပ်နိုင်ဖို့ ၁၃၀ ဒီဂရီအထိ ခေါက်နိုင် လှန်နိုင်မယ့် Cantilever Hinges လည်း ပါရှိပါတယ်။ ကီးဘုတ်မှာလည်း Backlit ခလုတ်တွေ ပါရှိပြီး အားသွင်းတာကိုတော့ USB C Port ကနေ အားသွင်းနိုင်မှာပါ။ Magic Keyboard မှာ ပိုမိုက်လာတာက Trackpad ပါ ထည့်လာတာ ဖြစ်ပါတယ်။

ဘက်ထရီအနေနဲ့ ၁၂.၉ လက်မမော်ဒယ်ဟာ 36.71W ဘက်ထရီနဲ့ ၁၁ လက်မမော်ဒယ်ဟာ 28.65Watt ဘက်ထရီ သုံးထားပြီး WiFi နဲ့ဆိုရင် ၁၀ နာရီအထိ အသုံးခံမယ်လို့ ဆိုပါတယ်။ အားသွင်းတာကိုတော့ USB C Power Delivery အမြန်အားသွင်းစနစ် ပံ့ပိုးထားပါတယ်။

Photo: Gizchina


WiFi ဗားရှင်းနဲ့ eSIM ပံ့ပိုးထားတဲ့ LTE ဗားရှင်းဆိုပြီး ထွက်ပါတယ်။ ၁၁ လက်မမော်ဒယ် WiFi ဗားရှင်းကို ၇၉၉ ဒေါ်လာနဲ့ LTE ဗားရှင်းကို ၉၄၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာပါ။ ၁၂.၉ လက်မမော်ဒယ် WiFI နဲ့ LTE ‌ဗားရှင်းတွေကို ၉၉၉ ဒေါ်လာနဲ့ ၁၁၄၉ ဒေါ်လာ ဈေးတွေနဲ့ ရောင်းချသွားမှာပါ။

ဒါတွေကတော့ 128GB ဗားရှင်းအတွက် ဖြစ်ပါတယ်။ Magic Keyboard ကတော့ ၁၁ လက်မမော်ဒယ်အတွက် ၂၉၉ ဒေါ်လာနဲ့ ၁၂.၉ လက်မမော်ဒယ်အတွက် ၃၄၉ ဒေါ်လာ ကျသင့်ပြီး ဒုတိယမျိုးဆက် Apple Pencil ကိုတော့ ၁၂၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာပါ။ iPad Pro မော်ဒယ်သစ်တွေကို နိုင်ငံပေါင်း ၃၀ မှာ အွန်လိုင်းကနေ ရောင်းချပေးနေပြီး နောက်တစ်ပတ်မှာ လက်လီစတိုးဆိုင်တွေပေါ် ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က