Redmi 8A ကို အဆင့်မြှင့်ထားတာပါ
Nyein Min Wai

Xiaomi ရဲ့ ဘက်ဂျက်ဖုန်းသစ်ကတော့ အကြီးစားဘက်ထရီပါဝါနဲ့နှစ်လုံးတွဲကင်မရာသုံးပြီး ထွက်လာပြီ ဖြစ်ပါတယ်။

Redmi 8A ထွက်ပြီး နှစ်ပတ်လောက် အကြာမှာ မိတ်ဆက်လိုက်တဲ့ Redmi 8 ဟာ glass body ဒီဇိုင်းနဲ့လာပြီး Xiaomi ရဲ့ Aura Mirror ဒီဇိုင်းသစ် သုံးထားပါတယ်။ ကျောဘက်အလယ်မှာ ထောင်လိုက် dual cameras နဲ့လာပြီး ဒီကင်မရာနှစ်လုံးတွဲအောက်မှာ fingerprint scanner တပ်ဆင်ထားပါတယ်။

Photo: xda-developers

မျက်နှာပြင်အရွယ်အစား ၆.၂၂ လက်မရှိတဲ့ ဒီဖုန်းဟာ 720 x 1520p ရုပ်ထွက်ပါ HD+ display နဲ့လာပြီး အကြမ်းခံတဲ့ Corning Gorilla Glass 5 အုပ်ထားပါတယ်။ သုံးထားတဲ့ screen ဟာ Dot Notch display ဖြစ်ပြီး ဒီဇိုင်းနဲ့screen resolution မှာ Redmi 8A နဲ့တစ်ပုံစံတည်းပါ။ အရွယ်အစား မကွာသလို သုံးထားတဲ့ processor ကလည်း Redmi 8A လိုပဲ Snapdragon 439 SoC ဖြစ်ပါတယ်။

RAM/storage မှာတော့ 3GB နဲ့4GB ဆိုပြီး ဗားရှင်း နှစ်မျိုးနဲ့upgrade လုပ်ထားပါတယ်။ storage ကိုလည်း Redmi 8A ရဲ့ 32GB ကနေ အခုဆို 64GB အထိ တိုးလာပါတယ်။ ရှေ့ကင်မရာဟာ 8MP ဆယ်လ်ဖီကင်မရာပဲ ဖြစ်ပြီး ကျောဘက်မှာ Sony IMX363 sensor သုံး 12MP ကင်မရာနဲ့2MP depth sensor သုံးထားပါတယ်။

Photo: techandroids

ဒီကင်မရာတွေဟာ မြင်ကွင်းတွေ ၊ သစ်ပင်တွေ နဲ့အိမ်မွေးတိရစ္ဆာန်တွေစတဲ့ အရာဝတ္ထု ၃၃ မျိုးကို ဖတ်ရှုနိုင်မယ့် AI Scene Detection စနစ် ပါလာပြီး ထူးခြားတာက ကျောဘက်ကင်မရာမှာ Google Lens နဲ့လာတာပါ။ Google Lens စနစ်ပါလို့စာသားတစ်ခုကို ကင်မရာနဲ့ချိန်လိုက်တာနဲ့ဘာသာစကား ၁၀၄ မျိုးကို ဘာသာပြန်ပေးနိုင်မယ်လို့ဆိုပါတယ်။

ဈေးကွက်မှာ Redmi 8 ကို Sapphire Blue ၊ Ruby Red နဲ့Onyx Black ကာလာ ၃ ရောင်နဲ့ဝယ်နိုင်မှာ ဖြစ်ပြီး အနိမ့်ဆုံး RAM 3GB/32GB storage မော်ဒယ်ကို ၇၉၉၉ ရူပီး ( မြန်မာငွေ ၁ သိန်း ၇ သောင်းကျော်) နဲ့RAM 4GB/64GB storage ကို ၈၉၉၉ ရူပီး ( မြန်မာငွေ ၁ သိန်း ၉ သောင်းကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။


က္က