မြန်မာငွေ ၄ သိန်းအောက်တန် Sony ဖုန်း

Sony Xpereia 10 ဒီဇိုင်း သုံးထားတဲ့ စိတ်ဝင်စားစရာ Mid-ranger တစ်လုံး ထွက်လာပါတယ်။

Sony ဟာ ဂျပန်ဈေးကွက်မှာ Xperia 8 Lite နာမည်နဲ့ ဖုန်းသစ်တစ်မျိုးကို ကြေညာသွားတာ ဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ Specs အများစုကတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲမှာ ဖြန့်ချိခဲ့တဲ့ Xperia 10 နဲ့ တစ်ပုံစံတည်းဖြစ်ပြီး Camera Setup ပဲ ကွဲသွားတာပါ။ 



Photo: GSMArena

မျက်နှာပြင် ၆ လက်မ IPS LCD display သုံးထားတဲ့ ဒီဖုန်းဟာ Ultra-Tall 21:9 ratio နဲ့ ထွက်ထားပြီး FHD+ (2520 x 1080p) ရုပ်ထွက်နဲ့ လာတာ ဖြစ်ပါတယ်။ screen ကို Gorilla Glass 6 အုပ်ပေးထားတာ ဖြစ်လို့ မှန်ပြင်အစင်းခြစ်ဒဏ်ကို ပိုပြီး ခံနိုင်ရည် ရှိမှာပါ။

ဒီဇိုင်းနဲ့ ဘော်ဒီဖွဲ့စည်းမှုဟာ Xperia 10 စတိုင် အပေါ် Bezel ဘောင်အထူနဲ့ အောက်ခြေဘောင်အပါး သုံးထားပါတယ်။ အပေါ် Bezel ထဲမှာ 8MP ဆယ်လ်ဖီကင်မရာထည့်သွင်းထားပါတယ်။ ဘက်ထရီပါဝါ 2870mAh နဲ့အတူ အားသွင်းဖို့အတွက် USB Type C နဲ့ သီချင်းနားထောင်ဖို့ 3.5mm audio jack တစ်ခု ပါရှိပါတယ်။

သုံးထားတဲ့ Processor ဟာ ပြီးခဲ့တဲ့ သုံးနှစ်လောက်က ထွက်ထားတဲ့ Snapdragon 630 SoC ဖြစ်ပြီး Graphics အတွက် Adreno 508 သုံးထားပါတယ်။ RAM 4GB/64GB storage နဲ့ လာပြီး microSD card slot ကနေ storage ကို ထပ်မြှင့်နိုင်မှာပါ။ OS ကိုလည်း Android 9 Pie ကိုပဲ သုံးထားတာပါ။



ကျောဘက်အလယ်မှာ အလျားလိုက် Dual Cameras ပါရှိပြီး ကင်မရာရဲ့အပေါ်မှာ LED flash မီးတပ်ဆင်ထားပါတယ်။ ကင်မရာအနေနဲ့ 12MP primar sensor နဲ့ 2x Zoom ဆွဲရိုက်နိုင်မယ့် 8MP telephoto lens တို့ ပါရှိပါတယ်။ အရောင်အနေနဲ့ အနက် ၊ အဖြူ နှစ်ရောင်ပဲ ထွက်လာမှာပါ။

Sony Xperia 8 Lite ကို စက်တင်ဘာ ၁ ရက်နေ့ တင်ပို့ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်း ယန်း ၂၉၈၀၀ (မြန်မာငွေ ၃ သိန်း ၈ သောင်းခန့်) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က