လက်တင်အမေရိက ၊ ဥရောပနဲ့ အာရှဈေးကွက်တွေမှာ မိတ်ဆက်သွားမှာပါ

Motorola ရဲ့ ဈေးသက်သာတဲ့ budget lineup တန်းဝင် Moto E6s ထွက်လာပြီ ဖြစ်ပါတယ်။

Peacock Blue နဲ့ Sunrise Red ကာလာ ၂ ရောင်နဲ့ လာတဲ့ Moto E6s ဟာ ပြီးခဲ့တဲ့ ၆ လလောက်က အိန္ဒိယဈေးကွက်မှာ မိတ်ဆက်ခဲ့တဲ့ Moto E6s နဲ့ မတူတဲ့ ဖုန်းသစ်တစ်လုံး ဖြစ်ပါတယ်။ အိန္ဒိယမှာ မိတ်ဆက်ခဲ့တဲ့ Moto E6s ဟာ Moto E6 Plus ကိုမှ တံဆိပ်ပြောင်း ထုတ်ထားတာပါ။



Photo: xda-developers

Moto E6s သစ်ဟာ မျက်နှာပြင် ၆.၁ လက်မ HD+ display နဲ့လာပြီး 720p ရုပ်ထွက် ပါရှိပါတယ်။ ကိုယ်ထည်ဟာ ပလတ်စတစ်နဲ့ လုပ်ထားပြီး တော်ရုံရေစင်တဲ့ ဒဏ်ကို ခံနိုင်အောင် ဒီဇိုင်း ထုတ်ထားတာပါ။ waterdrop notch ကိုပဲ သုံးထားပြီး 5MP selfie ကင်မရာ နဲ့ လာပါတယ်။

ဘက်ထရီပါဝါဟာ 3000 mAh ဖြစ်ပြီး microUSB ကနေ တစ်ဆင့် 5W charging ပံ့ပိုးပေးထားပါတယ်။ ကျောဘက်မှာ 13MP + 2MP depth sensor နှစ်လုံးတွဲကင်မရာနဲ့အတူ Motorola လိုဂိုပါ fingerprint scanner လည်း တပ်ဆင်ထားပါတယ်။ processor အနေနဲ့ Helio P22 chipset သုံးထားပြီး RAM 2GB/32GB storage ပဲ ပါရှိပါတယ်။

Moto E6s ဟာ stock Android 9 Pie စနစ်နဲ့ လာပြီး လက်တင်အမေရိက ၊ ဥရောပနဲ့ အာရှဈေးကွက်တွေမှာ မိတ်ဆက်သွားမှာပါ။ လောလောဆယ် ဈေးနှုန်း ကြေညာခြင်း မရှိသေးပါဘူး။ အိန္ဒိယမှာ မိတ်ဆက်သွားတဲ့ Moto E6 Plus/E6s (RAM 4GB/64GB storage) ကို ရူပီး ၇၉၉၉ (မြန်မာငွေ ၁ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က