8K Video recording ရတဲ့ ဖုန်းပါ

LG ရဲ့ အသစ်ထွက်လာတဲ့ V-series စမတ်ဖုန်းသစ်ဟာ အဆင့်မြှင့်ထားတဲ့ Dual Screen ၊ ပိုကြီးလာတဲ့ ဘက်ထရီပါဝါနဲ့ 5G ကွန်ရက်ချိတ်ဆက်မှုတွေ ပါဝင်လာပါတယ်။


LG V60 ThinQ 5G ဟာ mmWave နဲ့ sub-6GHz 5G ကွန်ရက်နှစ်မျိုးစလုံးကို ပံ့ပိုးနိုင်တဲ့ Qualcomm ရဲ့ X55 modem ပါ Snapdragon 865 chipset သုံးထားပါတယ်။ 5G ကွန်ရက်ချိတ်ဆက်မှုအပြင် အရင်နှစ်က ထွက်ခဲ့တဲ့ LG V50 ThinQ နဲ့ LG G8X ThinQ တို့လိုမျိုး ဖုန်းမှာ အရန် display အဖြစ် Dual Screen case နဲ့ ထွက်လာတာပါ။






LG ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် flagship ဖုန်းမှာ အသံ ၊ ဗွီဒီယိုနဲ့ ကင်မရာစွမ်းဆောင်ရည်များလည်း မြှင့်ထားပါတယ်။ ကျောဘက်မှာ ပုံရိပ်တောက်ပကြည်လင်မှု ပိုမို မြင့်မားစေဖို့ OIS ရုပ်ငြိမ်စနစ်သုံးထားတဲ့ 64MP main camera ၊ 13MP wide-angle lens အပြင် ToF sensor တစ်လုံး ပါရှိပါတယ်။ LG V60 ThinQ 5G ဟာ manual mode ထဲမှာ ပါတဲ့ HDR10+ ပံ့ပိုးမှုနဲ့ 8K video recording ဖမ်းယူနိုင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

အသံစနစ်မှာလည်း ဘေးပတ်ဝန်းကျင်က ဆူညံသံတွေကို စစ်ထုတ်ပြီးသုံးစွဲသူရဲ့ အသံကို ခွဲထုတ်ဖမ်းယူပေးမယ့် Voice Bokeh စနစ် ပါရှိပါတယ်။ နောက်တစ်ခုက LG OLED TV တွေမှာ ပထမဆုံး မိတ်ဆက်လိုက်တဲ့ အသံဖမ်းယူမှု နည်းပညာ LG 3D Sound Engine စနစ် ထည့်ပေးထားတာပါ။

မျက်နှာပြင်အရွယ်အစားဟာ ၆.၈ လက်မရှိပြီး FHD+ OLED panel သုံးထားပါတယ်။ waterdrop notch ဒီဇိုင်းပဲ သုံးထားပြီး notch ထဲမှာ 10MP selfie ကင်မရာ ပါရှိပါတယ်။ display အောက်မှာ fingerprint scanner ထည့်သွင်းထားပြီး အပေါ်မှာ Gorilla Glass 5 အုပ်ထားပါတယ်။ အကြမ်းခံမှုမှာ စစ်တပ်စံဖြစ်တဲ့ MIL-STD 810G စံချိန်မှီတဲ့ ဖုန်းဖြစ်ပြီး ရေစိုခြင်းနဲ့ ဖုန်တင်တဲ့ ဒဏ်ကို IP68 rating နှုန်းအထိ ခံနိုင်ရည် ရှိမှာပါ။

LG V60 ThinQ 5G နဲ့ တွဲဖက် အသုံးပြုနိုင်မယ့် Dual Screen မှာလည်း 360 Freestop Hinge ပတ္တာစနစ်သုံးထားပြီး screen size ဟာ ၆.၈ လက်မ FHD+ OLED panel အဖြစ် အဆင့်မြှင့်ထားပါတယ်။ သတင်းအချက်အလက်တွေ အလွယ်တကူကြည့်နိုင်စေဖို့ Always-On လုပ်ဆောင်ချက်တွေ လုပ်နိုင်မယ့် ၂.၁ လက်မအရွယ် Cover panle ငယ်တစ်ခုလည်း ပါရှိပါတယ်။

Photo: gsmarena


အရန် Screen နဲ့ ဖုန်းကို USB C port ကနေ ချိတ်ဆက်နိုင်မှာပါ။ ဘက်ထရီပါဝါကိုလည်း 5000 mAh အကြီးစား သုံးထားတာ ဖြစ်လို့ စိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်သလို Quick Charge 4+ နဲ့ wireless charging စနစ်တို့လည်း ပံ့ပိုးပေးထားပါတယ်။ WiFi ကွန်ရက်ချိတ်ဆက်မှုမှာ နောက်ဆုံးပေါ် Wi-Fi 6 နည်းပညာနဲ့ လာပါတယ်။

LG V60 ThinQ 5G ဟာ Classy Blue နဲ့ Classy White နှစ်ရောင်နဲ့ ထွက်ထားပါတယ်။ RAM 8GB ၊ 128GB/256GB storage ဗားရှင်းတွေနဲ့ ဖြန့်ချိထားပြီး ဈေးနှုန်းတော့ ကြေညာထားခြင်း မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က