GPU သစ် processor သစ်နဲ့ လာတာပါ

Asus ဟာ ROG ဂိမ်းစီးရီးနဲ့ dual screen သုံး Gaming လက်ပ်တော့သစ်ကို မိတ်ဆက်လိုက်ပါတယ်။

အရင်နှစ်တွေကတည်းက Asus ဟာ dual screen လက်ပ်တော့တွေ မိတ်ဆက်ခဲ့တာပါ။ အခုထွက်လာတဲ့ Asus ROG Zephyrus Duo 15 ကလည်း Zenbook Pro Duo နဲ့ Zenbook Duo တို့လို အရန် screen ပိုတစ်ခု ပါလာပါတယ်။ ပိုထူးခြားတာက Gaming အတွက် သီးသန့် brand လုပ်ပြီး ထွက်လာတဲ့ ပထမဆုံး dual-screen ပါ Gaming လက်ပ်တော့ ဖြစ်နေတာပါပဲ။





ROG Zephyrus Duo 15 ဟာ ၁၅.၆ လက်မ main screen ပါရှိပြီး 4K 60Hz panel (ဒါမှမဟုတ်) 1920 x 1080p 300Hz panel ရွေးသုံးနိုင်မှာပါ။ Adobe RGB color space ၁၀၀% ပါရှိမယ်လို့ Asus က ပြောထားပါတယ်။ အရန် screen ကတော့ ဂိမ်မာတွေ အကြိုက် ဖြစ်မှာပါ။ Secondary display ဟာ ကီးဘုတ်အပေါ်ဘက် ထက်ဝက်ခန့်မှာ တပ်ဆင်ထားတာပါ။

screen screen ဟာ ၁၄.၁ လက်မ 60Hz touch screen နဲ့ လာပြီး 3840 x 1100 resolution ပါရှိပါတယ်။ screen ဟာ လက်ပ်တော့ panel ကို ဖွင့်လိုက်ချိန်မှာ ၁၃ဒီဂရီ တက်လာမှာ ဖြစ်ပြီး လက်ပ်တော့သုံးချိန်မှာ အနှောင့်အယှက် မဖြစ်ဘဲ screen နှစ်ခုစလုံးက သက်တောင့်သက်သာနဲ့ ပုံစံကျနေမှာ ဖြစ်ပါတယ်။

ဒုတိယ screen ဖွင့်ချိန်မှာ laptop ပန်ကာက အပေါ်ကနေ လေကို ယူပြီး စက်အတွင်း အပူချိန်မြင့်မားမှုကို ထိန်းချုပ်သွားမှာပါ။ screen screen ဟာ in-game overlays တွေ အလွယ်သုံးနိုင်အောင် ထုတ်ထားတာ ဖြစ်ပြီး Twitch ကိုလည်း အောက်ခြေ display ကနေ ဖွင့်ပြီး ဂိမ်းကစားတာကို Live stream လုပ်နိုင်မှာပါ။

Asus ဟာ special interface နဲ့ dual-screen အထိန်းစနစ်အတွက် content တွေ ဖန်တီးဖို့ developers တွေနဲ့လည်း ပူးပေါင်းထားပါတယ်။ special content-creation tools အတွက် Adobe နဲ့လည်း ပူးပေါင်းထားသလို LOL ၊ Fortnite နဲ့ CS:GO အတွက် app တွေ ဖန်တီးဖို့ Overwolf နဲ့လည်း ပူးပေါင်းထားတယ်လို့ ဆိုပါတယ်။


Photo: wccftech

Duo 15 ဟာ Thunderbolt 3 ကို ထောက်ပံ့ပေးတဲ့ USB-C port ကနေ အားသွင်းနိုင်မယ့် 90Wh ဘက်ထရီ ၊ 4K screen ၊ Intel Core i9-10980HK processor သစ် ၊ 32GB RAM ၊ 2TB storage (RAID) နဲ့ Nvidia RTX 2080 Super GPU သစ်တို့ ပါဝင်ပါတယ်။ ဇွန် ၁ ရက်နေ့မှာ ဒီလက်ပ်တော့ကို ဒေါ်လာ ၃၇၀၀ (မြန်မာငွေ ၅၂ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

300Hz နဲ့ နောက်ထပ် ဗားရှင်းနှစ်မျိုးလည်း လာပါတယ်။ ဇွန် ၂၉ ရက်နေ့မှာ ရောင်းချသွားမယ့် မော်ဒယ်နှစ်ခုကတော့ Core i9-10980HK ၊ RTX 2080 Super ၊ RAM 16GB/1TB Storage (PCIe) ၃၄၉၉ ဒေါ်လာ(မြန်မာငွေ ၄၉ သိန်းကျော်) နဲ့ Core i7-10875H ၊ 32GB RAM ၊ 2TB storage (RAID) နဲ့ RTX2070 Super မော်ဒယ် ဒေါ်လာ ၃၀၀၀ (မြန်မာငွေ ၄၂ သိန်းကျော်) ဈေး သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က