CPU speed ပိုမြင့်လာပါတယ်

ထိုင်ဝမ် ချပ်စ်ကုမ္ပဏီ MediaTek ကတော့ နောက်ထပ် တန်ဖိုးသင့် mid-range 5G Processor သစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

MediaTek ဟာ နှစ်ဆန်းပိုင်းက Dimensity 800 chipset ကို ကြေညာခဲ့ပါတယ်။ ဒီ chip ဟာ ကုမ္ပဏီရဲ့ ပထမဆုံး mid-range 5G Processor ဖြစ်ပါတယ်။ MediaTek ထုတ် chipset တွေကို တရုတ်နိုင်ငံဈေးကွက်မှာ မိတ်ဆက်ထားတဲ့ Huawei တန်ဖိုးသင့် ဖုန်းတွေမှာလည်း တွေ့ရမှာပါ။ 



Photo: GSMArena


Dimensity 800U processor ဟာ 5G modem ပါရှိပြီး အရင် Dimensity 800 SoC ထက် CPU speed ပိုမြန်လာပါတယ်။ Dimensity 800 လိုပဲ Dimensity 800U ဟာ TSMC ရဲ့ 7nm process ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး dual big core မြန်နှုန်း 2.0GHz ကနေ 2.6GHz ကို မြှင့်ထားပါတယ်။

နှစ်ဆန်းပိုင်းက ထွက်ထားတဲ့ Dimensity 800 မှာ မပါတဲ့ 5G+5G dual SIM support စနစ်လည်း ပါဝင်လာပါတယ်။ GPU မှာတော့ Mali-G57 MC4 graphics ကနေ Mali-G57 MC3 ကို လျှော့ချထားပါတယ်။ display refresh rate အနေနဲ့ FHD+ resolution (120Hz refresh rate) ပံ့ပိုးထားပါတယ်။

ကင်မရာ sensor ကို 64MP အထိ ပံ့ပိုးထားပြီး 4K video ကို 30fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ MediaTek Dimensity 800 series ဟာ mid-ranger ဖုန်းတွေအတွက် ထုတ်ထားတာ ဖြစ်ပြီး အခု processor သစ်ကို ဘယ်ဖုန်းမှာ ပထမဆုံး သုံးသွားမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က