90Hz display နဲ့ 5000 mAh ဘက်ထရီကလည်း စိတ်ဝင်စားစရာပါ

Realme ရဲ့ပထမဆုံး V series ဟာ ထွက်ထားသမျှ 5G ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးလို့ ဆိုရမှာပါ။

Realme V5 ဟာ ထူးခြားမှုတွေ အပြည့်နဲ့ ဘက်ဂျက်ဖုန်းလို့ ပြောရင် မမှားပါဘူး။ 90Hz display ၊ 48MP Quad Cameras နဲ့ 5000 mAh ဘက်ထရီပါဝါတွေကလည်း ဒီဖုန်းကို လေးစားလောက်တဲ့ mid-ranger 5G ဖုန်းအဖြစ် တွေ့မြင်စေမှာပါ။ ရှေ့ဘက်မှာ ခေတ်ပေါ် punch-hole ကင်မရာပေါက်နဲ့အတူ အကြီးစား ၆.၅ လက်မ LCD panel ကို သုံးထားပါတယ်။



Photo: GSMArena


20:9 aspect ratio နဲ့ လာတဲ့ ဒီဖုန်းဟာ 90Hz refresh rate နဲ့ 180Hz touch sampling rate တို့ ပါရှိပါတယ်။ ဘေးဘောင် ပါဝါခလုတ်ဟာ fingerprint scanner အဖြစ်လည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။အပေါ်ဘယ်ထောင့်မှာ ရှိတဲ့ punch-hole ပေါက်ထဲမှာ 16MP selfie ကင်မရာ သုံးထားပါတယ်။

ကျောဘက်မှာ ထောင်လိုက် စတုဂံကင်မရာကွက်နဲ့ လာပြီး 48MP main sensor ၊ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MP ultrawide lens ၊ 2MP macro lens နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ ကျောဘက် Quad cameras တွေဟာ Super Night Scene mode ၊ Panorama ၊ Bokeh လုပ်ဆောင်ချက် ၊ ultrawide angle video recording ၊ 1080p slow-motion ဗွီဒီယိုတွေကို 120fps နဲ့ ရိုက်ကူးနိုင်စွမ်း ၊ 4K video recording စနစ်တွေ သုံးနိုင်မှာပါ။

dual-mode 5G ပံ့ပိုးနိုင်တဲ့ MediaTek Dimensity 720 processor ၊ RAM 4GB/128GB storage နဲ့ ထွက်ထားပြီး ဘက်ထရီသက်တမ်း ပိုကောင်းမွန်စေပြီး အွန်လိုင်းသုံးမှုကို ပိုမိုချောမွေ့စေဖို့ 5G နဲ့ LTE အကြား ပြောင်းပေးနိုင်မယ့် Smart 5G လုပ်ဆောင်ချက် ပါဝင်ပါတယ်။ အသံပိုင်းအတွက် Dolby Atmos ထောက်ခံချက်ရ Hi-Res အသံစနစ်နဲ့ လာပါတယ်။


Photo; newsedgepoint

Realme V5 5G ဟာ 30W SuperDart charger သုံးထားတဲ့ 5000mAh ဘက်ထရီ ပါရှိပြီး ၆၅ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါကြီးတဲ့ ဖုန်းဖြစ်ပြီး တစ်ခြားဖုန်းတွေကိုလည်း power bank တစ်လုံးမျိုး အားပြန်သွင်းပေးနိုင်မယ့် Reverse Charging လုပ်ဆောင်ချက် ပါရှိပါတယ်။ 

Silver Wing Boy ၊ Breaking Light (Green) နဲ့ Blue ကာလာ ၃ ရောင်နဲ့ လာပြီး RAM 6GB/128GB storage အတွက် ၁၄၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခန့်)ဈေးနဲ့ ရောင်းချသွားမှာပါ။ RAM 8GB/128GB storage ဗားရှင်းကိုတော့ ၁၈၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၇ သောင်း) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က