မြန်မာငွေ ၆ သောင်းဝန်းကျင်တန် တီရှပ်ပါ
Nyein Min Wai

Xiaomi ကနေ မြန်မာငွေ ၆ သောင်းခန့်တန်တဲ့ စမတ်တီရှပ်သစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Xiaomi ဟာ ဩဂုတ်လဆန်းပိုင်းမှာ နည်းပညာထုတ်ကုန်သစ်တစ်မျိုးအတွက် လူအများကြီးဆီက ရံပုံငွေတွေ ရယူတဲ့ Crowdfunding ကမ်ပိန်းတစ်ခု လုပ်ခဲ့ပါတယ်။ ဒီကမ်ပိန်းကနေ Mijia Sports ECG T-Shirts ကို ကြေညာခဲ့ပါတယ်။ 

Photo: tekdeeps

နာမည်အတိုင်းပဲ ဒီတီရှပ်ဟာ ECG နည်းပညာထည့်သွင်းထားပြီး ဝတ်ဆင်သူရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးနေမှာပါ။ တီရှပ်ရဲ့ ရင်ဘတ်အလယ်နေရာမှာ ECG Module တစ်ခု ပါရှိပြီး လူရဲ့ နှလုံးခုန်နှုန်းကနေ ထွက်လာတဲ့ Micro signal တွေကို ဖမ်းယူပေးပါတယ်။ 

ဒီ signal အချက်ပြတွေကို COTECH Sensor fiber တွေကနေ တိုက်ရိုက် ဖမ်းယူတာ ဖြစ်လို့ အချက်အလက် ရယူရာမှာ ပုံမှန် optical sensor တွေထက် ပိုပြီး တိကျမှု ရှိတယ်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ Mijia Sports ECG T-Shirt ဟာ တစ်စက္ကန့်မှာ အကြိမ် ၂၅၀ နှုန်း Sampling rate နဲ့အတူ စက္ကန့် ၆၀ တစ်ခါ Real Time ဒေတာတွေကို မှတ်တမ်းတင်ပေးပါတယ်။


Photo: tekdeeps

ECG Module မှာ LED indicator တစ်ခု ပါရှိပြီး နှလုံးခုန်နှုန်းပုံစံတွေ ပြသပေးတဲ့အပြင် ကိုယ်လုပ်နေတဲ့ အားကစားပုံစံပေါ် လိုက်ပြီး မတူညီတဲ့ အခြေအနေတွေမှာ ကွဲပြားမှုကိုလည်း ပြသပေးနိုင်ပါတယ်။ ဒီရှပ်ဟာ ဆွဲဆန့်မှုဒဏ်ခံနိုင်ပြီး အားကစားလုပ်ချိန် လှုပ်ရှားမှုတွေကို အထောက်အကူပြုနိုင်ဖို့ Lightweight ထုတ်ထားတာပါ။ 

တီရှပ်ကို လျှော်ဖွပ်ချိန်မှာ ECG Sensor ကို ဖြုတ်ထားရမှာ ဖြစ်ပါတယ်။ Crowdfunding ကမ်ပိန်းမှာ ၂၄၉ ယွမ် (မြန်မာငွေ ၄ သောင်း ၉ ထောင်ခန့်) ဈေးနဲ့ ရောင်းချခဲ့ပြီး ကမ်ပိန်းအပြီးမှာ ယွမ် ၃၀၀ (မြန်မာငွေ ၅ သောင်း ၈ ထောင်ကျော်) နဲ့ ရောင်းချမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က