အရင် Pixelbook တို့နဲ့မတူတော့ပါဘူး
Nyein Min Wai

Google ရဲ့ တန်ဖိုးနည်း Chromebook လက်ပ်တော့သစ် Pixelbook Go ဟာ high-end upgrades တွေနဲ့ထွက်လာပြီ ဖြစ်ပါတယ်။

Pixelbook Go ရဲ့ ထူးခြားမှုက သူ့အရင် ထွက်ထားတဲ့ Pixelbook နဲ့Pixel Slate တို့လို တက်ဘလက်မဟုတ်သလို ၃၆၀ ဒီဂရီ ပတ္တာလည်း မပါပါဘူး။ Google Pixelbook လို Pixel Slate တို့လို Google Stylus သုံးလို့လည်း မရပါဘူး။ ဒါပေမယ့် ၉၉၉ ဒေါ်လာတန် Pixelbook ထက် ဈေးအများကြီး သက်သာပါတယ်။

Photo: 9to5google

Google Pixel 4 စမတ်ဖုန်းသစ်တွေနဲ့အတူ မိတ်ဆက်လိုက်တဲ့ Google Pixelbook Go ဟာ ပိုမိုပေါ့ပါး ကောင်းမွန်ပြီး ဈေးပိုသက်သာတဲ့ Chrome လက်ပ်တော့အဖြစ် ဒီဇိုင်းထုတ်လိုက်တာပါ။ Google Pixelbook Go ဟာ မျက်နှာပြင် ၁၃.၃ လက်မ ရှိပြီး ၂.၄ ပေါင်ပဲ လေးပါတယ်။ touchpad ပိုကြီးလာပြီး ကိုင်လိုက်ကောင်းအောင် လက်ပ်တော့အောက်ခြေမှာ texture အကြမ်းပုံစံသစ် သုံးထားပါတယ်။

ဒီဇိုင်းပိုင်း ဆန်းသစ်မှုအနေနဲ့သိသာတဲ့ အပြောင်းအလဲတစ်ခုက ရှေ့ဘက် မျက်နှာပြု စပီကာ ၂ လုံးနဲ့built-in mics ၂ ခု ပါရှိတာပါပဲ။ screen ရဲ့ အပေါ်ဘက် 2MP ကင်မရာဟာ video call ခေါ်ဆိုချက်အပြင် Google Duo ကနေ group chat လုပ်နိုင်မှာပါ။ display အနေနဲ့Full HD display နဲ့တန်ဖိုးကြီးမော်ဒယ်မှာ 4K Molecular Display ဆိုပြီး နှစ်မျိုးနဲ့ထုတ်ထားပါတယ်။

Photo: androidauthority


USB C port နှစ်ခုနဲ့လာပြီး RAM 8GB နဲ့16GB နှစ်မျိုး ရှိပြီး storage ကိုတော့ 64GB ၊ 128GB နဲ့256GB ဆိုပြီး ၃ မျိုး ထွက်ပါတယ်။ Titan C chip ၊ WiFi နဲ့Bluetooth အစိတ်အပိုင်းတွေကတော့ Pixel Slate အတိုင်း ဖြစ်ပြီး processor ကို Intel Core M3 ၊ i5 နဲ့i7 processor ဆိုပြီး ထွက်ထားပါတယ်။

Just Black နဲ့Not Pink ကာလာ နှစ်ရောင်နဲ့ထွက်ထားပြီး အနိမ့်ဆုံး Pixelbook Go ကို ၆၄၉ ဒေါ်လာ ( မြန်မာငွေ ၉ သိန်း ၉ သောင်းကျော်) နဲ့အမြင့်ဆုံး မော်ဒယ်ဖြစ်တဲ့ Intel Core i7 မော်ဒယ် RAM 16GB/256GB storage ကို ၁၃၉၉ ဒေါ်လာ ( မြန်မာငွေ ၂၁ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


က္က