Android Pie နဲ့လာတဲ့ ဖုန်းပါ

ဆန်းသစ်တဲ့ water drop notch ဒီဇိုင်းနဲ့အလတ်တန်းစား processor စစ်စစ် သုံးထားတဲ့ Lenovo ဖုန်းတစ်မျိုး ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။

Photo: GSMArena



         Lenovo Z5s ဟာ ကုမ္ပဏီထုတ် ဖုန်းတွေထဲမှာ ပထမဆုံး waterdrop လို့ခေါ်တဲ့ ကင်မရာနေရာပဲ ကွက်ကွက်ချန်ထားတဲ့ notch ဒီဇိုင်းသုံးထားတဲ့ ဖုန်းပါ။ နောက်တစ်ချက်က ဒီဖုန်းဟာ Lenovo ရဲ့ ပထမဆုံး triple lens သုံး စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ ဒီဖုန်းကို ဂိမ်းဖုန်းလို့တောင် ခေါ်နိုင်ပါတယ်။ အကြောင်းကတော့ ဖုန်းကို အကြာကြီး သုံးရတာမျိုးမှာ heat မတက်စေအောင် ထိန်းချုပ်စီမံပေးနိုင်တဲ့ Game Turbo နည်းပညာ ပါလာလို့ပါ။

         တကယ်တမ်းမှာတော့ Lenovo Z5s ဟာ high-end specs တွေ အတော့်ကို သုံးထားတဲ့ အလတ်တန်းဖုန်းဆိုလည်း မမှားပါဘူး။ မျက်နှာပြင် ၆.၃ လက်မအရွယ် Lenovo Z5s ဟာ 19.5:9 ratio ဒီဇိုင်းကြောင့် ရှည်သွယ်တဲ့ ကိုယ်ထည်နဲ့လာပြီး 1080p ရုပ်ထွက်ပါရှိတဲ့ ဖုန်းပါ။ mid-range ဖုန်းတွေထဲမှာ Lenovo Z5s ရဲ့ specs က လေးစားလောက်ပါတယ်။

         သုံးထားတဲ့ processor ဟာ Qualcomm ရဲ့ mid-range processor ဖြစ်တဲ့ Snapdragon 710 Processor ဖြစ်လို့အင်တာနက် ချိတ်ဆက်မှု သိပ်မြန်လာပြီး ဂိမ်းကစားတာ ၊ ဘက်ထရီပါဝါအစား သက်သာတာ စတဲ့ overall performance ပိုင်းမှာ အရင် Snapdragon 660 SoC တွေထက် ၂၀% ပို သွက်လာမှာပါ။ ဒါတင်မဟုတ်ဘဲ machine learning နဲ့တစ်ခြား AI features စနစ်ပိုင်း ပံ့ပိုးမှုတွေမှာလည်း ပိုပြီး သာလာတဲ့ processor ဖြစ်ပါတယ်။

         Lenovo Z5s ရဲ့ key feature တွေထဲက တစ်ခုက ကင်မရာပါ။ အလတ်တန်းစား ဈေးနဲ့မလိုက်အောင် သုံးထားတဲ့ ကင်မရာစနစ်က လန်းပါတယ်။ ကျောဘက်မှာ 16MP wide-angle lens ၊ 2x optical zoom ဆွဲနိုင်မယ့် 8MP tele lens နဲ့depth sensing အတွက် 5MP ကင်မရာ တို့ကို သုံးထားပါတယ်။ ကင်မရာပိုင်းမှာ PDAF တင်မဟုတ်ဘဲ 4K video recording ရတာ ၊ dual LED flash တွေ ပါလာတာကလည်း အားရစရာပါ။

         လုံခြုံရေးစနစ်အနေနဲ့ကျောဘက်မှာ fingerprint sensor ပါလာသလို ရှေ့ဘက် 16MP ကင်မရာကလည်း Face Unlock စနစ် သုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် အားသာချက်က ZUI 10.0 ပါဝင်လာတဲ့ နောက်ဆုံးထွက် Android 9 Pie ကို သုံးသွားတာပါ။ ဒါတင်မဟုတ်ဘဲ USB Type C ကနေ 15W charging ဝင်တဲ့ 3300 mAh ဘက်ထရီ ပါလာတာကလည်း ဖုန်းအမြန်အားသွင်းလိုသူတွေအတွက် အကြိုက်တွေ့မှာပါ။

Photo: BGR India

         Lenovo Z5s ကို Starry Gray ၊ Titanium Crystal Blue နဲ့Honey Love Orange ကာလာတွေနဲ့ထုတ်ထားပြီး storage သုံးမျိုးနဲ့လာပါတယ်။ RaM 4GB/64GB storage ဗားရှင်းကို ၁၃၉၈ ယွမ် (မြန်မာငွေ ၃ သိန်း ၂ သောင်းခန့်) ဈေး နဲ့RAM 6GB/64GB storage ကို ၁၅၉၈ ယွမ် (မြန်မာငွေ ၃ သိန်းခွဲကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။ အမြင့်ဆုံးမော်ဒယ် ဖြစ်တဲ့ RAM 6GB/128GB ဗားရှင်းကို ၁၈၉၈ ယွမ် (မြန်မာငွေ ၄ သိန်း ၄ သောင်းခန့်) ဈေးနဲ့ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဝယ်ယူနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က