ကမ္ဘာပေါ်မှာ ပထမဆုံး ကျောဘက်ကင်မရာ ၅ လုံးနဲ့ဖုန်းပါ

ကမ္ဘာပေါ်မှာ ကျောဘက်ကင်မရာ အများဆုံး သုံးမယ်လို့သတင်းပြေးနေတာ ကြာပြီ ဖြစ်တဲ့ Nokia 9 PureView ကို MWC ပွဲနဲ့အတူ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။          

         penta lens လို့ခေါ်တဲ့ ငါးလုံးတွဲကင်မရာစနစ်ကို စပြီး သုံးလာတဲ့ Nokia 9 PureView မော်ဒယ်ဟာ HMD Global ထုတ် စမတ်ဖုန်းတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးနဲ့ဈေးကွက်ထဲ အရဲရင့်ဆုံး ထိုးဖောက်လာတဲ့ ဖုန်းလို့ပြောနိုင်ပါတယ်။ Nokia 9 PureView ဟာ ဈေးကွက်ထဲ ရောက်ဖို့အတွက်လည်း နှစ်ပေါင်း တော်တော်ကြာခဲ့သလို ဈေးကွက်ထဲ မိတ်ဆက်ချိန်မှာလည်း limited edition လို့ခေါ်တဲ့ အလုံးရေ အကန့်အသတ်နဲ့ပဲ ထုတ်မယ်လို့ကြေညာထားတဲ့ ဖုန်း ဖြစ်ပါတယ်။



Photo: CNET

         Nokia 9 PureView ကို ဈေးကွက်မှာ အရဲရင့်ဆုံးဖုန်းအဖြစ် ပြောရတဲ့ အကြောင်းအရင်းတစ်ခုက ဒီဖုန်းဟာ ပင့်ကူမျက်လုံးစတိုင် ကမ္ဘာပေါ်မှာ ပထမဆုံး ကင်မရာ ၅ လုံး သုံးတဲ့ ဖုန်းအဖြစ် ဝင်ရောက်လာလို့ပါ။ ကင်မရာဖွဲ့စည်းပုံကလည်း စက်ဝိုင်းပုံစံ ကင်မရာတွေ ဖြစ်ပြီး dual-tone LED flash နဲ့နောက်ထပ် ဆဌမမြောက်ကင်မရာလို့ပြောနိုင်တဲ့ ToF (Time of Flight) Sensor လည်း ပါဝင်ပါတယ်။

         ToF sensor ဟာ Vivo NEX 2 ကနေ စပြီး ၂၀၁၉ high-end မော်ဒယ်တွေမှာ ၃ မီတာ ပတ်လည်အကွာက အရာဝတ္ထုတွေကို 3D ပုံဖော်စနစ်နဲ့စကင်လှမ်းဖတ်နိုင်တဲ့ အာရုံခံစနစ်လည်း ဖြစ်ပါတယ်။ ကျန်တဲ့ ကင်မရာ ၅ လုံးကတော့ 12MP ကင်မရာ ဖြစ်ပြီး ဒီကင်မရာထဲက ၂ လုံးဟာ RGB ကင်မရာစနစ်သုံးနိုင်ပြီး ကျန်တဲ့ ၃ လုံးကတော့ အဖြူအမည်းကင်မရာတွေ ဖြစ်ပါတယ်။

         ဒီကင်မရာအားလုံးဟာ HDR ရုပ်ထွက်နဲ့ပုံအနီးအဝေးကို အခြေပြုတဲ့ ဖုန်းကင်မရာနည်းပညာကို အကောင်းဆုံး သုံးနိုင်မယ့် ဖုန်းတွေ ဖြစ်ပါတယ်။ ကင်မရာရဲ့ ဖွဲ့စည်းမှုအတွက် Zeiss နဲ့Light တို့ပေါင်းပြီး ထုတ်ထားတာပါ။ Light ဟာ multilens စနစ်တွေ ထုတ်တဲ့ စမတ်ဖုန်းကင်မရာကုမ္ပဏီဖြစ်ပြီး ကင်မရာပေါင်း ၁၆ လုံး သုံးတဲ့ L16 cameras စနစ်ကို မိတ်ဆက်ထားတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

         မျက်နှာပြင် ၅.၉၉ လက်မ pOLED display နဲ့လာတဲ့ ဒီဖုန်းဟာ 2880 x 1440 resolution နဲ့pixel density အနေနဲ့537ppi ပါရှိပါတယ်။ biometric လုံခြုံရေးစနစ်အနေနဲ့Nokia 9 PureView မော်ဒယ်ဟာ in-screen fingerprint scanner ပါရှိပြီး မှန်ကိုယ်ထည်ကိုတော့ Gorilla Glass 5 နဲ့အုပ်ထားတာပါ။

Photo: GSMArena

         hardware ပိုင်းအနေနဲ့ဒီဖုန်းဟာ ၂၀၁၇ ခုနှစ်က ထွက်ထားတဲ့ flagship processor ဖြစ်တဲ့ Snapdragon 845 processor သုံးထားပြီး RAM 6GB.128GB storage ပါရှိပါတယ်။ ဒီဖုန်းဟာ Qi စံနှုန်းရှိတဲ့ 10W Wireless charging နဲ့လာပြီး 3320 mAh ဘက်ထရီ သုံးထားတာပါ။ Nokia 9 PureView ဟာ ရေစို/ဖုန်တင်နိုင်တဲ့ ဒဏ်ကို IP67 rating ထိ ခံနိုင်ရည်ရှိမယ်လို့ဆိုပါတယ်။

         ဒီဖုန်းရဲ့ အထူးခြားဆုံးတစ်ခုက flagship ဖုန်းတစ်လုံးအနေနဲ့မထင်လောက်အောင် ဈေးချိုတာပါ။ Nokia 9 PureView ကို ဈေးကွက်မှာ ၆၉၉ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်း ၆ သောင်းကျော်) နဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က