၂၀၁၉ မှာ မိတ်ဆက်ခဲ့တဲ့ ‌‌‌ဈေးအသင့်ဆုံး 5G စမတ်ဖုန်း‌‌တွေပါ

၂၀၂၀ မှာ မြန်မာငွေ ၄ သိန်းခွဲလောက်နဲ့ 5G ဖုန်းတွေ ဝယ်နိုင်တော့မှာပါ။

5G ဖုန်းနဲ့ ပတ်သက်ရင် တရုတ်စမတ်ဖုန်း maker တွေက အဓိက key players တွေလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံး ဈေးကွက်ဝင် 5G ဖုန်းကတော့ Galaxy S10 5G ပါ။ ပဉ္စမမျိုးဆက် ကွန်ရက်နည်းပညာ 5G သုံးထားတဲ့ ဖုန်းတိုင်းဟာ အမြင့်ဈေးနဲ့လာပါတယ်။ ဒါပေမယ့် upper mid-range လို့ သတ်မှတ်နိုင်တဲ့ ဈေးနဲ့ ထွက်ထားတာလည်း ရှိပါတယ်။

(၁) Xiaomi Mi 9 Pro 5G

Photo: soyacincau

ဒေါ်လာ ၅၂၀ တန် 5G ဖုန်းတစ်လုံးကို ထုတ်ဖို့ဆိုတာ စမတ်ဖုန်းကုမ္ပဏီတိုင်း ခေါင်းခါမယ့်ကိစ္စပါ။ Xiaomi ကိုယ်တိုင်လည်း Mi 9 Pro 5G ကို ဒီဈေးနဲ့ ရောင်းဖို့ အတော်လေး စဉ်းစားခဲ့ပါတယ်။ ကနဦးက Xiaomi ဟာ Mi 9 Pro 5G ကို ၃၉၉၉ ယွမ် ( မြန်မာငွေ ၈ သိန်း ၆ သောင်းကျော်) ဈေး သတ်မှတ်ဖို့ စီစဉ်ခဲ့တယ်လို့ CEO ဖြစ်တဲ့ လေဂျန်က ဖုန်းမိတ်ဆက်ပွဲမှာ ပြောခဲ့ပါတယ်။

ကမ္ဘာ့အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ် ပါဝင်ပြီး ၂၀၁၉ ရဲ့အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 855+ SoC ကို သုံးထားတဲ့ Xiaomi Mi 9 Pro 5G ဟာ အနိမ့်ဆုံးဗားရှင်း RAM 8GB/128GB storage ကို ၃၆၉၉ ယွမ် ( မြန်မာငွေ ၇ သိန်း ၉ သောင်းခန့်) ဈေးနဲ့ စတင် ရောင်းချမယ်လို့ ကြေညာထားပါတယ်။ RAM 12GB/512GB ဗားရှင်းဆိုရင်တော့ ၄၂၉၉ ယွမ် ( မြန်မာငွေ ၉ သိန်း ၂ သောင်းခန့်) ကျသင့်မှာပါ။


(၂) Vivo iQOO Pro 5G

Photo: Mikeshouts


၂၀၁၉ မှာ Vivo ဟာ ကိုယ်ပိုင် sub-brand တစ်ခု ခွဲပြီး Gaming-Focused ဖုန်းတစ်မျိုး မိတ်ဆက်ခဲ့ပါတယ်။ Vivo iQOO ပါ။ iQOO ဆိုတာ I Quest On and On ကို ရည်ညွှန်းပါတယ်။ ဆက်တိုက်ရှာဖွေဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

iQOO ကနေ ထုတ်တဲ့ 5G ဖုန်းဟာလည်း တကယ့် flagship တွေချည်းပါပဲ။ Vivo iQOO Pro 5G ဟာ Gaming lineup ဖုန်းဖြစ်လို့ မိုဘိုင်းဂိမ်မာတွေအကြိုက် Gaming Features တွေ ၊ လိုင်းဆွဲအား အထစ်အငေါ့မရှိစေဖို့ Net Turbo ကွန်ရက်စနစ် ၊ dual WiFi နည်းပညာများ ပါရှိပါတယ်။

Vivo iQOO Pro 5G ဟာ RAM 8GB/128GB storage ၊ RAM 8GB/256GB storage နဲ့RAM 12GB/128GB storage ဆိုပြီး ဗားရှင်း ၃ မျိုးနဲ့ ထွက်ပါတယ်။ base model ကို ၃၇၉၈ ယွမ် ( မြန်မာငွေ ၈ သိန်း ၁ သောင်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။


(၃) ZTE Axon 10 Pro 5G


Photo: Gizchina

ZTE ရဲ့ ပထမဆုံး 5G ဖုန်းပါ။ ဈေးနည်းနည်းတော့ မြောက်ပါမယ်။ ဒါပေမယ့်လည်း ဒေါ်လာ ၁၀၀၀ အောက်ဈေးနဲ့ ထွက်လာတဲ့ 5G ဖုန်းပါ။ 5G SIM နှစ်ခု တစ်ချိန်တည်း သုံးမရပါဘူး။ 5G SIM တစ်ကဒ်နဲ့ 4G SIM တစ်ကဒ် တွဲသုံးရမှာပါ။ RAM 6GB/128GB storage နဲ့ ထွက်ထားပြီး in-display လက်ဗွေစနစ် ၊ wireless charging အားသွင်းမှုနဲ့ ကျောဘက် triple lens စနစ်တို့ ပါဝင်ပါတယ်။

Axon 10 Pro 5G တရုတ်ဈေးကွက်မှာ ၄၉၉၉ ယွမ် ( မြန်မာငွေ ၁၀ သိန်း ၈ သောင်းနီးပါး) ဈေးနဲ့ ရောင်းချထားပါတယ်။


(၄) Galaxy A90 5G

Photo: Samsung Global Newsroom


Samsung ရဲ့ စတုတ္ထမြောက် 5G ဖုန်း ဖြစ်ပြီး Snapdragon 855 processor သုံးထားပါတယ်။ RAM 6GBနဲ့ 8GB နှစ်မျိုးနဲ့ ထွက်ထားပြီး Galaxy A series တွေထဲမှာ ပထမဆုံးအကြိမ် Samsung Dex ချိတ်ဆက်မှု ရတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ Galaxy A90 5G ဟာ Infinity U display နဲ့လာပြီး မှန်ပြင်အောက် လက်ဗွေစနစ် ပါရှိပါတယ်။

ကျောဘက်ကင်မရာသုံးလုံး သုံးထားပြီး ကိုရီးယားဝမ် ၈၉၉၀၀၀ ( မြန်မာငွေ ၁၁ သိန်း ၆ သောင်းခန့်) ဈေးနဲ့ ရောင်းချနေပါတယ်။


(၅) OnePlus 7 Pro 5G


Photo: PhoneArena

upper mid-ranger စီးရီးအဖြစ် နာမည်ကြီးတဲ့ OnePlus ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်းသစ်ဖြစ်တဲ့ OnePlus 7 Pro 5G ကို ကြေညာထားပါတယ်။ OnePlus 7 Pro 5G ဟာ 90Hz display သုံး ထူးခြားတဲ့ စမတ်ဖုန်းဖြစ်ပြီး pop-up selfie ကင်မရာကြောင့် ဘောင်မပါသလောက်နီးနီး လှပသားနားတဲ့ ဒီဇိုင်းဖြစ်လာပါတယ်။

ကျောဘက်မှာ OIS နဲ့ EIS ရုပ်ငြိမ်စနစ်တွေ ၊ 3x zoom ဆွဲရိုက်နိုင်မယ့် ကင်မရာ features တွေ ပါတဲ့ သုံးလုံးတွဲ ကင်မရာစနစ်ကို သုံးထားပါတယ်။ Warp Charge 3.0 အားသွင်းစနစ်သုံးပြီး Snapdragon 855 SoC နဲ့လာတဲ့ OnePlus 7 Pro 5G ကို အမေရိကန်မှာ ၈၄၀ ဒေါ်လာ ( မြန်မာငွေ ၁၂ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချနေပါတယ်။



က္က