48MP ကင်မရာ သုံးထားပါတယ်။

     Realme ဖုန်းတွေထဲမှာ pop-up ဆယ်လ်ဖီကင်မရာနဲ့OLED display ပထမဆုံး သုံးတဲ့ flagship မော်ဒယ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်တဲ့ Realme X ဟာ Realme brand တွေထဲမှာ ပထမဆုံး in-display fingerprint scanner ပါတဲ့ ဖုန်းဖြစ်ပြီး မှန်ပြင်ပြည့်ဒီဇိုင်းနဲ့လာတာဖြစ်ပါတယ်။ pop-up ကင်မရာ သုံးထားတဲ့ Realme X ဟာ မျက်နှာပြင် ၆.၅၃ လက်မ FHD+ AMOLED display ပါရှိပါတယ်။



Photo: The Verge

         ဒီဖုန်းဟာ Realme အတွက် flagship ဆိုပေမယ့် သုံးထားတဲ့ processor ဟာ mid-ranger ဖြစ်တဲ့ Snapdragon 710 processor ဖြစ်နေပါတယ်။ ဒီဇိုင်းအချိုးအစားမှာ 19.5:9 aspect ratio နဲ့လာပြီး pop-up ကင်မရာကြောင့် notch မပါတော့ပါဘူး။ RAM ပမာဏမှာ အနည်းဆုံး 4GB ကနေ 6GB/8GB ဆိုပြီး အမြင့်ဗားရှင်း ၃ မျိုးနဲ့ထုတ်ထားသလို storage ကိုလည်း 64GB နဲ့128GB ဆိုပြီး နှစ်မျိုးလာပါတယ်။

         Realme X ရဲ့ ထူးခြားချက်တစ်ခုက ကင်မရာအရည်အသွေးမြင့်မားလာတာပါ။ ကျောဘက် အလယ်မှာ ထောင်လိုက် ကင်မရာနှစ်လုံးဖြစ်တဲ့ Sony IMX 586 sensor ပါ 48MP နဲ့5MP depth sensor ကင်မရာတွေ ပါလာတာကြောင့် ကင်မရာလုပ်ဆောင်ချက်မှာ စိတ်ကျေနပ်စရာ ဖြစ်မှာပါ။ ရှေ့မှာတော့ 16MP pop-up ကင်မရာနဲ့လာပြီး အနည်းဆုံး အကြိမ်ပေါင်း ၂ သိန်းအထိ ဆယ်လ်ဖီဆွဲနိုင်မယ်လို့ဆိုပါတယ်။

Photo: Firstpost

         ကင်မရာပိုင်းအနေနဲ့low-light ရိုက်ချက်တွေအတွက် Nightscape mode အပြင် Chroma Boost mode လို ဓါတ်ပုံရိုက်ချက်တွေကို အသေးစိတ်ပြုပြင်ပေးမယ့် စနစ်တွေလည်း ပါလာပါတယ်။ ဘက်ထရီပါဝါ 3765mAh ဟာ OPPO ရဲ့ VOOC 3.0 အားအမြန်သွင်းနိုင်တဲ့ နည်းပညာကြောင့် ဖုန်းအားသွင်းရတဲ့ ကြာချိန်ကို လျှော့ချပေးနိုင်မှာပါ။

         ဒီဇိုင်းပိုင်းမှာ သူနဲ့တစ်ရက်တည်း ထွက်ထားတဲ့ OnePlus 7 Pro ဒီဇိုင်းမျိုး ဖြစ်ပြီး ဈေးကတော့ သုံးပုံတစ်ပုံလောက်ပဲ ရှိပါတယ်။ Realme X ရဲ့ အနိမ့်ဆုံးမော်ဒယ်ကို ၁၄၉၉ ယွမ် မြန်မာငွေ ၃ သိန်း ၃ သောင်းခန့်) ကနေ စတင်ရောင်းချသွားမှာပါ။ RAM 6GB/64GB storage မော်ဒယ်ကိုတော့ ၁၅၉၉ ယွမ် ( မြန်မာငွေ ၃ သိန်းခွဲကျော်) နဲ့အမြင့်ဆုံး RAM 8GB/128GB storage ကု ၁၇၉၉ ယွမ် ( မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က