waterdrop notch နဲ့လာပါတယ်

flaship ဖုန်းတွေထုတ်ဖို့OPPO ဟာ Reno series ဖုန်းသစ်တွေကို ပြီးခဲ့တဲ့ ဧပြီလလယ်မှာ မိတ်ဆက်ခဲ့ပြီး အခုချိန်မှာ ဈေးပိုသက်သာတဲ့ Reno Z ဖုန်းသစ်ကို ထုတ်လိုက်ပြီ ဖြစ်ပါတယ် ။


         OPPO Reno Z ဟာ သူ့အရင်ထွက်ထားတဲ့ OPPO Reno နဲ့Reno 10x Zoom Edition တို့ရဲ့ Lower-end ဗားရှင်း ဖြစ်ပြီး upper mid-ranger ဖုန်းတစ်လုံးအဖြစ် ထွက်လာတာပါ။ Reno Z ဟာ မျက်နှာပြင် ၆.၄ လက်မ အရွယ်အစား ရှိပြီး OLED display သုံးထားတဲ့ ဖုန်း ဖြစ်ပါတယ်။ HDR 10 support ပေးထားတဲ့ ဒီ display ရဲ့ အောက်မှာတော့ in-display fingerprint sensor သုံးထားပါတယ်။



Photo: Tech Carving Network

         ဒီတစ်ခေါက်ထွက်လာတဲ့ OPPO Reno Z ဟာ ကင်မရာနေရာပဲ ကွက်ချန်ထားတဲ့ waterdrop notch နဲ့လာပါတယ်။ Reno နဲ့Reno 10x Zoom တို့ဟာ ငါးဆူးတောင်ဒီဇိုင်း pop-up ကင်မရာ စနစ်သုံးထားပြီး ဒီဇိုင်းပိုင်းမှာ ကိုယ်ပိုင် standard တစ်ခုကို ထုတ်ပြသွားတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ OPPO ကတော့ ဒီကင်မရာစနစ်ကို Pivot Rising ကင်မရာလို့ခေါ်ပြီး ဒီကင်မရာအိမ်ဟာ ဖလက်ရှ်မီးနဲ့earpiece တို့ထည့်ထားတာပါ။

         Reno Z မှာတော့ ဒီလို pop-up mechanism မပါတော့ဘဲ ရိုးရိုး notch အသေးကို သုံးထာတာ ဖြစ်ပါတယ်။ ဒီ notch ထဲမှာ 32MP selfie ကင်မရာ ပါပြီး ကျောဘက်မှာ 48MP Sony IMX586 sensor နဲ့5MP depth sensor သုံးထားပါတယ်။ ဘက်ထရီပါဝါ 4035mAh ကို သုံးထားပြီး 20W VOOC 3.0 charging ပါလာတာကလည်း Reno Z ရဲ့ ထူးခြားမှုလို့ဆိုနိုင်ပါတယ်။

Photo: androidauthority

         အသံပိုင်းမှာ အဆင့်မြင့် အသံနည်းပညာ ပံ့ပိုးမှု ပါတဲ့ Dolby Atmos support ထည့်သွင်းထားပြီး ဆော့ဖ်ဝဲလ်ပိုင်းအရ Android 9 Pie ကို အခြေခံထားတဲ့ ColorOS 6 သုံးထားတာ ဖြစ်ပါတယ်။ ပထမဆုံး ထွက်လာခဲ့တဲ့ OPPO Reno မှာ Snapdragon 710 SoC သုံးခဲ့ပေမယ့် OPPO Reno Z မှာ MediaTek Helio P90 processor သုံးလာခဲ့ပါတယ်။ memory အနေနဲ့RAM 6GB/256GB storage ဗားရှင်း နဲ့RAM 8GB/128GB storage ဗားရှင်း နှစ်မျိုးထွက်ထားတာပါ။

         OPPO Reno Z ဟာ Night Black ၊ Star Purple ၊ Bead White နဲ့Coral Orange ကာလာတွေနဲ့ထွက်ထားပြီး ဈေးနှုန်းကတော့ ၂၄၉၉ ယွမ် ( မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးနဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က