Huaweiဖုန်းတွေထဲမှာ ပထမဆုံး dual selfie punch hole type နဲ့ လာတာပါ

Huawei Nova series တွေထဲမှာ ပထမဆုံး 5G ဗားရှင်းအဖြစ် မိတ်ဆက်လိုက်တဲ့ Nova 6 5G ကတော့ ဆန်းသစ်ထူးခြားမှုအပြည့်ပါပဲ။

Nova brand ဟာ ဒီနေ့မှာ Huawei Nova 6 ၊ Nova 6E နဲ့ Nova 6 5G ဆိုပြီး မော်ဒယ် ၃ မျိုး ကြေညာသွားတာပါ။ Nova 6 5G ဟာ ဒီဇိုင်းပိုင်းမှာ ငေးလောက်အောင် ဆွဲဆောင်မှုအပြည့်နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ punch hole display အမျိုးအစား သုံးထားပြီး ကာလာအစပ်အဟပ်နဲ့ ကျောဘက်က Huawei P30 Pro စတိုင် ကင်မရာထောင်လိုက် triple lens ဟာ အချိုးကျသားနားနေပါတယ်။



Photo: GSMArena


Nova 6 5G ဟာ Huawei ဖုန်းတွေထဲမှာ punch hole ကိုမှ dual selfie ကင်မရာနဲ့ လာတဲ့ ပထမဆုံး ဖုန်းပါပဲ။ display ဟာ LCD panel ဖြစ်လို့ in-display လက်ဗွေစနစ်တော့ သုံးမရပါဘူး။ ဒီအတွက် fingerprint ကို ဘေးဘောင် ပါဝါခလုတ်မှာ တပ်ဆင်ထားပါတယ်။

ဖုန်းဟာ မှန်ကိုယ်ထည် နဲ့ လာပြီး လက်ထဲ ကိုင်လို့ သက်တောင့်သက်သာ ရှိအောင် ဘေးဘောင် ၄ ဘက်စလုံး ကွေးညွှတ်ထားပါတယ်။ မျက်နှာပြင်အရွယ်အစားဟာ ၆.၅၇ လက်မ FHD+ (2400 x 1080p) ဖြစ်ပြီး bezel-less ဒီဇိုင်းကြောင့် ခေတ်မီပြီး ဖက်ရှင်ကျတယ်လို့ ခံစားရမှာပါ။

Nova 6 5G ဟာ Huawei ရဲ့ နောက်ဆုံးပေါ် flagship processor ဖြစ်တဲ့ Kirin 990 processor နဲ့ လာပြီး TUV Rheinland ရဲ့ 5G မိုဘိုင်းလ်ဖုန်းစွမ်းဆောင်ရည်နဲ့ အတွေ့အကြုံထောက်ခံချက် ပထမဆုံး ရထားတဲ့ ဖုန်းလို့ ကုမ္ပဏီက ကြေညာထားပါတယ်။ 5G support ပေးဖို့အတွက် Balong 5000 modem ပါရှိပြီး SA နဲ့ NSA 5G ကွန်ရက် နှစ်မျိုးစလုံး သုံးနိုင်မှာပါ။

nano dual SIM ပံ့ပိုးထားပြီး SIM slot နှစ်ခုစလုံး 5G သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ချိန်မှာ SIM တစ်ခုပဲ 5G ကွန်ရက်သုံးနိုင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါဟာ 4200 mAh ပါဝါ ဖြစ်ပြီး 40W SuperCharge Wired charging ပံ့ပိုးပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ EMUI 10 နဲ့ ထွက်ရှိထားတာပါ။

Nova 6 5G ဟာ ကျောဘက် ကင်မရာ သုံးလုံးတွဲစနစ် သုံးထားတဲ့ စမတ်ဖုန်းပါ။ ပင်မကင်မရာဖြစ်တဲ့ 40MP RYYB Sony Sensor ဟာ အလင်းဖမ်းယူမှု မြင့်မားပြီး ISO ကို ၂၀၄၈၀၀ အထိ တင်နိုင်မယ်လို့ ဆိုပါတယ်။ ဒီကင်မရာနဲ့အတူ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ultrawide ကင်မရာ ၊ 30x ultra-long zoom ဆွဲရိုက်နိုင်ပြီး OIS နဲ့ AutoFocus ပံ့ပိုးထားတဲ့ 8MP tele lens များ သုံးထားပါတယ်။

display ဘယ်အပေါ်ထောင့်က punch hole ထဲမှာ 32MP Sony IMX616 sensor နဲ့ ၁၀၅ ဒီဂရီ မြင်ကွင်းကျယ် ဖမ်းယူနိုင်မယ့်8MP ကင်မရာ နှစ်လုံး ပါရှိပါတယ်။ ဆယ်လ်ဖီကင်မရာမှာ ထူးခြားတာက EIS ရုပ်ငြိမ်စနစ် ၊ Portrait Mode နဲ့ Super Night Scene mode ဆိုပြီး အမိုက်စား ကင်မရာ features တွေ ပါရှိပါတယ်။ Huawei ရဲ့ အဆိုအရ ဒီဖုန်းဟာ ဆယ်လ်ဖီကင်မရာနဲ့ ဗွီဒီယိုရိုက်ကူးရာမှာ 4K 30fps HD ဗွီဒီယိုတွေ ရိုက်နိုင်တဲ့ ပထမဆုံး ဖုန်းလို့ ဆိုပါတယ်။

Photo: Gizmochina


Nova 6 5G ဟာ NFC ၊ dual band WiFi support နဲ့ dual frequency GPS ပံ့ပိုးပေးထားသလို OTG ကနေ တစ်ဆင့် တစ်ခြားဖုန်းတွေကို reverse wired charging ပြန်အားသွင်းပေးနိုင်မှာပါ။ အရောင်ကိုတော့ ရောင်ပြေးခရမ်းနု ၊ အပြာ ၊ အနက် နဲ့ အနီဆိုပြီး ၄ ရောင်ထွက်ထားပါတယ်။

Nova 6 5G ဟာ RAM 8GB/128GB ဗားရှင်းကို ၃၇၉၉ ယွမ် ( မြန်မာငွေ ၈ သိန်းခန့်) နဲ့ RAM 8GB/ 256GB storage ကို ၄၁၉၉ ယွမ် ( မြန်မာငွေ ၉ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က