မြန်မာငွေ ၄ သိန်းတန် ဖုန်းပါ
Nyein Min Wai

ဈေးသက်သာလာတဲ့ 5G ဖုန်းတွေထဲမှာ Vivo Y70s 5G ကလည်း စိတ်ဝင်စားစရာ ဖုန်းတစ်လုံးပါ။


mid-range ဖုန်းတွေထဲမှာ အသစ်ဝင်လာတဲ့ Vivo Y70s 5G ဟာ နောက်ဆုံးပေါ် ပဉ္စမမျိုးဆက် 5G ကွန်ရက်နည်းပညာ ၊ သုံးလုံးတွဲကင်မရာနဲ့ တန်ဖိုးသင့် ဈေးနှုန်းနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ ဒီဖုန်းဟာ 8nm octa-core Exynos 880 chipset နဲ့ လာတဲ့ ပထမဆုံးဖုန်း ဖြစ်ပြီး Mali-G76 MP5 GPU နဲ့ လာပါတယ်။ UI ဟာ FunTouchOS 10 ဖြစ်ပြီး Android 10 ပေါ် အခြေခံထားပါတယ်။ 

Photo: IndiaShopps


Vivo Y70s 5G ဟာ punch-hole ကင်မရာနဲ့ လာပြီး မျက်နှာပြင် ၆.၅၃ လက်မ FHD+ LCD display နဲ့ ထွက်ထားပါတယ်။ ဘယ်ဘက်အပေါ်ထောင့် punch-hole ထဲမှာ 16MP selfie ကင်မရာနဲ့ လာပြီး ဖုန်းဘေးဘောင်ညာဘက်မှာ fingerprint scanner ထည့်ထားပါတယ်။ ကျောဘက်မှာ ထောင်လိုက်စတုဂံကွက်ထဲ 48MP main sensor ၊ 8MP ultra-wide နဲ့ 2MP depth sensor ကင်မရာတွေ တပ်ဆင်ထားပါတယ်။

Samsung Exynos 880 SoC ဟာ အလတ်စား 5G ဖုန်းတွေ ဖြစ်တဲ့ Samsung Galaxy A71/A51 5G စတဲ့ ဖုန်းတွေမှာ သုံးထားတဲ့ Exynos 980 ရဲ့ clock speed လျှော့ထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။ Vivo Y70s မှာတော့ LPDDR4x RAM နဲ့ UFS 2.1 storage ဗားရှင်း နှစ်မျိုး ထွက်ထားပါတယ်။ ဘက်ထရီပါဝါဟာ 4500 mAh ဖြစ်ပြီး 18W dual-engine flash charging စနစ် သုံးထားပါတယ်။

ဖုန်းအတွင်း အပူချိန်ထိန်းညှိဖို့ အရည်အအေးပေးစနစ်နည်းပညာ ထည့်သွင်းထားပြီး Starlight Blue နဲ့ Moon Shadow Black နှစ်ရောင်နဲ့ ထွက်ထားပါတယ်။ RAM 6GB/128GB storage ဗားရှင်းကို ၁၉၉၈ ယွမ် ( မြန်မာငွေ ၄ သိန်းခန့်) နဲ့ RAM 8GB/128GB storage ဗားရှင်းကို ၂၁၉၈ ယွမ် (မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။ 


ဆက်စပ်အကြောင်းအရာများ


က္က