Huawei Watch GT 2 နဲ့ ဆင်ပါတယ်

တစ်ကြိမ်အားအပြည့်သွင်းထားချိန်မှာ ၁၄ ရက်အထိ အားခံမယ့် ဘက်ထရီ ပါဝင်တဲ့ MagicWatch 2 ကို Honor က မိတ်ဆက်လိုက်ပါတယ်။

Honor MagicWatch 2 ဟာ ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်ရေးဘက်ကို အသားပေးထားတဲ့ စမတ်နာရီဖြစ်ပြီး 5ATM ရေစိုခံမှု ပါရှိပါတယ်။ ၄၆ မီလီမီတာ (၁.၃၉ လက်မ AMOLED screen) နဲ့ ၄၂ မီလီမီတာ (၁.၂ လက်မ AMOLED display) မော်ဒယ်နှစ်မျိုးနဲ့လာပြီး နှစ်မျိုးစလုံးဟာ 361L စတိန်းလတ်စတီးကိုယ်ထည် သုံးထားပါတယ်။ ၄၂ မီလီမီတာဗားရှင်းဟာ Agate Black နဲ့ Sakura Gold ကာလာ ၂ ရောင်ထွက်ထားပြီး ၄၆ မီလီမီတာကတော့ Flax Brown နဲ့ Charcoal Black ကာလာတွေနဲ့ လာပါတယ်။


Photo: digitaltrends

၄၆ မီလီမီတာဟာ sporty ဆန်ပြီး အမျိုးသားတွေအတွက် ရည်ရွယ်တာပါ။ ၄၂မီလီမီတာဗားရှင်းကတော့ ပိုမို သေးငယ် ရိုးရှင်းပြီး Sakura Gold ဗားရှင်းဆိုရင် အမျိုးသမီးတွေအတွက် သက်သက် ထုတ်ထားတာပါ။ နာရီအိုးရဲ့ ညာဘက်ခြမ်းမှာ dual buttons နဲ့ လာတာ ဖြစ်လို့ ပိုပြီး သုံးရတာ သက်တောင့်သက်တာနဲ့ အဆင်ပြေပါတယ်။

Honor MagicWatch 2 ဟာ Huawei Watch GT 2 နဲ့ ဆင်ပါတယ်။ သုံးထားတဲ့ processor ဟာ ပါဝါသုံးစွဲမှု နည်းတဲ့ Huawei ရဲ့ ကိုယ်ပိုင် Kirin A1 chpset ဖြစ်ပြီး ၄၆ မီလီမီတာ ဗားရှင်းမှာဆို ၁၄ ရက်အားခံတဲ့ ဘက်ထရီပါရှိပါတယ်။ ဘက်ထရီသက်တမ်း တွက်ချက်မှုအရ အပတ်စဉ်Workout လုပ်နေချိန် GPS tracking ကို မိနစ် ၉၀ ၊ Bluetooth က တစ်ဆင့် ဖုန်းခေါ်ဆိုရာ မိနစ် ၃၀ နဲ့ သီချင်းနားထောင်မှုအတွက် မိနစ် ၃၀ ခံတယ်လို့ ဆိုပါတယ်။

၄၂ မီလီမီတာမော်ဒယ်ကတော့ တစ်ပတ်အားခံတဲ့ ဘက်ထရီ ပါရှိပါတယ်။ ဒီနာရီတွေဟာ နှလုံးခုန် တိုင်းတာမှု စနစ်တွေ အပြင် စိတ်ဖိစီးမှု များနေချိန်မှာ အသက်ရှုလေ့ကျင့်နည်းပါ ညွှန်ကြားသွားမှာပါ။ Huawei TruSleep 2.0 နည်းပညာအကူအညီနဲ့ အိပ်စက်မှု ပုံစံမမှန်ခြင်း ၆ မျိုးကို သရုပ်ခွဲနိုင်ပြီး လိုအပ်တဲ့ အကြံပြုချက်တွေ ပေးနိုင်သလို ရေကူးခြင်း ၊ ပြေးခြင်း စတဲ့ fitness tracking mode ၁၅ မျိုးလည်း ထည့်ပေးထားပါတယ်။

Photo: GSMArena



Honor MagicWatch 2 ဟာ Bluetooth ခေါ်ဆိုမှု လုပ်နိုင်စေဖို့ built-in speaker နဲ့ mic တစ်ခု ပါရှိပြီး မီတာ ၁၅၀ အကွာမှာ ရှိတဲ့ ဖုန်းနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဖုန်းနဲ့ ချိတ်ဆက်ထားတာနဲ့ နာရီမျက်နှာပြင်ကနေ SMS ၊ အီးမေးလ် ၊ ပြက္ခဒိန် နဲ့ ဖုန်းထဲက contents တွေအကုန် ဖော်ပြပေးနေမှာ ဖြစ်သလို ရာသီဥတု ၊ Alarm ၊ Find My Phone နဲ့ အ‌ရေးပါတဲ့ app တွေ တစ်ခါတည်း ပါဝင်လာပါတယ်။

internal storage 4GB ပါရှိတဲ့ Honor MagicWatch 2 ကို လာမယ့်ဒီဇင်ဘာ ၁၂ ရက်နေ့ကစပြီး ကမ္ဘာ့စျေးကွက်မှာ ရောင်းချသွားမှာပါ။ တရုတ်ဈေးကွက်မှာတော့ ၄၂ မီလီမီတာ Agate Black ဗားရှင်းကို ၁၀၉၉ ယွမ် ( မြန်မာငွေ ၂ သိန်း ၃ သောင်းခွဲ) နဲ့ ၄၆ မီလီမီတာဗားရှင်း Charcoal Black ကို ၁၁၉၉ ယွမ် ( မြန်မာငွေ ၂ သိန်း ၅ သောင်း ၈ ထောင်) စျေးနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။၄၆ မီလီမီတာ Flax Brown နဲ့ ၄၂ မီလီမီတာ Sakura Gold မော်ဒယ်တို့ကို ၁၃၉၉ ယွမ် ( မြန်မာငွေ ၃ သိန်း) ဈေးနဲ့ ဝယ်ယူနိုင်မှာပါ။



က္က