Zoom ဗားရှင်းပါ ထွက်ထားပါတယ်

မြန်မာငွေ ၆ သိန်းဝန်းကျင်ဈေးနဲ့ ထွက်လာတဲ့ Redmi K30 Pro ဟာ Xiaomi fan တွေအတွက် ရင်ခုန်ချင်စရာပါပဲ။


Redmi K30 Pro စီးရီးဟာ standard version နဲ့ telephoto ကင်မရာပါတဲ့ Redmi K30 Pro Zoom ဗားရှင်းဆိုပြီး ထွက်လာတာ ဖြစ်ပါတယ်။ Redmi K30 နဲ့ K30 5G တို့နဲ့တော့ အတော်လေးကို ကွဲပြားတဲ့ ဒီဇိုင်း သုံးထားပါတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံ လေးလုံးတွဲ ကင်မရာဒီဇိုင်းနဲ့ pop-up ကင်မရာစနစ် သုံးလာပါတယ်။ processor ကလည်း ၂၀၂၀ ရဲ့ high-end chipset ဖြစ်ပြီး 5G ကွန်ရက်ချိတ်ဆက်မှု ပါလာပါတယ်။



Photo: Engadget


Redmi K30 Pro ဟာ မျက်နှာပြင် ၆.၆၇ လက်မ FHD+ AMOLED display နဲ့လာပြီး 20MP pop-up ရှေ့ကင်မရာ ပါရှိပါတယ်။ Redmi K30 5G နဲ့ မတူတာက display refresh rate ကို 120Hz မသုံးဘဲ 60Hz standard rate ပဲ သုံးထားတာပါ။ လက်ဗွေကိုတော့ မှန်ပြင်အောက်မှာ ထည့်ထားပြီး IP53 rating ရေစိုခံမှု ပါရှိပါတယ်။ Redmi K30 Pro ဟာ WiFi 6 ချိတ်ဆက်မှု ၊ 4700mAh ဘက်ထရီ နဲ့ USB-C port ကနေ 33W fast charging အမြန်အားသွင်းစနစ်တို့ သုံးထားပါတယ်။

ကျောဘက် Circular Camera setup ထဲမှာ 64MP Sony IMX686 sensor ၊ 13MP ultrawide sensor ၊ 5MP macro sensor နဲ့ 2MP depth sensor တွေ ပါရှိပါတယ်။ Zoom ဗားရှင်းမှာ 5MP macro shooter အစား OIS စနစ် ပါပြီး 3x optical နဲ့ 30x hybrid zoom ဆွဲရိုက်နိုင်မယ့် 8MP tele sensor သုံးသွားပါတယ်။ primary sensor ဟာ Optical Image Stabilization (OIS) စနစ် ပံ့ပိုးပေးထားပြီး ဖုန်းနှစ်မျိုးစလုံးဟာ 8K video ရိုက်ကူးနိုင်မှာပါ။


Photo: frandroid

flagship ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Snapdragon 865 Processor ၊ RAM 6GB/8GB ဗားရှင်းများ ပါပြီး နောက်ဆုံးပေါ် UFS3.1 စနစ်သုံး 128GB နဲ့ 256GB storage ဆိုပြီး ထွက်ထားပါတယ်။ Redmi K30 Pro ဟာ မီးခိုးရောင် ၊ ခရမ်းရောင် ၊ အဖြူနဲ့ အပြာရောင် ကာလာတွေနဲ့ ထွက်ထားပါတယ်။ RAM 6GB/128GB storage ဗားရှင်းကို ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခန့်) ၊ RAM 8GB/128GB storage ဗားရှင်းကို ၃၃၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) နဲ့ RAM 8GB/256GB storage ကို ၃၆၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၄ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။

K30 Pro Zoom ဗားရှင်းဟာ အနိမ့်ဆုံး ၃၇၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၆ သောင်းခန့်) နဲ့ အမြင့်ဆုံး RAM 8GB/256GB storage ကို ၃၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်းခန့်) ဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က