Galaxy S20 စီးရီးနဲ့တောင် မှားချင်စရာပါ

အကြီးစား AMOLED display ၊ ကျောဘက်လေးလုံးတွဲကင်မရာနဲ့ ဧရာမ 6000 mAh ဘက်ထရီသုံးထားတဲ့ Galaxy M31s ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Galaxy M31s ဟာ M-Series တွေထဲမှာ ပထမဆုံး Infinity-O sAMOLED panel သုံးလာတဲ့ ဖုန်းဖြစ်ပြီး 25W charging ပါ 6000mAh ဘက်ထရီကို သုံးလာပါတယ်။ အမြင်အာရုံကို လှည့်စားနိုင်တဲ့ Gradient ဒီဇိုင်း ၊ ဘေးဘောင်လက်ဗွေစနစ်တွေကို သုံးလာပြီး ဒီဇိုင်းပိုင်းမှာ ပရီမီယံဖုန်းသစ်ဖြစ်တဲ့ Galaxy S20 စီးရီးနဲ့ မှားချင်စရာကောင်းပါတယ်။



Photo: NDTV Gadgets


မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ သုံးထားပြီး Exynos 9611 SoC နဲ့ လာပါတယ်။ RAM 6GB ၊ 8GB နှစ်မျိုးနဲ့အတူ microSD card ကနေ storage ထပ်မြှင့်နိုင်မယ့် 128GB onboard storage ကို သုံးထားပါတယ်။ ဘက်ထရီပါဝါကြီးပြီး တစ်ခြားဖုန်းတွေကို အားပြန်သွင်းပေးနိုင်မယ့် Reverse Charging support ပေးထားပါတယ်။

ရှေ့ဘက်မှာ Galaxy M31 မှာလိုမျိုး 32MP selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ 64MP primary lens ပါ လေးလုံးတွဲ ကင်မရာ ပါရှိပါတယ်။ ကျောဘက်စတုဂံပုံစံ ကင်မရာကွက်ထဲမှာ Sony IMX682 64MP ကင်မရာနဲ့အတူ 12MP ultrawide ကင်မရာ ၊ 5MP macro နဲ့ 5MP depth sensor တို့ သုံးထားပါတယ်။

Photo: hindustantimes


ကင်မရာစနစ်တွေထဲမှာ shutter ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ဗွီဒီယိုနဲ့ ဓါတ်ပုံ ၁၀ ပုံအထိ ဖမ်းနိုင်မယ့် Single Take mode လည်း ထည့်သွင်းထားပါတယ်။ ကင်မရာပိုင်းမှာ 4K video recording ၊ slow-mo ဗွီဒီယို နဲ့ AR Doodle/AR Emoji တို့လည်း ပံ့ပိုးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ OneUI Core 2.1 စနစ် ပါရှိပါတယ်။

Galaxy M31s ကို ဩဂုတ်လ ၆ ရက်နေ့ကစပြီး ရောင်းချသွားမှာ ဖြစ်ပြီး RAM 6GB/128GB storage ကို ၂၀၄၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ၇ သောင်းကျော်) နဲ့ RAM 8GB/128GB storage ဗားရှင်းကို ၂၂၄၉၉ ရူပီး (မြန်မာငွေ ၄ သိန်း ၁ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က