Premium ဖုန်းတွေပါ

အွန်လိုင်းပွဲတစ်ခုအဖြစ် ကျင်းပသွားတဲ့ Galaxy Unpacked ပွဲမှာ Samsung ဟာ ကုမ္ပဏီရဲ့ ပရီမီယံမော်ဒယ် Galaxy Note 20 စီးရီးဖုန်းသစ်ကို တရားဝင်မိတ်ဆက်သွားပါတယ်။

Galaxy Note 20 နဲ့ Note 20 Ultra တို့ဟာ Corning ရဲ့ နောက်ဆုံးထွက် အကြမ်းခံမှုအမြင့်ဆုံး Gorilla Glass Victus မှန်အုပ်ထားတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ စတီရီယိုစပီကာ ၊ Android 10 OS နဲ့ IP68 rating ‌ရေစိုခံမှု ပါရှိပါတယ်။ Bixby Smart Assistant ပံ့ပိုးထားပြီး Dex ကို Miracast ကနေ တစ်ဆင့် ကြိုးမဲ့ချိတ်ဆက်နိုင်ပြီ ဖြစ်ပါတယ်။





Ultra ‌မော်ဒယ်ဟာ အကြီးစား ၆.၉ လက်မ QHD+ OLED display နဲ့ လာပါတယ်။ သတ္တုနဲ့မှန်စပ် ကိုယ်ထည်သုံးထားပြီး ဘေးဘောင် Curved display ပါရှိပါတယ်။ 1440p ရုပ်ထွက် display ဟာ 120Hz refresh rate ပံ့ပိုးထားပြီး screen အပေါ်အလယ်တည့်တည့်မှာ punch hole ကင်မရာပေါက် သုံးထားပါတယ်။ Galaxy Note 20 ရိုးရိုးမော်ဒယ်ဟာ ၆.၇ လက်မ AMOLED display ကိုပဲ သုံးထားပြီး FHD+ Resolution နဲ့အတူ 60Hz refresh rateနဲ့ပဲလာပါတယ်။ 

ရိုးရိုးမော်ဒယ်ဟာ ကျောဘက်မှာ 12MP OIS wide-angle ၊ 64MP telephoto နဲ့ 12MP ultra-wide sensor တို့ သုံးထားပါတယ်။ Galaxy Note 20 Ultra ကတော့ ကျောဘက်မှာ ထောင်လိုက် Triple lens စနစ် အဖြစ် 108MP OIS wide angle ၊ 5x optical zoom ဆွဲနိုင်မယ့် 12MP telephoto ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 12MP Ultrawide ကင်မရာတို့ ပါဝင်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ 8K video တွေကို 24fps နှုန်းနဲ့ ရိုက်ကူးနိုင်အောင် ပံ့ပိုးထားပါတယ်။ 



Galaxy Note 20 နဲ့ Note 20 Ultra တို့ရဲ့ selfie ကင်မရာဟာ 10MP ဖြစ်ပြီး မှန်ပြင်အောက်မှာ Ultrasonic fingerprint scanner ထည့်ထားပါတယ်။ processor အနေနဲ့ မြောက်အမေရိကဈေးကွက်အတွက် Snapdragon 865 plus နဲ့ Global အတွက် Exynos 990 SoC ကို သုံးထားပြီး Ultra မော်ဒယ်မှာ RAM 12GB နဲ့ 512GB storage အထိ ပါရှိသလို microSD card support လေး ပေးထားပါတယ်။

Galaxy Note 20 Ultra ဟာ 4500mAh ဘက်ထရီ ပါရှိပြီး ရိုးရိုးမော်ဒယ်မှာ 4300mAh ဘက်ထရီအမျိုးအစား သုံးသွားပါတယ်။ အားသွင်းစနစ်အနေနဲ့ 25W wired charging ၊ 15 wireless charging နဲ့ 4.5W reverse wireless charging နည်းပညာတွေ ပါရှိပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ 5G ဗားရှင်းတွေ ထွက်ထားပြီး ဈေးကွက်တစ်ချို့အတွက် Galaxy Note 20 ကို 4G ဗားရှင်းပဲ ဖြန့်ချိမှာပါ။

Note စီးရီးရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ S Pen သစ်ဟာ Anywhere လုပ်ဆောင်ချက်သစ် ၅ မျိုးအတွက် သုံးနိုင်မှာ ဖြစ်သလို လေထဲမှာတင် ပုံဆွဲခြင်းနဲ့ ဖုန်းကို အဝေးမှ ထိန်းချုပ်ခြင်းတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Samsung ဟာ Micorsoft နဲ့လည်း ပူးပေါင်းမှု လုပ်ဆောင်ထားတာကြောင့် ဒီဖုန်းသစ်တွေမှာ အရေးပါတဲ့ Microsoft software လုပ်ဆောင်ချက်သစ်တွေလည်း သုံးနိုင်တော့မှာပါ။ 

Photo: Tech Crunch

Galaxy Note 20 ဟာ ကြေးနီရောင် ၊ မီးခိုးရောင်နဲ့ အစိမ်းရောင် သုံးမျိုးနဲ့ ထွက်လာမှာ ဖြစ်ပြီး Ultra မော်ဒယ်မှာတော့ ကြေးနီ ၊ မီးခိုးနဲ့ အဖြူကာလာတွေ ပါရှိမှာ ဖြစ်ပါတယ်။ Galaxy Note 20 (8GB/128) ဗားရှင်းကို ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၁၃ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး Ultra မော်ဒယ် (RAM 12GB/256GB storage) ကို ဒေါ်လာ ၁၃၀၀ (မြန်မာငွေ ၁၇ သိန်းခွဲကျော်နဲ့ အမြင့်ဆုံးမော်ဒယ် RAM 12GB/512GB storage ဗားရှင်းကို ဒေါ်လာ ၁၅၀၀ (မြန်မာငွေ သိန်း ၂၀ ကျော်) ဈေး သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က