dual lens နဲ့ လာပါတယ်။

Realme ဟာ မျက်နှာပြင်အကြီးစား ဘက်ဂျက်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။

Realme C11 ကို မလေးရှားဈေးကွက်မှာ Xiaomi Redmi 9C နဲ့အတူ တစ်နေ့တည်း မိတ်ဆက်သွားတာပါ။ ဒီဖုန်းဟာ ကျောဘက်မှာ စတုရန်းကွက်ကင်မရာပုံစံကို ပထမဆုံးသုံးတဲ့ Realme ဖုန်းလည်း ဖြစ်ပါတယ်။ တန်ဖိုးနည်းဖုန်းဖြစ်ပြီး အကြီးစားဘက်ထရီ သုံးထားသလို တစ်ခြားဖုန်းတွေကိုလည်း power bank တစ်လုံးလို အားပြန်သွင်းနိုင်မယ့် Reverse Charging စနစ်လည်း ပါဝင်ပါတယ်။



Photo: telecomtalk

မျက်နှာပြင် ၆.၅ လက်မ HD+ display နဲ့ လာပြီး waterdrop notch သုံးထားပါတယ်။ Realme ရဲ့ အဆိုအရ ဒီဖုန်းဟာ screen နေရာယူမှု ၈၈.၇ % အထိ ရှိမယ်လို့ ဆိုပါတယ်။ notch ထဲမှာ 5MP selfie ကင်မရာ သုံးထားပြီး ကျောဘက်မှာ dual lens ကင်မရာ ပါရှိပါတယ်။ fingerprint scanner မပါတဲ့ ဒီဖုန်းဟာ Selfie ကင်မရာကို Face Unlock အတွက်ပါ သုံးနိုင်မှာပါ။

ဒီဖုန်းဟာ MediaTek ကနေ မိတ်ဆက်လိုက်တဲ့ Helio G35 Processor သစ်ကို သုံးထားပါတယ်။ ဒီ processor ဟာ low-end gaming processor အဖြစ် ထုတ်ထားတာ ဖြစ်ပါတယ်။ RAM 2GB/32GB storage ပါရှိပြီး နောက်ထပ် storage မြှင့်ဖို့အတွက် microSD card Slot လည်း ပါရှိပါတယ်။ ကျောဘက်မှာ LED flash နဲ့အတူ 13MP + 2MP portrait lens ကင်မရာနှစ်လုံး သုံးထားပါတယ်။

Realme UI နဲ့ Android 10 OS လည်း တစ်ခါတည်း ပါဝင်ပါတယ်။ Realme C11 ဟာ Mint Green နဲ့ Pepper Grey ကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။ မလေးရှားဈေးကွက်မှာ Realme C11 ကို မလေးရှားရင်းဂစ်၄၂၉ (မြန်မာငွေ ၁ သိန်း ၄ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က