Snapdragon 855 Plus SoC နဲ့လာတာပါ

Asus ဟာ Gaming ဖုန်းအဖြစ် ပထမဆုံး မိတ်ဆက်လိုက်တဲ့ ROG ကတည်းက အမိုက်စား features တွေ သုံးခဲ့ပြီး ဒုတိယမြောက် ဂိမ်းဖုန်းမှာတော့ ပိုပြီး ထူးခြားတာတွေ ထပ်ဖြည့်လိုက်ပြီ ဖြစ်ပါတယ်။

ROG Phone II အဖြစ် ကြေညာထားတဲ့ ဒီဖုန်းဟာ Gaming phone ထဲမှာ ရှားတောင့်ရှားပါး 120Hz 10-bit HDR screen နဲ့လာတာပါ။ ဖုန်းတွေထဲမှာ 120Hz refresh rate ပါတဲ့ ဖုန်းကို Razer Phone တွေမှာပဲ သုံးနိုင်တာ ဖြစ်ပါတယ်။



Photo: smartprix

Asus ကတော့ ROG Phone II ရဲ့ touch sensor ဟာ Android core အဆင့်မြှင့်တင်ချက်ကြောင့် 240Hz နှုန်းအထိ ရှိတယ်လို့ဆိုပါတယ်။ ROG Phone II ရဲ့ touch latency ကြန့်ကြာမှုဟာ ၄၉ မီလီစက္ကန့်ပဲ ရှိပြီး ဖုန်းတွေထဲမှာ အနည်းဆုံး touch latency လို့ကြေညာထားပါတယ်။

screen refresh rate အနေနဲ့120Hz အပြင် 60Hz နဲ့90Hz modes တွေလည်း သုံးနိုင်မှာပါ။ ဖုန်းမျက်နှာပြင်အရွယ်အစားဟာ ၆.၅၉ လက်မရှိပြီး မှန်ပြင်အောက် လက်ဗွေနည်းပညာ ပါတဲ့ 1080p OLED panel ကို သုံးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်းကိုတော့ Asus ROG Phone အတိုင်း hardcore ဂိမ်မာတွေအကြိုက် ထုတ်ထားတာပါ။

Gaming ဖုန်းဖြစ်တဲ့အတိုင်း Asus ROG Phone II ဟာ ဂိမ်းလုပ်ဆောင်ချက်တွေကို ဦးစားပေး ထုတ်ထားတဲ့ Snapdragon 855 Plus processor သစ်နဲ့လာပါတယ်။ Snapdragon 855 Plus SoC ဟာ ဂရပ်ဖစ်ပိုင်း လုပ်ဆောင်ချက်မှာ ၁၅% ပိုမြင့်လာပြီး CPU clock speeds လည်း ပိုမြန်လာပါတယ။်

ဈေးကွက်မှာ မြင်နေကျ ဖုန်းတွေအတိုင်း အပူလွန်ကဲမှုကို လျှော့ချဖို့အတွက် ဒီဖုန်းဟာ အပူကို အငွေ့အအေးခံစနစ်ကနေ external vents တွေအတိုင်း ထုတ်ပါတယ်။ ဒီဖုန်းနဲ့အတူ ဖုန်းအပူချိန်ကို ၅ ဒီဂရီစင်တီဂရိတ်အထိ လျှော့ချနိုင်မယ့် AeroActive Cooler II ပါလာပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့ ဒီ cooler ဟာ အသံလုံမှုမှာ အရင်ကထက် ၄ ဆပို လုံလာပြီး Kickstand တစ်ခုလိုလည်း သုံးနိုင်မှာပါ။

ဖုန်းအချက်အလက်တွေအနေနဲ့12GB RAM/512GB storage ၊ ကျောဘက် 48MP + ၁၂၅ ဒီဂရီ ultra-wide 13MP ကင်မရာ နဲ့အတူ PUBG ကို 60Hz နှုန်းနဲ့၇ နာရီကျော်ကြာ ကစားနိုင်မယ့် 6000mAh ဘက်ထရီတို့ပါဝင်ပါတယ်။ အားသွင်းမှုမှာတော့ 3A cable ကြိုးသုံးပြီး 30W ROG HyperCharge နည်းပညာနဲ့အမြန်အားသွင်းနိုင်မယ်လို့ဆိုပါတယ်။

Photo: The Verge

Asus ROG Phone II ဟာ 24MP selfie ကင်မရာနဲ့လာပြီး DTS:X Ultra စနစ် ပါတဲ့ စတီရီယိုစပီကာတွေကိုလည်း ရှေ့ဘက်မှာပဲ သုံးထားပါတယ်။ အသံပိုင်းမှာ ပထမမျိုးဆက် ROG Phone မှာ သုံးထားတဲ့ စပီကာတွေထက် ၂ ဆခွဲ ပိုကျယ်လာတာလည်း ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ဘေးမှာ သုံးတဲ့ AirTrigger တွေကိုလည်း အဆင့်မြှင့်ထားပြီး ဘယ်နဲ့ညာမှာ vibration motors နှစ်ခု ပါလာပါတယ်။

ဆော့ဖ်ဝဲလ်အနေနဲ့ဖုန်း setup လုပ်ချိန်မှာ stock Android သုံးမလား Asus ရဲ့ ROG UI နဲ့ပဲ သုံးမလား ရွေးချယ်နိုင်မယ်လို့ဆိုပါတယ်။ Asus ဟာ ROG Phone II နဲ့အတူ gaming accessories အဖြစ် dual screen ပါ TwinView dock နဲ့ROG Kunai Gamepad တို့ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ROG Phone II ရဲ့ ဈေးနှုန်းကိုတော့ ကုမ္ပဏီဘက်မှ ကြေညာထားခြင်း မရှိသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က