Gaming processor နဲ့ လာတဲ့ budget ဖုန်း

နာမည်ကြီး Entry-level စီးရီးဖြစ်တဲ့ Xiaomi Redmi စီးရီးကနေ အိန္ဒိယဈေးကွက်မှာ မြန်မာငွေ ၁ သိန်းခွဲကျော်ဈေးနဲ့ စတင်ရောင်းချသွားမယ့် Redmi 9 ကို မိတ်ဆက်လိုက်ပါတယ်။

Dual Cameras နဲ့ အကြီးစားဘက်ထရီပါတဲ့ Redmi 9 ဟာ တန်ဖိုးနည်းဖုန်းတစ်လုံးအနေနဲ့ စိတ်ဝင်စားစရာအကောင်းဆုံးဖုန်းတစ်လုံးလို့ ဆိုနိုင်ပါတယ်။ Xiaomi ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ Redmi 9 စီးရီးကို ကမ္ဘာ့ဈေးကွက်ထဲ မိတ်ဆက်ဖြန့်ချိခဲ့ပါတယ်။ 



Photo: FoneArena


အိန္ဒိယဈေးကွက်ထဲ ရောက်လာတဲ့ Redmi 9 ဟာ တရုတ်မှာ မိတ်ဆက်သွားတဲ့ Redmi 9C ကို ပုံစံနည်းနည်းပြန်‌ပြောင်းထားတာပါ။ Redmi 9 ဟာ ပိုလီကာဗွန်နိတ်ကိုယ်ထည်နဲ့လာပြီး P2i ရေစိုခံ Coating သုံးထားပါတယ်။ ကျောဘက်မှာ Aura Edge Design နဲ့ လာပြီး လက်ထဲမှာ ကိုင်လို့ ပိုကောင်းအောင် textured စင်းနဲ့ လာပါတယ်။

ကျောဘက်မှာ စတုရန်းပုံကင်မရာကွက် နဲ့ Fingerprint scanner တို့ သုံးထားပြီး ရှေ့မှာ waterdrop notch ပါရှိပါတယ်။ Redmi 9 ဟာ မျက်နှာပြင် ၆.၅၃ လက်မ IPS LCD display နဲ့ လာပြီး HD+ display ပါရှိပါတယ်။ notch ထဲမှာ 5MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။

ထူးခြားချက်တစ်ခုက Gaming အသားပေး MediaTek Helio G35 chipset နဲ့ လာပြီး RAM 4GB ပါရှိပါတယ်။ onboard storage ဟာ 128GB အထိ ပါလာပြီး နောက်ထပ် storage မြှင့်မယ်ဆိုရင် microSD card ကနေ ထပ်တိုးနိုင်မှာပါ။ ဘက်ထရီပါဝါဟာ 5000mAh ဖြစ်ပြီး 10W charging ပံ့ပိုးထားပါတယ်။


Photo: beebom

Android 10 OS နဲ့ နောက်ဆုံးပေါ် MIUI 12 သုံးထားပါတယ်။ Redmi 9 ဟာ အိန္ဒိယဈေးကွက်ထဲ MIUI 12 နဲ့ ပထမဆုံး ဝင်လာတဲ့ Xiaomi ဖုန်းလည်း ဖြစ်ပါတယ်။ ကျောဘက်စတုရန်းကွက်ကင်မရာ Module ထဲမှာ 13MP main sensor နဲ့ 2MP depth sensor သုံးထားပြီး AI Scene detection ၊ portrait mode နဲ့ Pro Mode တို့ ပါဝင်ပါတယ်။

RAM 4GB/64GB storage ဗားရှင်းကို ၈၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၆ သောင်းကျော်) နဲ့ 128GB storage ဗားရှင်းကို ၉၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ အရောင်အနေနဲ့ Sporty Orange ၊ Sky Blue နဲ့ Carbon Black ကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က