ပြည်တွင်းဈေးကွက်ထဲ ရောက်ရှိလာပါပြီ
Nyein Min Wai

HONOR အမှတ်တံဆိပ် စမတ်ဖုန်းတွေဟာ mid-ranger တွေအဖြစ် ထင်ရှားပြီး HONOR 20 Lite မှာလည်း စိတ်လှုပ်ရှားစရာ features တွေနဲ့သက်သာတဲ့ ဈေးနှုန်း သုံးထားပါတယ်။

အရင်ဆုံး HONOR 20 Lite ဆိုတာ ဘာလဲဆိုတာ တစ်ချက်ကြည့်ရအောင်။ တကယ်တော့ HONOR 20 Lite ဟာ HONOR 20 ရဲ့ low-cost ဗားရှင်းလို့ပြောရမှာပါ။ ပလတ်စတစ် body နဲ့လာပြီး 3D ရောင်ပြေးကာလာစပ်ပါဝင်တဲ့ Phantom Blue နဲ့Phantom Red ကာလာ ၂ ရောင်နဲ့ထွက်ထားပါတယ်။

Photo: HONOR Myanmar

မျက်နှာပြင် ၆.၂၁ လက်မ screen ဟာ DewDrop Notch ဒီဇိုင်းနဲ့လာပြီး display ရုပ်ထွက်အနေနဲ့FHD+ (2340 x 1080p) ဖြစ်လို့ရုပ်ထွက်အမြင့်တစ်လုံးလို့ဆိုရမှာပါ။ ဒီဇိုင်းပိုင်းနဲ့တစ်ချို့ သုံးထားတဲ့ specs တွေမှာ Huawei P30 Lite နဲ့ခပ်ဆင်ဆင်ပါပဲ။

HONOR 20 Lite ဟာ Huawei P30 Lite လိုပဲ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9.0 ပါပြီး fingerprint scanner နဲ့Face Unlock လုံခြုံရေးစနစ် ပါဝင်တာချင်းလည်း တူပါတယ်။ သုံးထားတဲ့ processor ကလည်း HiSilicon Kirin 710 chipset ဖြစ်လို့အချက်အလက်အားဖြင့် တူတဲ့အပိုင်း များများစားစား တွေ့ရမှာပါ။

HONOR 20 Lite ရဲ့ အရေးပါဆုံး key feature က ကင်မရာလို့ဆိုနိုင်ပါတယ်။ ကင်မရာပိုင်းမှာ HONOR 20 Lite ဟာ ထူးထူးခြားခြား လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ ညဘက်လိုမျိုး အလင်းအားနည်းချိန် ဓါတ်ပုံရိုက်ကူးမှုမျိုးမှာဆို Tripod မလိုဘဲ ပုံတွေ Smooth ဖြစ်အောင် ရိုက်ကူးနိုင်မယ့် Super Night Modeက စိတ်ဝင်စားစရာပါ။


Source: HONOR


နောက်တစ်ခုက ကျောဘက်မှာ ထောင်လိုက် တပ်ဆင်လာတဲ့ သုံးလုံးတွဲ ကင်မရာစနစ် ဖြစ်ပါတယ်။ HONOR 20 Lite ဟာ 24MP primary sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP wide-angle ကင်မရာ နဲ့2MP depth sensor ဆိုပြီး triple lens စနစ်နဲ့လာတာပါ။

သုံးလုံးတွဲကင်မရာစနစ်ကိုမှ မြင်ကွင်းအမျိုးအစား ၅၀၀ အထိ ခွဲခြား မှတ်သားနိုင်တဲ့ multi-scene recognition စနစ် ပါလာတာကြောင့် ကင်မရာ ရိုက်ကူးရေးမှာ နောက်ခံမြင်ကွင်းနဲ့ချိန်ညှိပြီး အကောင်းဆုံး ပုံရိပ်တွေ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာစွမ်းရည်အနေနဲ့HONOR 20 Lite မှာ မဖြစ်မနေ ညွှန်းသင့်တဲ့အရာတစ်ခုက 32MP AI selfie ကင်မရာ ဖြစ်ပြီး backlit ဆယ်လ်ဖီစနစ် ၊ on-board AI စနစ်နဲ့အသက်အရွယ် ၊ အသားအရေနဲ့ရိုက်ကူးသူရဲ့ အနေအထားကို လိုက်ပြီး selfie ကို retouch လုပ်ပေးနိုင်တဲ့ နည်းပညာတွေ ပါဝင်လာပါတယ်။

Huawei P30 Lite နဲ့နည်းနည်းကွာသွားတာက ဘက်ထရီပါဝါပိုကြီးလာတာ ဖြစ်ပြီး HONOR 20 Lite ဟာ 3400 mAh သုံးထားပါတယ်။ ဈေးနှုန်းမှာလည်း HONOR 20 Lite ဟာ Huawei P30 Lite ထက် မြန်မာငွေ ၈ သောင်းကျပ်ထိ သက်သာတဲ့ ဈေးနှုန်းပါ။

Photo: HONOR Myanmar

Triple lens ကင်မရာစနစ်နဲ့mid-range specs တွေ သုံးထားတဲ့ HONOR 20 Lite RAM 4GB/128GB storage ဗားရှင်းကို ပြည်တွင်းဈေးကွက်မှာ မြန်မာငွေ ၃ သိန်း ၁ သောင်း ၉ ထောင် ကျပ် ဈေးနဲ့ရောင်းချသွားမှာ ဖြစ်လို့သုံးလုံးတွဲ ကင်မရာနဲ့ဈေးအသက်သာဆုံး ဖုန်းတစ်လုံးလို့ညွှန်းချင်ပါတယ်။

နောက်ထပ် သတင်းကောင်းတစ်ခုက HONOR ဖုန်းတွေကို လာမယ့် စက်တင်ဘာလထဲမှာ ဝယ်ယူမယ်ဆိုရင် JOOX VIP ဝန်ဆောင်မှူ အခမဲ့ရရှိမယ်လို့ဆိုပါတယ်။ HONOR ဟာ JOOX music Streaming ပိုင်းနဲ့Strategic Partnership လုပ်ထားတာ ဖြစ်လို့ဝယ်ယူသူရဲ့ HONOR ဖုန်းမော်ဒယ်အလိုက် JOOX VIP ဝန်ဆောင်မှူကို ၁ လ ၊ ၃ လ နဲ့၆ လဆိုပြီး အခမဲ့ ရယူနားဆင်နိုင်မှာပါ။


ယခုဆောင်းပါးကို HONOR Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။


က္က