ကိုယ့်လက်ပေါ်က Personal Trainer အဖြစ် ရှိမယ့် ထုတ်ကုန်ပါ

စမတ်လက်ပတ်ထုတ်ကုန် ဈေးကွက်ထဲ ဝင်ရောက်လာတာ နှစ်အတော်ကြာပြီ ဖြစ်တဲ့ Honor ဟာ အခုဆို ပဥ္စမမျိုးဆက် Honor Band 5 ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် Honor Band 5 ဟာ လက်မှာ ပတ်ထားပြီး ညွှန်ကြားချက်တွေ ပေးမယ့် Personal Trainer တစ်ခုလို့ဆိုနိုင်ပါတယ်၊

Honor Band စမတ်လက်ပတ်တွေဟာ နည်းပညာအဆင့်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်လာတဲ့ ထုတ်ကုန်တွေပါ။ Honor Band 5 ဟာ ဒီဇိုင်းအနေနဲ့ သူ့အရင် ထွက်ထားတဲ့ Honor Band 4 နဲ့ သိပ်မကွာပါဘူး။ ၀.၉၅ လက်မ AMOLED touchscreen နဲ့လာပြီး မသိမသာလေး ကွေးထားပါတယ်။ display ရဲ့ အောက်မှာ ကြီးမားတဲ့ touch button တစ်ခု ထည့်ပေးထားပြီး home button အဖြစ် လုပ်ဆောင်နိုင်မှာပါ။

Photo: Honor Myanmar

သုံးထားတဲ့ AMOLED Display ဟာ အပြင် outdoor မှာလည်း အလင်းရောင်ကောင်းကောင်း သုံးနိုင်ပြီး brightness levels ကို ၅ မျိုး ပြောင်းထားနိုင်ပါတယ်။ Honor Band 5 မှာ ရွေးချယ်စရာ watch face အများအပြား ပါရှိပြီး watch face တစ်မျိုးချင်းစီဟာ သတင်းအချက်အလက် ပုံစံအမျိုးမျိုး ဖော်ပြနိုင်ပြီး နာရီမျက်နှာပြင်ကို tap လုပ်လိုက်တာနဲ့ connection အခြေအနေ ၊ ဘက်ထရီပါဝါနဲ့ လက်ရှိရာသီဥတုအကြောင်းတွေ ဖော်ပြနိုင်မှာပါ။

Honor Clock Face Store ထဲမှာ အိမ် ၊ ရုံးနဲ့ အားကစားခန်းမအပေါ်လိုက်ပြီး ကိုယ်ကြိုက်တဲ့ နာရီ face စတိုင်တွေကို ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ Honor Band 5 ဟာ မိနစ် ၅၀ အထိ ရေစိုခံနိုင်ပြီး သွားတဲ့ ခြေလှမ်း ၊ AI နည်းပညာသုံး တိကျမှုမြင့်မားတဲ့ နှလုံးခုန်နှုန်း တိုင်းတာမှု ၊ အိပ်စက်တဲ့ ကြာချိန် ၊ workout အချက်အလက်တွေနဲ့ အသိပေးချက်တွေကို ရိုးရှင်းလွယ်ကူတဲ့ UI နဲ့ ပြပေးပါတယ်။

Workout tab မှာ free training mode တစ်ခုအပါအဝင် workout options ၉ ခု ပါရှိပါတယ်။ ထူးခြားတာက SpO2 လို့ခေါ်တဲ့ သွေးတွင်း အောက်ဆီဂျင်လယ်ဗယ်ကို သိရှိနိုင်တဲ့ စနစ် ပါရှိတာကြောင့် workouts လုပ်နေချိန်အတွင်း ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုအနေအထားကို တိုက်ရိုက်သိရှိနိုင်မှာပါ။Honor Band 5 ဟာ နှလုံးခုန်နှုန်း ၊ သွေးတွင်း အောက်ဆီဂျင်ပျော်ဝင်မှုနဲ့ အိပ်စက်ခြင်းကို သိပ္ပံနည်းကျ တိုင်းတာမှုတွေ လုပ်ဆောင်နိုင်တဲ့ fitness tracker တစ်ခု ဖြစ်သလို ဆေးပညာဆိုင်ရာ အဖွဲ့အစည်းတွေကနေ ထောက်ခံချက်ပေးထားတဲ့ ထုတ်ကုန်လည်း ဖြစ်ပါတယ်။

Photo: Honor Myanmar


စမတ်ဖုန်းနဲ့တွဲပြီး သုံးရတဲ့ စမတ်လက်ပတ်ဖြစ်ပြီး ဖုန်းနေရာအထားမှားချိန်မျိုးမှာ အမြန်ရှာပေးနိုင်မယ့် စနစ်ပါရှိသလို Honor Band 5 ပတ်ထားတဲ့ လက်ကောက်ဝတ် မြှောက်လိုက်ရုံနဲ့ ကိုယ့်ဆီကို ပို့ထားတဲ့ မက်ဆေ့တွေ ၊ reminder သတင်းတွေ ကြည့်နိုင်သလို ဆယ်လ်ဖီဆွဲတာ ၊ group photos ရိုက်တာတွေ လုပ်နိုင်မှာပါ။ Honor Band 5 ဟာ တစ်ကြိမ်အားသွင်းထားတာနဲ့ standby ကို ၁၄ ရက်အထိ ထားနိုင်သလို heart rate tracking နဲ့ sleep tracking စနစ်တွေ ဖွင့်ထားချိန်မှာ ၆ ရက်အထိ အားခံနိုင်မှာ ဖြစ်ပါတယ်။

Honor Band 5 ဟာ ပုံမှန်စမတ်လက်ပတ်နဲ့ Sport ဗားရှင်းဆိုပြီး ထွက်ထားပါတယ်။ Honor Band 5 ကို ပြည်တွင်းဈေးကွက်မှာ မူရင်းဈေး ၃၈၉၀၀ ကျပ်ဈေးနဲ့ ရောင်းချပြီး Band 5 Sport ကို ၂၃၉၀၀ ကျပ် ဈေးနဲ့ ရောင်းမယ်လို့ကြေငြာထားပါတယ်။ Honor Band 5 နဲ့ Band 5 Sport ဗားရှင်း စမတ်လက်ပတ်တွေကို Shop.com.mm မှာလည်း ဝယ်ယူနိုင်ပြီလို့လည်း သိရပါတယ်။


ယခုသတင်းဆောင်းပါးအား Honor Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။



က္က