dual texture ဒီဇိုင်းနဲ့လာပါတယ်။

စမတ်ဖုန်းလောကမှာ ဆယ်လ်ဖီဆွဲမှ ဖုန်းကိုယ်ထည်ထဲကနေ အလိုလို ထွက်လာမယ့် pop-up ကင်မရာတွေ နာမည်ကြီးနေတာ ကြာပြီဆိုပေမယ့် Huawei ကတော့ ဒီ trend ထဲ အခုမှ ဝင်ရောက်လာတာပါ။


Photo: SlashGear



         Huawei P Smart Z ဟာ 16MP ဆယ်လ်ဖီကင်မရာ သုံးထားပြီး ဆယ်လ်ဖီဆွဲတာနဲ့တစ်စက္ကန့်အတွင်း ဖုန်းထဲကနေ အလိုအလျောက် pop-up တက်လာမယ့် ဖုန်းလည်း ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ဒီဖုန်းရဲ့ pop-up mechanism ဟာ ၂၆ ပေါင်ခွဲလေးတဲ့ ဖိအားကို ခံနိုင်ပြီး အကြိမ်ပေါင်း ၁ သိန်းအထိ အသွင်းအထုတ် လုပ်နိုင်မယ်လို့ဆိုပါတယ်။

         pop-up ကင်မရာစနစ်ကို သုံးသွားတဲ့ ဖုန်းဖြစ်လို့notch သုံးစရာမလိုတော့တာကြောင့် ၆.၅၉ လက်မ LCD display ဟာ အတော်လေးကို မှန်ပြင်နေရာယူမှု များလာတာ တွေ့ရပါတယ်။ ကျောဘက်မှာ fingerprint scanner ပါပြီး Google Pixel ဖုန်းတွေ အတိုင်း ကာလာလိုင်း နှစ်စပ်နဲ့ထွက်လာတာပါ။ ကျောဘက်မှာတော့ 16MP နဲ့2MP depth sensor တို့ပါရှိပါတယ်။

         ရှေ့နောက်ကင်မရာတွေဟာ မတူညီတဲ့ ကဏ္ဍအမျိုးအစား ၂၂ မျိုးထဲက မြင်ကွင်းပေါင်း ၅၀၀ ကျော်ကို မှတ်သားနိုင်ပြီး portrait တွေကို ပြန်ပြီး လှပအောင် retouch လုပ်နိုင်မှာပါ။ သုံးထားတဲ့ processor ကတော့ Huawei ရဲ့ mid-range chip ဖြစ်တဲ့ Kirin 710 SoC ဖြစ်ပြီး RAM 4GB/64GB storage နဲ့အတူ microSD card ကနေ 512GB အထိ ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။

Photo: SlashGear

         ဒီဖုန်းဟာ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9.0 နဲ့လာပြီး သုံးထားတဲ့ ဘက်ထရီကတော့ USB Type C ကနေ အားသွင်းနိုင်မယ့် 4000 mAh ဘက်ထရီ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီဖုန်းမှာ fast charging ရမရ မသိသေးပါဘူး။ အရောင်အနေနဲ့အနက် ၊ အပြာနဲ့အစိမ်း ကာလာ ၃ ရောင်နဲ့လာတဲ့ P Smart Z ကို အီတလီနဲ့စပိန်တို့မှာ ၂၇၉ ယူရို ( မြန်မာငွေ ၄ သိန်း ၈ သောင်းနီးပါး) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က