တန်ဖိုးသင့် 5G ဖုန််းတစ်လုံးပါ
Nyein Min Wai

Huawei P40 စီးရီးထဲက ဈေးအနည်းဆုံး Lite ဗားရှင်းကို ဥရောပဈေးကွက်မှာ ကြေညာလိုက်ပါတယ်။

Huawei ဟာ ဒီနှစ်ထဲမှာ P40 စီးရီးသစ်များအဖြစ် Huawei P40 ၊ P40 Pro ၊ P40 Pro+ နဲ့ P40 Lite တို့ကို မိတ်ဆက်ခဲ့တာပါ။ Huawei P40 Lite ဟာ ဥရောပဈေးကွက်အတွက် ထုတ်ကုန်သစ်ဖြစ်ပေမယ့် တရုတ်ဈေးကွက်မှာတော့ Huawei Nova 7 SE 5G နာမည်နဲ့ ပြီးခဲ့တဲ့ ဧပြီလထဲမှာ တရားဝင်ထွက်ရှိထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ 


Photo: Android Authority

Nova 7 SE အတိုင်း Punch-hole display သုံးထားပြီး IPS LCD display နဲ့ လာပါတယ်။ မျက်နှာပြင် ၆.၅ လက်မ ရှိပြီး FHD+ resolution သုံးထားပါတယ်။ EMUI 10 skin ပါ Android 10 OS နဲ့ လာပြီး Kirin 820 5G SoC ၊ RAM 6GB/128GB storage သုံးထားပါတယ်။ storage ထပ်မြှင့်ဖို့ Huawei ရဲ့ Nano Memory card ထည့်ပေးထားပါတယ်။

ကျောဘက်မှာ စတုဂံပုံစံ လေးလုံးတွဲကင်မရာကွက်စတိုင် သုံးထားပြီး 64MP main lens ၊ 8MP ultra-wide sensor ၊ 2MP macro lens နဲ့ 2MP depth sensor များ ပါရှိပါတယ်။ punch-hole ကင်မရာပေါက်ထဲမှာတော့ 16MP selfie ကင်မရာ ပါရှိပါတယ်။ Nova 7 SE 5G ဗားရှင်းအတိုင်း fingerprint sensor ကို ဘေးဘောင်ပါဝါခလုတ်ထဲ ထည့်သွင်းထားပါတယ်။

Huawei P40 Lite 5G ဟာ 40W fast charging ပံ့ပိုးထားတဲ့ 4000mAh ဘက်ထရီ သုံးထားပြီး ဥရောပဈေးကွက်မှာ ၃၉၉ ယူရို (မြန်မာငွေ ၆ သိန်းကျော်_ ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က