အရင် Black Shark တွေနဲ့ဈေးမကွာပါဘူး
Nyein Min Wai

PUBG ပစ်ပြပြီး promo ဆင်းခဲ့တဲ့ Xiaomi ရဲ့ တတိယမြောက် Gaming smartphone ကတော့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         Xiaomi ဟာ ၂၀၁၈ ခုနှစ်ထဲမှာ Black Shark နာမည်နဲ့ပထမဆုံး ဂိမ်းဖုန်း နဲ့Black Shark Helo ဆိုပြီး ဂိမ်းဖုန်း ၂ မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းနှစ်မျိုးစလုံးဟာ လက်ရှိ Gaming Smartphone နယ်ပယ်မှာ ဈေးအနည်းဆုံး ဂိမ်းဖုန်းတွေလည်း ဖြစ်ပါတယ်။

Photo: 9to5google

မတ်လ ၁၈ ရက်နေ့မှာတော့ Xiaomi ဟာ Black Shark 2 ကို ပွဲထုတ်လိုက်ပြီး ဒီဖုန်းဟာ Samsung ထုတ် ၆.၃၉ လက်မ AMOLED screen နဲ့လာတာပါ။ input latency လို့ခေါ်တဲ့ ဖုန်းသုံးရတာမှာ နှောင့်နှေးစေတဲ့ အနေအထားကို 43.5ms အထိ လျှော့ထားတာက touch screen တစ်ခုအတွက် လေးစားစရာလို့ဆိုနိုင်ပါတယ်။

         ဖုန်း screen ဟာ pressure sensitive နည်းပညာ ပါရှိပြီး ဖုန်း screen ရဲ့ ဘယ်/ညာဘက်တွေမှာ screen ကို ခပ်ဆဆ ဖိဆွဲပြီး သုံးနိုင်မယ့် Magic Press စနစ် သုံးလာတာပါ။ လက်ဗွေစနစ်ကိုလည်း ဒီ AMOLED display အောက်မှာပဲ ထည့်သွင်းထားတဲ့ in-display နဲ့လာတာဖြစ်ပါတယ်။ Xiaomi ကတော့ ဒီဖုန်းရဲ့ display ကို ဂိမ်းပိုင်းအတွက် အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးထားပြီး low brightness မှာ screen တုန်တာမှုန်တာကို လျှော့ချထားသလို ကာလာရုပ်ထွက် ပိုကောင်းအောင် လုပ်ဆောင်ထားတယ်လို့ကြေညာထားပါတယ်။

         ဂိမ်းဖုန်းဖြစ်လို့gameplay နေတုန်းမှာ ညက်ညောမှုရှိစေပြီး ဖုန်းမဟန်းစေအောင် အအေးပေးမယ့် vapor cooling chamber စနစ် ထည့်သွင်းထားပါတယ်။ processor ကိုကြည့်မယ်ဆိုရင် ၂၀၁၉ အတွက် flagship ဖုန်းတွေမှာပဲ မြင်ရမယ့် Snapdragon 855 SoC နဲ့လာတာ ဖြစ်လို့ဖုန်းစွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာ ရှိမှာ မဟုတ်ပါဘူး။

Photo: gsmarena

         RAM 6GB/128GB အတွဲနဲ့အတူ နောက်ထပ် top-tier ဗားရှင်းကြိုက်သူတွေအတွက် RAM 12GB/256GB မော်ဒယ်ဆိုပြီး ထွက်ထားလို့ကိုယ့်အကြိုက်ဗားရှင်းကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းဖုန်းတစ်လုံးအတွက် အရေးပါတဲ့ ဘက်ထရီပါဝါအတွက် Xiaomi Black Shark 2 ဟာ 27W fast charging သုံးထားတဲ့ 4000 mAh ဘက်ထရီနဲ့လာတာဖြစ်လို့ဂိမ်းကြာကြာဆော့ဖို့အတွက် စိတ်ချရမှာပါ။

         Black Shark 2 ဟာ ဂိမ်းဖုန်းဆိုပေမယ့် ကင်မရာစနစ်ကိုလည်း ကျောဘက် 48MP+12MP dual lens နဲ့ရှေ့ဘက် 20MP ကင်မရာဆိုပြီး အဆင့်အတန်းမြင့်မြင့် ထုတ်ထားတာ ဖြစ်ပါတယ်။ စပီကာအနေနဲ့Black Shark 2 ဟာ ရှေ့ဘက် dual front-facing စတီရီယိုစပီကာ ၂ လုံးထည့်ထားလို့ဂိမ်းခုတ်စဉ်မှာ အသံရဲ့ ဆွဲဆောင်မှုကလည်း စိတ်ကြိုက်တွေ့စရာ ဖြစ်မယ်လို့ဆိုပါတယ်။

         ဒီဖုန်းကို တရုတ်ဈေးကွက်မှာ အနိမ့်မော်ဒယ်အတွက် ၃၂၀၀ ယွမ် (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) ကနေ အမြင့်ဗားရှင်းကို ၄၂၀၀ ယွမ် (မြန်မာငွေ ၉ သိန်း ၆ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။ Black Shark ဟာ ဖုန်းကို console စက်တစ်လုံးလို ပုံစံပြောင်းနိုင်မယ့် GamePad 3.0 ကိုလည်း ဒီပွဲမှာ မိတ်ဆက်ထားပါတယ်။

      


Author


က္က