ထူးထူးခြားခြား ဖုန်းသစ်တွေပါ
Nyein Min Wai

ဂျာမဏီနိုင်ငံ ဘာလင်မှာ ကျင်းပခဲ့တဲ့ IFA 2019 ကတော့ ပြီးသွားခဲ့ပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်နီးပါး ကျင်းပသွားတဲ့ ဒီအီလက်ထရွန်းနစ် နည်းပညာပြပွဲကြီးမှာ ဖုန်းအမျိုးမျိုး ပါဝင်ပြသခဲ့ပြီး ထူးခြားတဲ့ ဖုန်းသစ်တွေလည်း ပါဝင်ခဲ့ပါတယ်။


(၁) Samsung Galaxy A90 5G

Photo: techmoran


မျိုးဆက်သစ် ကွန်ရက်နည်းပညာဖြစ်တဲ့ 5G ကို Samsung ရဲ့ mid-range စီးရီးဖြစ်တဲ့ Galaxy A စီးရီးမှာ စတင်အသုံးပြုလာတာက တကယ်ထူးခြားပါတယ်။ အလတ်တန်းစားတန်းဝင် ဖုန်းသစ်ဖြစ်တဲ့ Galaxy A90 5G ဟာ Samsung ရဲ့ စတုတ္ထမြောက် 5G ဖုန်းဖြစ်ပြီး high-end processor ဖြစ်တဲ့ Snapdragon 855 SoC နဲ့လာပါတယ်။

မျက်နှာပြင် ၆.၇ လက်မ Super AMOLED display သုံးထားတဲ့ Galaxy A90 5G ဟာ ရှေ့ကင်မရာ 32MP အတွက်ပဲ ကွက်ချန်ထားတဲ့ Infinity U display နဲ့လာပြီး fingerprint ကိုတော့ ဖုန်းမှန်ပြင်အောက်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဖုန်းကျောဘက်မှာ Geomeric pattern ဆန်းကို သုံးထားပြီး 48MP ၊ 8MP ultra-wide နဲ့5MP depth sensor ကင်မရာများ သုံးထားပါတယ်။


(၂) Motorola One Zoom

Photo: digitaltrends


ကင်မရာ ၄ လုံးတွဲ စနစ်ကိုမှ ထောင်လိုက် ထောင့်မှန်စတုဂံကွက် ခပ်ဆန်းဆန်းနဲ့လာတာကတော့ Motorola One Zoom ပါပဲ။ ကင်မရာစနစ်ပိုင်း ထူးခြားပြီး OIS ရုပ်ငြိမ်စနစ် နှစ်ခုပါလာတဲ့ ဖုန်းဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ လူကြိုက်များတဲ့ 48MP ကင်မရာကို primary lens အဖြစ် သုံးထားပြီး 3x optical zoom ဆွဲနိုင်တဲ့ 8MP tele lens ၊ 16MP ultra-wide ကင်မရာနဲ့portrait mode ရိုက်ချက်တွေ ရိုက်ကူးနိုင်မယ့် 5MP depth sensor ပါလာပါတယ်။

ရှေ့ဘက်မှာ 25MP ကင်မရာ ၊ Snapdragon 675 processor ၊ RAM 4GB နဲ့128GB storage တို့ပါလာပြီး under-display fingerprint scanner သုံးလာတာပါ။ Motorola One Zoom ကလည်း mid-range တန်းဝင် ဖုန်းဖြစ်ပြီး ဈေးကတော့ ဒေါ်လာ ၄၅၀ ဖြစ်ပါတယ်။


(၃) Nokia 7.2


Photo: 9to5google

ကင်မရာဒီဇိုင်းကို ကြည့်မယ်ဆိုရင် တစ်ခြားဖုန်းတွေနဲ့လုံးဝမတူတဲ့ အဝိုင်းပုံစံ သုံးထားတာက Nokia 7.2 ပါ။ HMD Global ကနေ ဦးစီး ထုတ်လုပ်နေတဲ့ Nokia 7.2 ဟာ Nokia အမှတ်တံဆိပ်တွေထဲမှာ ပထမဆုံး 48MP ကင်မရာ သုံးလာတဲ့ဖုန်းဖြစ်ပြီး 8MP ultra-wide နဲ့5MP depth sensor သုံးလုံးတွဲ ကင်မရာ ပါလာပါတယ်။


Nokia 7.1 ဟာ ရှေ့ဘက် 20MP ကင်မရာနဲ့အတူ Snapdragon 660 processor ၊ ဆန်းသစ်ထူးခြားတဲ့ ဒီဇိုင်းပါတဲ့ Android One ဖုန်းဖြစ်ပြီး ဈေးကွက်ရဲ့ တောင်းဆိုမှုကို စောင့်ကြည့်ရမှာပါ။


(၄) Sony Xperia 5


Photo: 9to5google

Compact ဒီဇိုင်းမှာ Sony က နာမည်ကြီးပါ။ Sony Xperia 5 ကို Compact စစ်စစ်လို့ပြောမရပေမယ့်လည်း အိတ်ကပ်ထဲမှာ ထည့်လို့ကောင်းမယ့် ဆိုဒ်သုံးထားတာပါတယ်။ ဒီဖုန်းဟာ ၆.၁ လက်မ OLED display နဲ့လာပြီး Sony ရဲ့ နာမည်ကျော် 21:9 CinemaWide display ပါရှိပါတယ်။

Snapdragon 855 SoC ၊ RAM 8GB/128GB storage ၊ 12MP ကင်မရာ ၃ လုံး ပါပြီး ဒီ lens သုံးခုစလုံးဟာ OIS photo stabilization နဲ့OIS/EIS video stabilization စနစ်များ ပါဝင်လာပါတယ်။ ရှေ့ဘက် 8MP ကင်မရာမှာလည်း 5-axis stabilization ရှိတဲ့ Intelligent Active Mode ပါရှိပါတယ်။



(၅) LG G8X ThinQ

Photo: Blic


screen နှစ်ခုပါတဲ့ ဖုန်းပါ။ IP68 rating ရပြီး အကြမ်းခံမှုမှာ စစ်တပ်အဆင့်သုံး MIL STD 810G ရထားတဲ့ ဖုန်းပါ။ screen နှစ်ခုဟာ ၃၆၀ ဒီဂရီ ခေါက်နိုင်တဲ့ ပတ္တာ case တစ်ခုပါပြီး USB port နဲ့ချိတ်နိုင်မယ့် pogo pin connector တစ်ခု ထည့်ထားပါတယ်။

ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်ပါ 12MP ကင်မရာ နဲ့13MP wide-angle ကင်မရာတွေ သုံးထားပြီး ရှေ့မှာ 32MP selfie ကင်မရာ ပါလာပါတယ်။ တစ်ခြား specs တွေအနေနဲ့Qualcomm Snapdragon 855 ၊ RAM 6GB/128GB storage ၊ in-display လက်ဗွေနည်းပညာတွေကိုလည်း ဒီဖုန်းမှာ မြင်ရမှာပါ။


က္က