Snapdragon 670 SoC သစ်နဲ့ထွက်ထားတာပါ
Nyein Min Wai

ဖုန်းမှန်ပြင်အောက် လက်ဗွေထားတဲ့ စနစ်ကို ပထမဆုံး သုံးလာခဲ့တဲ့ Vivo ကတော့ waterdrop notch သစ်နဲ့UD Fingerprint ပါ Vivo X23 ကို တရုတ်ဈေးကွက်မှာ ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

Vivo-X23.jpg

Photo: GSMArena

 

ဒီဖုန်းဟာ မထွက်ခင်ကတည်းက ကြားထားတဲ့ အချက်အလက်တွေနဲ့ကိုက်ညီနေပါတယ်။ မျက်နှာပြင် ၆.၄၁ အရွယ် Super AMOLED display သုံးထားပြီး ဒီ screen အောက်မှာ လက်ဗွေဖတ်စနစ်ကို မြှပ်ထားပါတယ်။ display ဒီဇိုင်းမှာ ပြောင်းလဲလာတာ တစ်ခုက OPPO ရဲ့ waterdrop notch ဒီဇိုင်းကို ယူသုံးလာတာပါ။

processor ပိုင်းမှာ Qualcomm ရဲ့ mid-range အမျိုးအစား Snapdragon 670 processor နဲ့လာပြီး ဖုန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် Dual Turbo Acceleration Engine နည်းပညာသစ် ပါဝင်လာပါတယ်။

RAM ပမာဏ 8GB နဲ့အတူ 128GB storage ပါရှိတာကြောင့် app နဲ့ဂိမ်းအကြီးစားတွေ ထည့်သွင်း ဆော့ကစားနိုင်မှာပါ။ဘက်ထရီကလည်း 22.5W fast charging စနစ် ပါဝင်တဲ့ 3400 mAh ဘက်ထရီ ဖြစ်လို့အားသွင်းမှု အလွန်မြန်ဆန်နေမှာ ဖြစ်ပါတယ်။

ကင်မရာစနစ်အနေနဲ့f/1.8 အပါချာပါတဲ့ 12MP ပင်မကင်မရာ နဲ့f/2.4 ပါဝင်တဲ့ 13MP ultrawide ကင်မရာများ ထည့်သွင်းထားပါတယ်။ ဒီကင်မရာအတွဲဟာ bokeh နဲ့portrait mode တွေ ဖမ်းဖို့အတွက် 3D နောက်ခံပုံဖော်စနစ်ကို ဖမ်းယူနိုင်မှာပါ။ ရှေ့ဘက် 12MP ကင်မရာကတော့ ဆယ်လ်ဖီအပြင် IR Face Unlock လော့စနစ်နဲ့AI အလှပြင်စနစ်များ ပါဝင်ပါတယ်။

ဆော့ဖ်ဝဲလ်ပိုင်းမှာ Vivo ရဲ့ Funtouch OS 4.5 ထည့်သွင်းထားတဲ့ Android 8.1 Oreo ကို သုံးထားပါတယ်။ Vivo X23 ကို Phantom Red ၊ Purple နဲ့အပြာ ကာလာ ၃ ရောင်နဲ့မိတ်ဆက်ထားပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရောင်းချသွားမှာပါ။

Capture.PNG

Photo: XDA Developers

 

တရုတ်ဈေးကွက်မှာတော့ 8GB/128GB မော်ဒယ်တစ်မျိုးတည်းနဲ့မိတ်ဆက်သွားမှာ ဖြစ်ပြီး ဈေးနှုန်း ယွမ် ၃၅၀၀ (မြန်မာငွေ ၇ သိန်းကျော်) ဈေးသတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က