mid-ranger တွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးတွေ လာတော့မှာပါ
Nyein Min Wai

Samsung ရဲ့ တန်ဖိုးနည်း Galaxy M series ထဲမှာ မြန်မာငွေ ၄ သိန်း ကျော်ဈေးကနေ စတင်ရောင်းချသွားမယ့် Galaxy M40 သစ် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။


         Galaxy ဖုန်းတွေထဲမှာ တန်ဖိုးအနည်းဆုံး mid-ranger M series သစ်ဖြစ်တဲ့ Galaxy M10 နဲ့M20 တို့ဟာ ဇန်နဝါရီလကုန်ပိုင်းမှာ ဈေးကွက်ထဲ ရောက်လာခဲ့တဲ့ ဖုန်းတွေ ဖြစ်ပြီး ဝယ်လိုအားမြင့်နေတဲ့ ဖုန်းတွေလည်း ဖြစ်ပါတယ်။ Galaxy M40 ထွက်လာချိန်မှာတော့ M series တွေကို ဒီဇိုင်းနဲ့ကင်မရာ specs မြှင့်လိုက်ပြီလို့ဆိုနိုင်ပါတယ်။

Photo: gadgetmatch

         မျက်နှာပြင် ၆.၃ လက်မအရွယ် Galaxy M40 ဟာ HD+ LCD display သုံးထားပြီး 1080x 2340p ရုပ်ထွက်မြင့်နဲ့လာတာပါ။ ထူးခြားတာက Galaxy S10 လို high-end မော်ဒယ်မှာ သုံးခဲ့တဲ့ Infinity O display ဒီဇိုင်းနဲ့ထွက်လာတာ ဖြစ်ပါတယ်။ Infinity O ဟာ ရှေ့ကင်မရာနေရာအတွက် အပေါက်ကလေးတစ်ခုပဲ ချန်ထားတဲ့ punch hole ဒီဇိုင်း ဖြစ်ပြီး ဖုန်းဘယ်ဘက် အပေါ်ထောင့်မှာ သုံးသွားတာပါ။

         နောက်ထပ် ထူးခြားချက်တစ်ခုက Screen sound အသံနည်းပညာလို့ခေါ်တဲ့ display ကိုပဲ စပီကာလို အလုပ်လုပ်စေမယ့် နည်းပညာကို သုံးသွားခြင်း ဖြစ်ပါတယ်။ Infinity O ထဲမှာတော့ 16MP ဆယ်လ်ဖီကင်မရာ ထည့်ထားပါတယ်။ Galaxy M40 ဟာ Snapdragon 675 SoC နဲ့လာပြီး RAM 6GB အထိ သုံးထားပါတယ်။

         storage အနေနဲ့128GB တစ်မျိုးတည်း ထွက်ထားပြီး microSD card ကနေ 512GB အထိထပ်တိုးနိုင်မယ်လို့လည်း ဆိုပါတယ်။ Galaxy M40 ဟာ Galaxy M-series တွေထဲမှာ ပထမဆုံး Android 9 Pie ကို Samsung One UI နဲ့လာတဲ့ ဖုန်းပါ။ Dolby ATMOS support ပေးထားပြီး နားကြပ်ပေါက် မသုံးတော့တာကတော့ စိတ်မကောင်းစရာလို့ဆိုရမှာပါ။

Photo: GSMArena

         ကျောဘက်ကင်မရာစနစ်အရ M-Series တွေထဲမှာ ပထမဆုံး ၃ လုံးတွဲ ကင်မရာတွေ သုံးထားတာ ဖြစ်ပြီး 32MP main ကင်မရာ ဟာ 8MP ultra wide ကင်မရာနဲ့5MP depth sensor တို့နဲ့တွဲသုံးသွားတာ ဖြစ်ပါတယ်။ ဒီကင်မရာစနစ်တွေကြောင့် ရုပ်သံရိုက်ကူးမယ်ဆိုရင် 4K resolution အထိ ပံ့ပိုးပေးနိုင်ပြီး Super Slow-moကို 240fpsနှုန်းနဲ့ရိုက်နိုင်မယ်လို့ဆိုပါတယ်။

         fingerprint scanner ကိုလည်း ကျောဘက်မှာပဲ သုံးထားပြီး 3500 mAh ဘက်ထရီဟာ 15W charging ပံ့ပိုးမှု ပါရှိပါတယ်။ အရောင်အနေနဲ့Midnight Blue နဲ့Seawater Blue ကာလာ ၂ ရောင်နဲ့ထွက်ထားပြီး အိန္ဒိယဈေးကွက်က အွန်လိုင်းစတိုးတွေမှာ လာမယ့် ဇွန် ၁၈ ရက်နေ့်ကစပြီး ရောင်းချသွားမယ်လို့ဆိုပါတယ်။ တစ်ခြားဈေးကွက်တွေမှာ ရောင်းမယ့် ဈေးနှုန်း မသိရသေးပေမယ့် အိန္ဒိယမှာတော့ ဒီဖုန်းကို ၁၉၉၉၀ ရူပီး ( မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က