ဈေးပိုသက်သာတဲ့ 5G Laptop တွေ မြင်ရတော့မှာပါ

Intel ဟာ MediaTek နဲ့ ပူးပေါင်းပြီး Laptop processor တွေမှာ သုံးဖို့အတွက် 5G Modems တွေ ထုတ်လုပ်သွားတော့မှာပါ။

ကနဦးက Intel ဟာ 5G chips တွေ ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် Qualcomm နဲ့ မယှဉ်နိုင်တာကြောင့် ဒီအစီအစဉ်ကို စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။ Intel ဟာ မျိုးဆက်သစ် Intel နည်းပညာသုံး laptop တွေမှာ သုံးဖို့အတွက် MediaTek နဲ့ ပေါင်းပြီး T700 5G modem ကို မိတ်ဆက်လိုက်တာပါ။ 



Photo: mspoweruser


ဒီ 5G Modem ဟာ laptop တွေအတွက် MediaTek ရဲ့ ပထမဆုံး 5G ထုတ်ကုန်လည်း ဖြစ်ပါတယ်။ chip မှာ Non-Standalone Sub-6 5G နဲ့ 4G LTE ကွန်ရက်ပေါ် မှီခိုမှု မရှိတဲ့ standalone 5G ခေါ်ဆိုမှုတွေ ပံ့ပိုးထားပါတယ်။ MediaTek ရဲ့ အဆိုအရ Non-Standalone Sub-6 ကွန်ရက်ဟာ စွမ်းအင်စီမံမှုအားကောင်းတာကြောင့် ဘက်ထရီသက်တမ်းပါ စိတ်ချရမယ်လို့ ဆိုပါတယ်။

လက်ရှိ ဈေးကွက်မှာ 5G ထုတ်ကုန်နဲ့ ပတ်သက်ပြီး Qualcomm က ကြီးစိုးနေတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ကြေညာထားတဲ့ 5G လက်ပ်တော့တွေဖြစ်တဲ့ Dell Latitude 9510 2 in 1 မော်ဒယ် ၊ HP Elite Dragonfly G2 နဲ့ Lenovo Flex 5G တို့ဟာလည်း Qualcomm ရဲ့ 5G Modem ကို သုံးထားပါတယ်။ 

Intel နဲ့ MediaTek တို့ရဲ့ ပူးပေါင်းမှုကြောင့် မကြာခင်မှာ MediaTek ရဲ့ 5G modems ပါ လက်ပ်တော့မော်ဒယ်သစ်တွေ မြင်ရတော့မှာပါ။ MediaTek ရဲ့ ထုတ်ကုန်ဟာ Qualcomm ထက် ဈေးပိုသက်သာတာကြောင့် 5G laptop သစ်တွေလည်း ဈေးနှုန်းအသင့်အတင့်နဲ့ မိတ်ဆက်လာဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က