flagship မော်ဒယ် အန်းဒရိုက်ဖုန်းတစ်ချို့မှာ ပါထားတဲ့ features တွေပါ
Nyein Min Wai

Apple ရဲ့ နောက်ဆုံးပေါ် iPhone 11/11 Pro နဲ့11 Pro Max တို့ဟာ ငြင်းစရာမရှိအောင် ပရီမီယံကျတဲ့ ဖုန်းတွေပါ။ ဒါပေမယ့် အခုပြောတဲ့ ခေတ်ပေါ်စမတ်ဖုန်း features တွေတော့ သုံးမထားပါဘူး။


(၁) USB-C

Photo: androidpit


USB Type C လို့ခေါ်တဲ့ 24 pin USB Connector စနစ်ကို ဒီနှစ် iPhone သစ်တွေမှာ သုံးမယ်လို့အားလုံးက မျှော်လင့်ခဲ့ကြတာပါ။ အန်းဒရိုက်ဖုန်းတိုင်းလိုလို USB-C port သုံးနေချိန်မှာ iPhone 11 ဟာ Lightning ports တွေနဲ့ပဲ လာပါတယ်။

USB C port သုံးတဲ့ iPad နဲ့MacBook Pro တွေ ထွက်ထားတာကြောင့် iPhone သစ်တွေမှာ USB C ပါမယ်လို့ထင်ကြတာလည်း မမှားပါဘူး။ iPhone 11 Pro မော်ဒယ်တွေကတော့ 18W fast charger နဲ့USB C ကနေ Lightning cable တစ်ခု ပါလာတာကြောင့် USB C MacBook Pro နဲ့iPad တွေနဲ့တိုက်ရိုက်ချိတ်နိုင်တော့မှာပါ။


(၂) 90Hz display


Photo: Trusted Review

ရိုးရိုး Retina display နဲ့Super Retina XDR OLED display တွေဟာ တကယ့်ကို မိုက်ပါတယ်။ ဒါပေမယ့် iPhone 11 မှာ သုံးတဲ့ screen ဟာ ရိုးရိုး 60Hz refresh rate ပဲ ရတဲ့ screen ဖြစ်ပါတယ်။ 90Hz screen တွေဟာ 60Hz screen တွေထက် သုံးရတာ ပိုပြီး ညက်ညောမြန်ဆန်သလို ပရီမီယံဆန်တဲ့ ခံစားမှု ပေးပါတယ်။

90Hz display ကို Razer ၊ Asus နဲ့အခုဆို OnePlus 7 Pro တို့မှာ သုံးလာပြီ ဖြစ်ပါတယ်။ Apple အပါအဝင် တစ်ခြား ထိပ်သီး စမတ်ဖုန်း brand ကြီးတွေမှာလည်း 60Hz screen ပဲ သုံးနေဆဲ ဖြစ်တာ ထူးဆန်းပါတယ်။


(၃) notchless design


Photo: androidpolice

iPhone 11 ဟာ FaceID sensor မျိုးစုံနဲ့ဆယ်လ်ဖီကင်မရာတွေကို ထားဖို့notch အကြီးစားကိုပဲ ဆက်သုံးထားပါတယ်။ အခုနောက်ပိုင်း ထွက်လာတဲ့ High-end/upper mid-ranger ဖုန်းတွေမှာ မှန်ပြင်ပြည့်ဒီဇိုင်း ဖြစ်စေဖို့အတွက် notch အစား pop-up/slider ကင်မရာတွေ ပြောင်းလဲ သုံးလာပါတယ်။

OnePlus 7 Pro မှာဆိုရင်လည်း notch တွေ ၊ punch hole တွေအစား ဆယ်လ်ဖီဆွဲမှ ဖုန်းကိုယ်ထည်ထဲကနေ ကင်မရာ ထွက်လာတဲ့ Pop-up selfie ကင်မရာ ပါလာပါတယ်။ Apple ရဲ့ FaceID မျက်နှာပြင်ဖတ်စနစ်ဟာ အတော်လေး ရှုပ်ထွေးပြီး အဆင့်မြင့်တဲ့ အာရုံခံစနစ်တွေသုံးထားတာကြောင့် ဒီလောက် များပြားတဲ့ sensor တွေကို ဝှက်ဖို့ဆိုတာ ခက်ပါတယ်။


(၄) မှန်ပြင်အောက် လက်ဗွေနည်းပညာ

Photo: Trusted Review


iPhone XR/XS နဲ့XS Max က စပြီး fingerprint scanner ကို Apple အနေနဲ့မသုံးတော့ပါဘူး။ FaceID ကပဲ iPhone သစ်တွေရဲ့ တစ်ခုတည်းသော Biometric စနစ်ပါ။ Vivo ကနေ စတင်လာခဲ့တဲ့ မှန်ပြင်အောက် လက်ဗွေဖတ်စနစ်ဟာ အခုဆိုရင် အလတ်တန်းနဲ့အမြင့်စား အန်းဒရိုက်ဖုန်း အားလုံးနီးပါးဆီ ရောက်လာပြီ ဖြစ်ပါတယ်။


(၅) Bilateral Wireless Charging

Photo: Trend Hunter


၂၀၁၈ ခုနှစ်က Huawei ဟာ Mate 20 series နဲ့အတူ တစ်ခြားဖုန်းတွေကို ကြိုးမဲ့အားပြန်သွင်းပေးနိုင်မယ့် Reverse Wireless Charging စနစ် တစ်ခု ဖန်တီးခဲ့ပါတယ်။ ဒီနည်းပညာမျိုးကို ၂၀၁၉ ထုတ် Samsung Galaxy S10 နဲ့Note 10 ဖုန်းတွေမှာလည်း မြင်ခဲ့ရပါတယ်။

iPhone 11 စီးရီးမှာ Bilateral Wireless Charging လို့ခေါ်တဲ့ တစ်ခြားဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်မယ့် စနစ် ပါမယ်လို့သတင်းထွက်ခဲ့ပေမယ့် ဖုန်းသစ် မိတ်ဆက်ပွဲမှာ ပြောမသွားပါဘူး။ အခုထိ ကြားနေရတဲ့ သတင်းတွေအရ iPhone 11 တွေမှာ Reverse Wireless Charging နည်းပညာ ပါပေမယ့် ဆော့ဖ်ဝဲလ်နဲ့ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။


(၆) 5G


Photo: xda-developers

ဒါကတော့ အစောကတည်းက ကြားထားပြီးသား သတင်းပါ။ Apple ဟာ ၂၀၂၀ ရောက်မှ 5G iPhone တွေ ကြေညာနိုင်ဖို့ရှိပါတယ်။ အခုလိုု 5G ခေတ်ဦးကာလမှာ Samsung ၊ Huawei ၊ Vivo ၊ OnePlus ၊ LG ၊ ZTE၊ Xiaomi စတဲ့ အန်းဒရိုက်ဖုန်းကုမ္ပဏီတွေက စောစောစီးစီး မိတ်ဆက်ထားပြီ ဖြစ်ပါတယ်။



က္က