Apple services သစ်တွေလည်း မိတ်ဆက်ခဲ့ပါတယ်။
Nyein Min Wai

By Innovation Only ဆိုတဲ့ Tagline နဲ့ခေါင်းစဉ်တပ်ပြီး ကျင်းပသွားတဲ့ iPhone 11 ပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီပွဲမှာ တကယ်ရော Innovation တွေ မြင်ခဲ့ရပါသလား။


စတိဗ်ဂျော့စ် ရှိစဉ်အခါက iPhone မိတ်ဆက်ပွဲတွေမှာ One More Thing ဆိုပြီး မှင်သက်စရာတွေ မြင်ခဲ့ရသူတွေအတွက် iPhone သစ် မိတ်ဆက်ပွဲဆိုရင် မှော်ဆရာဦးထုပ်ထဲ လက်နှိုက်သလို ရင်ခုန်ခဲ့ကြတာပါ။ ဒီနှစ်အတွက် iPhone 11 event ပွဲတက်ဖိတ်စာမှာ By Innovation Only ဆိုတဲ့ စာသားကို ထင်ထင်ရှားရှား သုံးသွားတာကြောင့် အားလုံးပဲ မျှော်လင့်ချက်တွေ မြင်ခဲ့ကြပါတယ်။


တကယ်တမ်း ပွဲကျင်းပသွားချိန်မှာ By Innovation Only ဆိုတဲ့ အစား By Iteration Only လို့ပဲ ခေါ်သင့်တယ်လို့Business Insider က သုံးသပ်လိုက်ပါတယ်။


(၁) iPad သစ်

Photo: The Verge


ပွဲအစမှာ အရင်ဆုံး မိတ်ဆက်လိုက်တဲ့ ထုတ်ကုန်သစ်က iPad သစ်ပါ။ iPad သစ်မှာ ထူးခြားတာက screen နည်းနည်း ပိုကြီးလာတဲ့ ၁၀.၂ လက်မ Retina Display နဲ့လာပြီး ဈေးနည်းတယ် ပြောနိုင်တဲ့ ၃၂၉ ဒေါ်လာ ဈေးပဲ ဖြစ်ပါတယ်။



(၂) Apple Watch Series 5

Photo: newatlas


ပဉ္စမမျိုးဆက် Apple Watch သစ်မှာ ဆန်းသစ်လာတာက Always-on Display စတင် အသုံးပြုလာတာဖြစ်ပါတယ်။ ကျန်တာကတော့ အရင်နှစ်က ထွက်ထားတဲ့ Watch Series 4 ကို နည်းနည်းလေးပဲ update လုပ်သွတားတာပါ။


(၃) iPhone 11

Photo: The Verge


ကာလာဆန်း ၆ မျိုးသုံးလာပြီး ultrawide camera သစ် ပါလာပါတယ်။ iPhone XR ရဲ့ အဆက် iPhone 11 ဟာ dual lens သုံးလာတာကို အသစ်လို့ဆိုနိုင်ပါတယ်၊ IP8 rating ရေစို ဖုန်တင်ခံလာတာဟာ ကြိုဆိုရမယ့် အချက်ဖြစ်ပါတယ်။ ကျန်တာကတော့ ပုံမှန် upgrade လုပ်တဲ့အတိုင်း A13 Bionic processor သစ်ဖြစ်ပြီး ကင်မရာဒီဇိုင်း ပြောင်းတာကလည်း အပြောင်းအလဲ ဖြစ်ပေမယ့် သိပ်အဆန်းတကြယ်တော့ မဟုတ်ပါဘူး။


(၄) iPhone 11 Pro & Pro Max

Photo: businessinsider

၃ လုံးတွဲ ကင်မရာကို စတင် အသုံးပြုလာပေမယ့် ကျန်တာကတော့ iPhone XS နဲ့မကွာပါဘူး။ ကင်မရာစွမ်းရည်ဟာ iPhone 11 Pro ရဲ့ အဓိက အသားပေးဖြစ်ပြီး Deep Fusion ဆိုတဲ့ အကောင်းဆုံးဓါတ်ပုံကို ဖုန်းရဲ့ Neural Engine ကနေ ရွေးနိုင်တဲ့ စနစ်ကလည်း ဆန်းသစ်ပါတယ်။ ဒီနှစ်ထဲမှာတော့ သုံးလို့ရဦးမှာ မဟုတ်တဲ့ feature လည်း ဖြစ်ပါတယ်။


Business Insider ကတော့ iPhone 11 event ရဲ့ အဆန်းသစ်ဆုံး ကြေညာမှုဟာ Apple ရဲ့ ဝန်ဆောင်မှုသစ်တွေ ဖြစ်တဲ့ Apple Arcade နဲ့Apple TV Plus တို့ဖြစ်တယ်လို့ဆိုပါတယ်။ မိသားစုသုံး တစ်လ ၅ ဒေါ်လာ အစီအစဉ်နဲ့ရုပ်သံဇာတ်လမ်းတွဲတွေ ၊ ဂိမ်းတွေ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပြီးApple ထုတ်ကုန်သစ် ဝယ်သူတွေအတွက် တစ်နှစ်စာ free သုံးနိုင်မယ့် ဝန်ဆောင်မှုတွေပါ။


က္က