iPad Air နဲ့ Apple Watch Series သစ်တို့ မိတ်ဆက်သွားဖို့ ရှိပါတယ်

Time Flies ဆိုတဲ့ tagline ပေးထားတဲ့ Apple ပွဲကို စက်တင်ဘာ ၁၅ ရက်မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။


COVID-19 ကြောင့် Apple ရဲ့ နှစ်စဉ်ကျင်းပနေကျ စက်တင်ဘာပွဲကို ဒီနှစ်ထဲ အွန်လိုင်း Virtual ပွဲတစ်ခုအဖြစ် လုပ်ဆောင်သွားမှာပါ။ နောက်ဆုံးရထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာ ၁၅ ရက် Apple Event မှာ iPhone 12 စီးရီးသစ်ကို မြင်ရဖို့ အလားအလာလည်း နည်းနေပါတယ်။ ဒါဆို ဒီနှစ် စက်တင်ဘာအထူးပွဲမှာ Apple ဘက်က ဘာတွေ မိတ်ဆက်သွားဖို့ ရှိမလဲ။




(၁) iPad Air သစ်


Photo: 9to5Mac

iPad Air ဟာ ဒီနှစ်ထဲမှာ ဒီဇိုင်းပုံစံ အကြီးအကျယ်ပြောင်းလဲသွားဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့လက ထွက်ခဲ့တဲ့ လက်ကမ်းစာစောင်တစ်ခုအရဆိုရင် iPad Air သစ်ဟာ Home button မပါတဲ့ Edge-to-Edge display တစ်ခုနဲ့ လာပြီး iPad Pro သစ်လို flag edge သုံးသွားမယ်လို့ ခန့်မှန်းထားပါတယ်။

FaceID အစား iPad Air သစ်ဟာ ဘေးဘောင် ခလုတ်ထဲမှာ Touch ID ထည့်သွင်းလာဖို့ ရှိပါတယ်။ နောက်တစ်ခုက USB-C port သုံးလာမယ်ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်းတွေ မှန်မမှန်ကို စက်တင်ဘာ ၁၅ (ဒီည) မှာ သိနိုင်မှာပါ။


(၂) Apple Watch Series 6


Photo: Macrumors

Apple Watch Series သစ်ကိုလည်း ဒီပွဲမှာ မြင်ရဖို့ ရှိပါတယ်။ Watch Series ရဲ့ ထုံးစံအတိုင်း ကျန်းမာရေးနဲ့ ဆိုင်တဲ့ fetures သစ်တွေ ထည့်လာမှာပါ။ iOS 14 ထဲမှာ တွေ့ခဲ့ရတဲ့ Code အရ Apple Watch သစ်ဟာ သွေးထဲ အောက်ဆီဂျင် Level ကြည့်နိုင်မယ့် စနစ် ပါမယ်လို့ ဆိုပါတယ်။

ECG ဖတ်စနစ်ကိုလည်း Watch Series 6 မှာ ပိုကောင်းအောင် လုပ်သွားဖို့ ရှိပါတယ်။ ဒီဇိုင်းအနေနဲ့ Apple Watch Series 5 နဲ့ ဆင်ပြီး Force Touch စနစ်လည်း ဖြုတ်သွားဖို့ ရှိပါတယ်။ Bloomberg သတင်းအရဆိုရင် Apple ဟာ ဈေးနှုန်း ပိုသက်သာတဲ့ နာရီသစ်တစ်မျိုးလည်း မိတ်ဆက်သွားဖို့ ရှိပြီး Watch Series 3 နေရာကို အစားထိုးသွားမယ်လို့ ဆိုပါတယ်။


(၃) Software သစ်တွေ


Photo: 9to5Mac


Hardware ထုတ်ကုန်ပိုင်းအနေနဲ့ နာရီနဲ့ iPad Air သစ်ပဲ မိတ်ဆက်သွားဖို့ ရှိပြီး Software ပိုင်းမှာတော့ iOS 14 ၊ watchOS 7 ၊ iPadOS 14 နဲ့ tvOS 14 တို့အကြောင်းလည်း သိရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က