မြန်မာငွေ ၆ သိန်းကျော်် ဈေးနဲ့ ထွက်လာတာပါ

5G ကွန်ရက်ပါတဲ့ mid-range တက်ဘလက်သစ်တစ်မျိုးကို Huawei က မိတ်ဆက်လိုက်ပါတယ်။ 

Huawei ဟာ MatePad Pro 5G မှာကတည်းက မျိုးဆက်သစ်ကွန်ရက်နည်းပညာကို သုံးလာခဲ့တာပါ။ ဒီတစ်ခါမှာ ပိုဈေးသက်သာတဲ့ 5G တက်ဘလက်သစ်ကို ကြေညာလိုက်ပါတယ်။ Huawei MatePad 5G ဟာ Huawei MatePad 10.4 ကိုမှ upgrade လုပ်ထားတဲ့ မော်ဒယ် ဖြစ်ပြီး ပိုအားကောင်းတဲ့ processor နဲ့ ဆက်သွယ်ရေးနည်းပညာ ထည့်ထားတာပါ။



Photo: mysmartprice

ဒီဇိုင်းပိုင်းမှာ Huawei MatePad 10.4 မော်ဒယ်နဲ့ ဆင်ပါတယ်။ Kirin 810 chipset သုံးရာကနေ Kirin 820 5G chipset ပြောင်းသုံးလာပြီး အရင် Mali-G52 MP6 GPU ထက် ၃၀% အထိ စွမ်းအားကောင်းတဲ့ Mali-G57 MP6 GPU နဲ့ ထွက်လာတာပါ။ memory configuration အနေနဲ့ 6GB/128GB တစ်မျိုးပဲ လာပြီး microSD card ကနေ storage မြှင့်နိုင်မှာ ဖြစ်ပါတယ်။

ကျန်တာတွေကတော့ Huawei MatePad 10.4 နဲ့ အကုန်လုံးနီးပါး ဆင်ပါတယ်။ ၁၀.၄ လက်မ IPS LCD display နဲ့ လာပြီး 2000 x 1200p ရုပ်ထွက် ပါရှိမှာပါ။ ရှေ့ဘက်နဲ့ ကျောဘက်မှာ LED flash နဲ့အတူ 8MP ကင်မရာတို့ သုံးထားပါတယ်။ စပီကာလေးလုံးတပ် တက်ဘလက်ဖြစ်ပြီး 7250mAh ဘက်ထရီပဲ ဆက်သုံးထားပြီး charging speed ကို 18W ကနေ 22.5W မြှင့်ထားပါတယ်။

USB-C port ကနေ အားသွင်းနိုင်မှာ ဖြစ်ပြီး နားကြပ်ကိုလည်း Type-C နားကြပ်ပဲ သုံးရမှာ ဖြစ်ပါတယ်။ ဒီတက်ဘလက်ဟာ hardware keyboard cover နဲ့ M-Pencil stylus တို့နဲ့ ချိတ်ဆက်နိုင်မှာပါ။ EMUI 10.1 စနစ်နဲ့ လာပြီး အဖြူနဲ့ မီးခိုး နှစ်ရောင်နဲ့ ထွက်ထားပါတယ်။ ဈေးနှုန်းကတော့ ယွမ် ၃၂၀၀ (မြန်မာငွေ ၆ သိန်း ၃ သောင်းခန့်) ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က