ဥရောပဈေးကွက်ထဲ ပထမဆုံး ဖြန့်ချိသွားမှာပါ

         Motorola ကတော့ mid-ranger တန်းဝင် Motorola One စီးရီးမှာ ထူးခြားတဲ့ မော်ဒယ်သစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

         Google ရဲ့ stock အန်းဒရိုက်ဗားရှင်း Android One ဖုန်းအနေနဲ့ ထွက်လာတဲ့ Motorola One Vision မှာ စိတ်ဝင်စားစရာအကောင်းဆုံး feature ၃ ခု ပါလာပါတယ်။ ပထမဆုံးတစ်ခုက Sony ကနေ မိတ်ဆက်ထားတဲ့ 21:9 cinematic screen ဒီဇိုင်း ဖြစ်ပါတယ်။ ဒီဖုန်းကိုယ်ထည်ဒီဇိုင်းဟာ သာမန်မြင်နေကျ 18:9 ၊ 19.5:9 တို့ထက် အများကြီး ပိုရှည်လာပြီး ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ဖို့အကောင်းဆုံး ultra-wide display ပုံစံ ဖြစ်လာပါတယ်။



Photo: Engadget

         Sony ဟာ 21:9 screen ကို Xperia 1 မှာ ပထမဆုံး သုံးခဲ့ပြီး တန်ဖိုးသင့်ဖုန်းတွေထဲမှာ Motorola က အစောဆုံး သုံးလာတာလည်း ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၃ လက်မရှိတဲ့ ဒီဖုန်းဟာ FullHD+ resolution ဖြစ်တဲ့ 1080x 2520p ရုပ်ထွက်ပါရှိပြီး punch hole ကင်မရာဒီဇိုင်းနဲ့ထွက်လာတာပါ။ အရင် Motorola One ဖုန်းတွေမှာတော့ iPhone X ပုံစံ notch အကြီးစား သုံးသွားခဲ့ပါတယ်။

         screen ဘယ်ဘက် အပေါ်ထောင့်ထဲမှာ ရှိတဲ့ ဒီ punch hole ကင်မရာပေါက်ထဲမှာ 25MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်ပါတဲ့ 48MP ကင်မရာနဲ့5MP depth sensor ဆိုပြီး နှစ်လုံးတွဲ dual lens များ သုံးထားပါတယ်။ Motorola ကတော့ ဒီကင်မရာဟာ အလင်းဖမ်းယူမှု လေးဆ ပိုမြင့်ပြီး ရုပ်ထွက်မပြတ်သားတာတွေကို အများကြီး လျှော့ချနိုင်မယ်လို့ဆိုပါတယ်။

Photo: Digital Trends

         processor ကိုတော့ Samsung ကနေ ထုတ်ထားတဲ့ Exynos 9609 processor နဲ့လာပြီး RAM 4GB ၊ 128GB storage ပါရှိသလို နောက်ထပ် storage တိုးဖို့အတွက် mciroSD card နေရာပါ ပေးထားပါတယ်။ Android One ဖုန်းဖြစ်တာကြောင့် ဆော့ဖ်ဝဲလ်နဲ့security update ကို သုံးနှစ်အထိ support ပေးမယ့် ဖုန်းလည်း ဖြစ်ပါတယ်။

         Motorola One Vision ဟာ 3500 mAh ဘက်ထရီနဲ့လာပြီး 15W ထွက်တဲ့ TurboPower charger အမြန်အားသွင်းနည်းပညာ ပါရှိပါတယ်။ အရောင်အနေနဲ့အပြာနဲ့ကြေးနီရောင် ကာလာနှစ်မျိုးနဲ့လာပြီး ဥရောပဈေးကွက်မှာ ဒီဖုန်းကို ယူရို ၃၀၀ ( မြန်မာငွေ ၅ သိန်းခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က