Lenovo ဖုန်းတွေထဲမှာ ပထမဆုံး ကင်မရာ ၄ လုံး သုံးတဲ့ဖုန်းပါ
Nyein Min Wai

100MP ကင်မရာပါမယ်ဆိုတဲ့ ကောလာဟာလသတင်းတွေဟာ Lenovo Z6 Pro တရားဝင် မိတ်ဆက်ပွဲမှာ အသံတိတ်ကုန်ပါတယ်။

Photo: beebom

         Lenovo Z6 Pro မထွက်ခင်မှာ အစဉ်အလာအတိုင်း သတင်းကြီးခဲ့ပေမယ့် တကယ်မိတ်ဆက်ချိန်မှာ ဒီဖုန်းဟာ ပုံမှန် high-end ဖုန်းတစ်လုံးထက် မပိုခဲ့ပါဘူး။ waterdrop notch ကို သုံးလာတဲ့ ဒီဖုန်းဟာ မျက်နှာပြင် အရွယ်အစား ၆.၃၉ လက်မရှိပြီး Super AMOLED display အောက်မှာ လက်ဗွေထည့်သွင်းထားပါတယ်။ ပြောစရာတစ်ခုက ဘောင် bezel တွေဟာ လေးစားချင်စရာကောင်းလောက်အောင် ပါးသွားတာပါ။

         ၂၀၁၉ ထွက် high-end ဖုန်းဖြစ်တဲ့အတိုင်း Lenovo Z6 Pro ဟာ Snapdragon 855 processor ကို သုံးထားပြီး RAM ပမာဏကို 6GB ၊ 8GB နဲ့12GB အထိ ပါလာပါတယ်။ RAM 6GB နဲ့8GB တို့ကတော့ storageကို 128GB နဲ့လာပြီး RAM 12GB မှာ 512GB storage ပါရှိပါတယ်။ ဖုန်းအပူလွန်ကဲမှုကို ဖြေရှင်းဖို့အတွက် Coldfront Liquid Cooling စနစ် ပါဝင်လာပါတယ်။

         Lenovo Z6 Pro ဟာ Lenovo ဖုန်းတွေထဲမှာ quad lens စနစ်ကို ပထမဆုံး သုံးလာတာပါ။ ထောင်လိုက် ၄ လုံးတွဲ ကင်မရာစနစ်မှာ 16MP wide-angle lens ၊ 48MP main camera ၊ 8MP telephoto နဲ့video ရိုက်ကူးမှုကို အဆင့်မြှင့်ပေးမယ့် 2MP ကင်မရာဆိုပြီး ပါရှိပါတယ်။ ဒါနဲ့အတူ ToF ကင်မရာနဲ့Phase Detection AutoFocus sensor တွေလည်း သုံးထားပါတယ်။

         ဒီကင်မရာတွေမှာ Super Night Scene ၊ Super Macro ၊ Super Wide Angle နဲ့Dual Scene ဆိုပြီး AI နည်းပညာအခြေခံထားတဲ့ ကင်မရာ features တွေ နဲ့ OIS (Optical Image Stabilization) စနစ်တို့ပါဝင်ပါတယ်။ ရှေ့ဘက်မှာ 32MP ဆယ်လ်ဖီကင်မရာ ပါရှိပြီး ဘက်ထရီပါဝါကို အကြီးစား ဘက်ထရီ ပါဝါဖြစ်တဲ့ 4000 mAh ဘက်ထရီ သုံးထားပါတယ်။

         ဒီဘက်ထရီဟာ 27W fast Charging ရပြီး Reverse Charging စနစ်လည်း သုံးနိုင်မယ်လို့ဆိုပါတယ်။ Reverse Wireless charging လို့ပြောထားတာ မဟုတ်တော့ USB Type C port ကနေပဲ တစ်ခြားဖုန်းတွေကို အားပြန်သွင်းပေးနိုင်မယ့် စနစ်ဖြစ်ဖို့များပါတယ်။ OS စနစ်မှာတော့ Android 9 Pie ပါတဲ့ ZUI 11 သုံးထားပါတယ်။

         Lenovo Z6 Pro ကို အနီနဲ့အစိမ်းကာလာ ၂ ရောင်နဲ့ထုတ်ထားပြီး အနိမ့်ဆုံး RAM 6GB မော်ဒယ်ကို ၂၈၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၆ သောင်းကျော်) ၊ RAM 8GB မော်ဒယ်ကို ၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၈ သောင်းခွဲ) နဲ့အမြင့်ဆုံးမော်ဒယ် RAM 12GB ဗားရှင်းကို ၄၇၉၉ ယွမ် ( မြန်မာငွေ ၁၁ သိန်းခန့်) ဈေးနဲ့ဧပြီလ ၂၉ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ Lenovo ဟာ တရုတ်ဈေးကွက်မှာ 5G ဗားရှင်း Lenovo Z6 Pro ကို မိတ်ဆက်ဖို့အတွက်လည်း တယ်လီကွန်း ၃ ခုနဲ့ညှိနှိုင်းနေတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က