ဒေါ်လာ ၉၀၀ ဈေးနဲ့ရောင်းချသွားမှာပါ
Nyein Min Wai

စမတ်ဖုန်းသစ်တွေမှာ ကင်မရာကောင်းမကောင်း ပြိုင်နေချိန် LG ကတော့ ရှားရှားပါးပါး ကင်မရာ ၅ လုံးနဲ့flagship ဖုန်းသစ်ကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။



lg-v40-thinq-3.png

Photo: gizguide

 

အစောပိုင်း သတင်းတွေမှာကတည်းက LG V40 ThinQ ဟာ ကျောဘက် ကင်မရာ ၃ လုံး ၊ ရှေ့ဘက် ကင်မရာ ၂ လုံး သုံးမယ်ဆိုတာ သိထားပြီး ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ချိန်မှာတော့ LG V40 ThinQ ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ultra wide-angle ရိုက်ချက်တွေ ပေးနိုင်တဲ့ ဖုန်းအဖြစ် ထွက်လာတာပါ။

LG ကုမ္ပဏီဟာ ဒီဖုန်းကို စမတ်ဖုန်းကင်မရာ အပျော်တမ်း သုံးသူများအတွက်ရော ၊ တကယ့်ပရိုကျကျ ရိုက်ချင်သူတွေအတွက်ပါ ထုတ်ထားတာ ဖြစ်ပါတယ်။ နောက်တစ်ခုက LG V40 ThinQ ဟာ ကုမ္ပဏီရဲ့ ပထမဆုံး Dual Pixel AutoFocus ကင်မရာစနစ် ပါလာတဲ့ ဖုန်းဆိုလည်း မမှားပါဘူး။

ကျောဘက်မှာ 12MP ကင်မရာ ၊ ၁၀၇ ဒီဂရီ မြင်ကွင်းကျယ် ရိုက်နိုင်မယ့် super wide angle 16MP ကင်မရာနဲ့portrait အတွက် 12MP တယ်လီကင်မရာ သုံးလုံး ပါရှိပါတယ်။ ဒီကင်မရာ ၃ လုံးဟာ HDR recording နဲ့အတူ ဗွီဒီယို ရိုက်ကူးရေးအတွက် Digital Image Stabilization စနစ် ၊ 60fps နှုန်းနဲ့4K ဗွီဒီယိုရိုက်ကူးရေးစနစ် အပြင် slow-mo အနှေးရိုက်ချက်များကို 1080p ရုပ်ထွက်အတွက် 240fps နှုန်းတွေ ပံ့ပိုးပေးထားပါတယ်။

 

triple lens နဲ့အတူ LG ဟာ ကင်မရာစနစ်ကို ဆန်းသစ်ဖို့feature သစ် နှစ်မျိုးပါ ထည့်သွင်းထားပါတယ်။ triple preview ကတော့ ကင်မရာသုံးလုံးကနေ live preview ကို တစ်ပြိုင်နက်တည်း ပြနေပြီး ကိုယ်ကြိုက်တဲ့ ရိုက်ချက်ကို ယူနိုင်မယ့် feature ဖြစ်ပါတယ်။ triple shot ကတော့ shtter ခလုတ်တစ်ချက်နှိပ်ပြီး angles သုံးခစလုံးကနေ ဖမ်းနိုင်မယ့် စနစ်ပါ။ ဒီကနေ တစ်ပုံချင်း GIFs ပြန်ထုတ်နိုင်မှာပါ။

ဆယ်လ်ဖီကင်မရာပိုင်းမှာ 8MP+5MP ကင်မရာနှစ်လုံးတွဲ ပါရှိပြီး studio lighting portrait ရိုုက်ချက်တွေ ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ ကင်မရာတွေအကုန်လုံးဟာ AI စနစ်နဲ့အလိုအလျောက် အလင်း နဲ့shutter speed ချိန်တာ ပါရှိသလို Google Lens ရဲ့ လုပ်ဆောင်ချက်ပါ built-in ထည့်သွင်းထားတာပါ။ ထွက်ထားတဲ့ သတင်းတွေအတိုင်း ဒီဖုန်းဟာ ကိုယ်ထည်မှာ Google Assistant ခလုတ် တပ်ဆင်ထားပါတယ်။

ဒီဇိုင်းပိုင်းမှာ notch ပါတဲ့ ၆.၄ လက်မ FullVision display ကို သုံးထားပြီး glass body ကြောင့် မှန်ကွဲမှာကတော့ စိတ်ပူစရာ ဖြစ်နေပါတယ်။ တစ်ခုကောင်းတာက glass body ကြောင့်ပဲ Qi wireless charging သုံးနိုင်မှာ ဖြစ်ပါတယ်။

ဒီဖုန်းဟာ LG ရဲ့ high-end ဖုန်းများအတိုင်း IP68 rating ရေစို/ဖုန်တင်ဒဏ်ခံနိုင်မှာပါ။ ကျန်တဲ့ specs တွေကတော့ flagship အနေနဲ့မထူးခြားတဲ့ Snapdragon 845 processor ၊ RAM 6GB/64GB storage နဲ့ထွက်လာတာပါ။

Photo: Firstpost

 

LG V40 ThinQ မှာ သုံးထားတဲ့ 3300 mAh ဘက်ထရီကတော့ ဖုန်းနဲ့စာရင် အရွယ်အစားသေးတယ်လို့ဆိုနိုင်ပေမယ့် Quick charge စနစ် ပါတာက မဆိုးဘူးလို့ဆိုနိုင်ပါတယ်။ အနက် ၊ အပြာ နှစ်ရောင်နဲ့လာတဲ့ ဒီဖုန်းကို ဒေါ်လာ ၉၀၀ ဈေးကနေ စတင် ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က