ဈေးသင့်တဲ့ mid-ranger အနေနဲ့ထွက်လာတာပါ

Huawei Mate 30 Lite နာမည်နဲ့ပြင်ပဈေးကွက်ထဲ ဖြန့်ချိသွားမယ့် Huawei Maimang 8 ဖုန်းကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။


        Huawei Maimang 8 ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တဲ့ Huawei P Smart+ 2019 နဲ့ဒီဇိုင်းဆင်ပြီး ကျောဘက်မှာ Fingerprint နဲ့ထောင်လိုက် ကင်မရာ ၃ လုံး သုံးထားတာပါ။ ၂၀၁၈ မှာ ခေတ်စားခဲ့တဲ့ waterdrop notch ကို သုံးထားပြိး ၆.၂၁ လက်မ IPS FHD+ ရုပ်ထွက်ပါရှိပါတယ်။



Photo: iDroidTechnology

        screen နေရာယူမှူ ၈၉% ရှိလာပြီး TUV Rheinland ထောက်ခံချက်ရတဲ့ display ဖြစ်လို့မျက်လုံးကို blue rays နှောင့်ယှက်မှူကနေ မျက်လုံးကို ကာကွယ်နိုင်မှာပါ။ ဂရပ်ဖစ်ပိုင်းစွမ်းဆောင်ရည်အနေနဲ့GPU Turbo နည်းပာနဲ့လာပါတယ်။

        mid-ranger တန်းဝင် ဖုန်းဖြစ်တဲ့ Maiman 8 ဟာ Huawei ထုတ် Kirin 710 processor နဲ့လာပြီး RAM 6GB / 128 GB storage သုံးထားတာပါ။ onboard storage အပြင် microSD card ကနေ 512GB အထိ တိုးလို့ရတာကြောင့် storage အတွက် သိပ်ပြီး စိုးရိမ်စရာတော့ မရှိပါဘူး။

        ကင်မရာအနေနဲ့ကျောဘက်မှာ 24MP ကင်မရာနဲ့အတူ 16MP superwide lens နဲ့2MP depth sensor ဆိုပြီး ကင်မရာ သုံးလုံးသုံးထားတာပါ။ ဒီကင်မရာတွေဟာ AI Scene Recognition နည်းပညာ ၊ 480fps အနှေးဆွဲ ဗွီဒီယိုရိုက်ကူးရေးနဲ့ ညဘက် Night scene ရိုက်ကူးရေးတွေ ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။

Photo: Huawei Central



        ရှေ့ဘက်မှာတော့ 8MP ဆယ်လ်ဇီကင်မရာပါပြီး ဘက်ထရီကတော့ 3400 mAh ဖြစ်ပြီး charging output. ကတော့ 10W ရှိပါတယ်။ Nano နှစ်ကဒ်သုံး ဖုန်းဖြစ်တဲ့ Huawei Maimang 8 ဟာ Android 9 Pie ကို အခြေခံထားတဲ့ EMUI 9.0 စနစ်နဲ့လာပါတယ်။

        ဒီဖုန်းကို တရုတ်ဈေးကွက်မှာ ၁၈၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၂ သောင်း) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပြီး Midnight Black နဲ့Sapphire Blue ကာလာ ၂ ရောင်နဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က