Transparent Edition လည်း မိတ်ဆက်ထားပါတယ်

     Xiaomi Mi 9 ကတော့ 48MP ပင်မကင်မရာပါဝင်တဲ့ သုံးလုံးတွဲ ကင်မရာစနစ် ၊ in-display လက်ဗွေနည်းပညာသုံးနိုင်တဲ့ Super AMOLED display အပြင် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စမတ်ဖုန်းဈေးကွက်ထဲ ဝင်ရောက်ဖို့ဆန်းသစ်မှုတွေအပြည့်နဲ့ထွက်လာပြီ ဖြစ်ပါတယ်။

         ၂၀၁၉ ထွက် high-end flagship ဖုန်းတစ်လုံးဖြစ်တဲ့ Xiaomi Mi 9 ဟာ Qualcomm ရဲ့ အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 855 SoC ကို ပထမဆုံး သုံးလာတဲ့ ဖုန်းလိုု့ပြောနိုင်ပါတယ်။ waterdrop notch နဲ့အတူ ကမ္ဘာ့အကြမ်းခံနိုင်ဆုံး နောက်ဆုံးပေါ် Gorilla Glass 6 မှန်အုပ်ထားတဲ့ ဒီဖုန်းဟာ မျက်နှာပြင် ၆.၃၉ လက်မ Super AMOLED display နည်းပညာ ပါဝင်ပါတယ်။



Photo: GSMArena

         Screen တောက်ပမှု 600nits ထိ ရှိပေမယ့် Dark Mode မှာဆို ပါဝါသုံးစွဲမှုကို ၈၃% လျှော့ချနိုင်မယ့် display လည်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Always-On Display မှာလည်း ရောင်စုံကာလာ pattern တွေ ပါလာပြီ ဖြစ်လို့ဖုန်းပိတ်ထားချိန် ကြည့်ရတာလည်း မျက်စိပသာဒ ဖြစ်စေမှာပါ။ Xiaomi Mi 9 ဟာ Snapdragon 855 SoC သုံးထားပေမယ့် 5G ဖုန်းတော့ မဟုတ်သေးပါဘူး။

         RAM ပမာဏကို 6GB နဲ့ကိုယ်ထည်ကို ဖောက်မြင်နေရတဲ့ transparent ဗားရှင်းအတွက် 12GB နှစ်မျိုး ထွက်ထားပြီး onboard storage ကတော့ 256GB မော်ဒယ်အထိ ဝယ်ယူနိုင်မှာပါ။ ဖုန်းနဲ့ဂိမ်းကို အသေအလဲ ဆော့တတ်တဲ့ သူတွေအတွက် ဒီဖုန်းမှာပါတဲ့ Game Turbo mode က ဂိမ်းကစားမှုကို သာသာယာယာ ဖြစ်စေမှာပါ။ ဘက်ထရီအားသွင်းစနစ်ကတော့ ထူးခြားပါတယ်။ အထူးသဖြင့် Wireless charging ပိုင်းပါ။ Xiaomi Mi 9 ဟာ Charge Turbo လို့ခေါ်တဲ့ 20W output ထွက်တဲ့ ကြိုးမဲ့အားသွင်းစနစ်ကို သုံးထားတာပါ။



         ဈေးကွက်ထဲမှာ ပုံမှန်အားဖြင့် wireless charging ကို 7.5W ၊ 10W နဲ့Huawei Mate 20 Pro လို တကယ့် ပရီမီယံဖုန်းမှာတောင် 15W charging စနစ်ပဲ ပါတာကြောင့် Xiaomi Mi 9ဟာ ဈေးကွက်ထဲမှာ အမြန်ဆုံး ကြိုးမဲ့အားသွင်းစနစ် ပံ့ပိုးထားတယ်လို့ဆိုနိုင်ပါတယ်။ ဒီဖုန်းမှာ သုံးထာုးတဲ့ 3300 mAh ဘက်ထရီဟာ လုံးဝအားမရှိတဲ့ အချိန်မှာ wireless charging သွင်းမယ်ဆိုရင် ၁ နာရီ မိနစ် ၄၀ နဲ့အားပြည့်မှာပါ။USB C port ကနေ ကြိုးနဲ့အားသွင်းတဲ့ Wired charging ကတော့ 27W output ထွက်ပါတယ်။

         charging pad ကတော့ ၉၉ ယွမ် (မြန်မာငွေ၂ သောင်း၂ ထောင်ခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။ ကင်မရာစနစ်အနေနဲ့ကျောဘက်မှာ Sony IMX586 sensor သုံး 48MP ကင်မရာ ၊ 2x zoom ဆွဲနိုင်တဲ့ 12MP tele lens နဲ့၁၁၇ ဒီဂရီမြင်ကွင်းကျယ် ရိုက်နိုင်မယ့် 16MP super wide ကင်မရာ ၃ လုံးတွဲစနစ်နဲ့လာပါတယ်။ ရှေ့ဘက် waterdrop notch ထဲမှာတော့ 20MP ဆယ်လ်ဖီကင်မရာ ပါရှိမှာပါ။

Photo: theandroidsoul

         Xiaomi အနေနဲ့လက်ရှိမှာ Transparent Edition ကို တရုတ်ဈေးကွက်မှာပဲ ဖြန့်ချိထားပြီး ပုံမှန် Mi 9 ဗားရှင်းကို လာဗင်ဒါခရမ်း ၊ ပင်လယ်ပြာရောင်နဲ့စန္ဒယာနက်ရောင် ၃ မျိုးနဲ့ဖြန့်ချိထားပါတယ်။ ဈေးနှုန်းကတော့ 6/128 GBဗားရှင်းကို ၂၉၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) နဲ့8/128 GB မော်ဒယ်ကို ၃၂၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲခန့်)ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

         တရုတ်ဈေးကွက်မှာပဲ ဝင်မယ့် Transparent Edition ဖြစ်တဲ့ RAM 12GB/246GB storage ကတော့ ၃၉၉၉ ယွမ် (မြန်မာငွေ ၉ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က