ရိုးရိုးမော်ဒယ်ကတော့ ဒေါ်လာ ၁၁၀၀ ကျော်ပါတယ်။

နာရီဝက်ကျော်ကျော်နဲ့ဖုန်းတစ်လုံးကို အားအပြည့်သွင်းနိုင်မယ့် နည်းပညာကို Oppo ဟာ Find X ရဲ့ special Ediiton ဖုန်းမှာ စတင်အသုံးပြုခဲ့ပါတယ်။



 

ကမ္ဘာပေါ်မှာ အမြန်ဆုံး ဘက်ထရီအားသွင်းစနစ်ဖြစ်တဲ့ Super VOOC နည်းပညာကို ပထမဆုံး သုံးလာတဲ့ ဖုန်းကတော့ Oppo Find X ရဲ့ အထူး Edition ဖြစ်တဲ့  Automobili Lamborghini Edition ပါ။ တန်ဖိုးကြီး ဇိမ်ခံကားတွေ ထုတ်နေတဲ့ အီတလီကားကုမ္ပဏီ Automobil Lamborghini နဲ့Oppo ဖုန်းကုမ္ပဏီတို့ပေါင်းပြီး မိတ်ဆက်ထားတဲ့ ဒီမော်ဒယ်ဟာ ၂၀၁၆ ခုနှစ်က စပိန်နိုင်ငံ ဘာစီလိုနာမြို့MWC ပွဲမှာ ပြသသွားတဲ့ Oppo ရဲ့ fast charging နည်းပညာကို သုံးသွားတာ ဖြစ်ပေမယ့် MWC မှာ ဖော်ပြခဲ့သလောက်တော့ အားသွင်းမှု မြန်ဆန်ခြင်း မရှိပါဘူး။

MWC 2016 ပွဲမှာ Oppo ပြသသွားတဲ့ Super VOOC Flash Charge နည်းပညာကတော့ ဖုန်းတစ်လုံးကို ၁၅ မိနစ်တည်းနဲ့အားအပြည့်သွင်းပြသွားခဲ့တာဖြစ်ပြီး Lamborghini Edition မှာတော့ ၃၅ မိနစ်အးသွင်းမှ အားပြည့်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိ Oppo ရဲ့ VOOC နည်းပညာထက် နှစ်ဆကျော်ပိုမြန်တယ်လို့ဆိုပါတယ်။

 

Lamborghini Edition ဟာ Super VOOC fast charging နည်းပညာကို အသုံးပြုတာကလွဲရင် ကျန်တဲ့ အစိတ်အပိုင်းနဲ့ဒီဇိုင်းဖွဲ့စည်းချက် အားလုံးဟာ Find X မော်ဒယ်နဲ့အတူတူပဲ ဖြစ်ပါတယ်။ ကျောဘက်မှာ အနက်ရောင်ကာဘွန်ဖိုက်ဘာစင်း ကာဗာအုပ်ထားပြီး အဲ့ဒီအောက်မှာတော့ 3D glass body ရှိပါတယ်။ ကျောဘက်မှာ 3D ဖန်တီးချက်နဲ့နေရာမျိုးစုံကနေ ကြည့်နိုင်တဲ့ Lamborghini ရဲ့ ရုပ်ကြွ logo ပါရှိမှာပါ။ ဘက်ထရီအနေနဲ့ရိုးရိုး Oppo Find X ထက် ဘက်ထရီပါဝါသေးတဲ့  3400 mAh သုံးထားတာ ဖြစ်ပြီး USB Type C ကြိုးနဲ့အားသွင်းနိုင်မှာ ဖြစ်ပါတယ်။  special Ediiton မှာ နောက်ထပ် ထူးခြားတာက built-in storage ကို 512GB ဗားရှင်းအထိ သုံးလာတာ ဖြစ်ပါတယ်။

မျက်နှာပြင် ၆.၄ လက်မ curved OLED display နဲ့လာတဲ့ ဒီဖုန်းဟာ ကင်မရာအားလုံးကို ဖုန်းအတွင်းမှာ မြှပ်ထားပြီး mechanical camera sliders တွေနဲ့လာတာပါ။ မှန်ပြင်နဲ့ကိုယ်ထည်အချိုးအစားမှာတော့ Oppo Find X စီးရီးဟာ ၉၁.၂၄% ရှိတဲ့ Vivo NEX ထက် ပိုများတဲ့ ၉၂.၂၅% ဖြစ်လို့တစ်ပြင်လုံးလိုလို မှန်ပြင်ဖြစ်နေပြီး အောက်ခြေမှာပဲ ဘောင်သေးသေးလေးပါလာတာ ဖြစ်ပါတယ်။ ဒီဖုန်းတွေမှာ fingerprint မသုံးတော့ဘဲ 3D face Unlock နဲ့လာပြီး  Snapdragon 845 chipset ၊ RAM 8GB ပါရှိပါတယ်။

 

မြန်မာငွေ ၁၅ သိန်း ကျော်တန် Oppo Find X ကို သြဂုတ်လကစပြီး ဈေးကွက်မှာ ရောင်းချသွားမှာပါ။ Lamborghini Edition (512GB ဗားရှင်း) ကတော့ ၁၉၆၆ ဒေါ်လာ (မြန်မာငွေ ၂၆ သိန်း ၉ သောင်းခန့်) ဈေးနဲ့ရောင်းချသွားမှာ ဖြစ်ပြီး ဈေးကွက်ထဲ ရောက်မယ့်ရက် မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က