တန်တယ်လို့ တွေးမိတယ်မလား

Realme 6 စီးရီးရဲ့ အဆက်အဖြစ် ထွက်လာတဲ့ Realme 7 နဲ့ Realme 7 Pro တို့မှာ အဆင့်မြှင့်လာတဲ့ ကင်မရာစနစ် ၊ ပိုကြီးတဲ့ ဘက်ထရီနဲ့ အားကောင်းသွက်လက်တဲ့ Fast Charging နည်းပညာသစ်တွေ သုံးလာပါတယ်။

Realme 7 Pro


Realme 7 Pro ဟာ အရင် Realme 6 Pro မှာ ပါခဲ့တဲ့ Snapdragon 730G SoC ကိုပဲ သုံးထားပါတယ်။ သိသာတဲ့ အပြောင်းအလဲတစ်ခုက ဒီဖုန်းဟာ ကုမ္ပဏီရဲ့ ပရီမီယံ X series မော်ဒယ်သစ်တွေမှာ မြင်ရတဲ့ 65W SuperDart Charging အားသွင်းစနစ်နဲ့ လာတာ ဖြစ်ပါတယ်။ ဒီနည်းပညာဟာ 4500mAh ဘက်ထရီတစ်လုံးကို ၃၄ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။



Photo: Droid News

အရင်လို LCD panel မဟုတ်ဘဲ Super AMOLED display အမျိုးအစားနဲ့ လာပြီး ၆.၄ လက်မ compact size ကို သုံးထားပါတယ်။ ဖောက်သည်တွေဆီက Feedback အရ 90Hz အစား 60Hz ရိုးရိုးကိုပဲ သုံးထားပါတယ်။ Super AMOLED display ဖြစ်လို့ Always-On Display ရပြီး လက်ဗွေကိုလည်း ဘေးဘောင်လက်ဗွေနည်းပညာကနေ in-display fingerprint scanner ပြောင်းလဲထားပါတယ်။

Realme 7 Pro မှာ ရှေဘက် punch-hole မှာ 32MP lens တစ်လုံးတည်း သုံးထားပြီး ကျောဘက်မှာ စတုဂံပုံစံကင်မရာကွက်စနစ် ပါရှိပါတယ် ။ ဒီဖုန်းဟာ 10x zoom ဆွဲရိုက်နိုင်မယ့် 64MP primary ကင်မရာ ၊ 8MP ultrawide lens ၊ 2MP macro lens နဲ့ 2MP portrait ကင်မရာတွေ နဲ့ ထွက်ထားပါတယ်။

Dolby Atmos အသံနည်းပညာနဲ့လာပြီး စတီရီယိုစပီကာတွေ တပ်ဆင်ထားပါတယ်။ USB Type C port ၊ 3.5mm headphone jack ၊ microSD card slot နဲ့ dual-frequency GPS စနစ်များ ပံ့ပိုးထားပါတယ်။ Android 10 ကို အခြေခံထားတဲ့ Realme UI နဲ့ လာပြီး Mirror Blue နဲ့ Mirror Silver ကာလာနှစ်ရောင်နဲ့ ထွက်ရှိပါတယ်။

Realme 7 Pro ဟာ RAM 6GB/128GB storage နဲ့ RAM 8GB/128GB storage ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လာပါတယ်။ အနိမ့်မော်ဒယ်ကို ၁၉၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်း ၆ သောင်းခန့်) နဲ့ အမြင့်ဗားရှင်းကို ၂၁၉၉၉ ရူပီး (မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 



Realme 7


Realme 7 ဟာ ၆.၅ လက်မ FHD+ 90Hz LCD display နဲ့လာပြီး MediaTek ရဲ့ Helio G95 SoC ကို သုံးလာတဲ့ ကမ္ဘာ့ပထမဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ punch-hole display စတိုင်ကိုပဲ သုံးထားပြီး ဘက်ထရီပါဝါဟာ 5000 mAh အကြီးစားနဲ့ ထွက်လာပါတယ်။ အားသွင်းစနစ်ဟာ 30W Dart Charger ဖြစ်ပြီး ဘက်ထရီအားအပြည့်သွင်းနိုင်ဖို့ ၆၅ မိနစ်ပဲ ကြာမှာပါ။

Photo: GSMArena


ဒီဖုန်းမှာလည်း Sony IMX682 64MP sensor ပါဝင်တဲ့ လေးလုံးတွဲကင်မရာစနစ်ကို သုံးထားပြီး အရန်ကင်မရာတွေအနေနဲ့ 8MP ultrawide ၊ 2MP macro lens နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ ရှေ့ကင်မရာဟာ 16MP selfie ကင်မရာ ဖြစ်ပြီး Realme 7 Pro မော်ဒယ်အတိုင်း Starry Mode ၊ Night Mode နဲ့ 64MP mode အတွင်း AI Mode နဲ့ Pro Mode တို့အကြား ပြောင်းနိုင်မယ်လို့ ဆိုပါတယ်။

Realme 7 မှာ ဘေးဘောင်လက်ဗွေစနစ် ၊ microSD card slot နဲ့လာပြီး RAM/Storage နှစ်မျိုး ထွက်ပါတယ်။ Mist White နဲ့ Mist Blue ကာလာနှစ်ရောင်နဲ့ လာပြီး အနိမ့်မော်ဒယ် RAM 6GB/64GB storage ကို ၁၄၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်း ၇ သောင်းကျော်) နဲ့ RAM 8GB/128GB storage ကို ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က