in-display လက်ဗွေစနစ်ကို ဖုန်းနှစ်မျိုးစလုံးမှာ သုံးလာပါတယ်
Nyein Min Wai

Samsung ရဲ့ ရောင်းအားအကောင်းဆုံး mid-range ဖုန်းမော်ဒယ်တွေဖြစ်တဲ့ Galaxy A50 နဲ့Galaxy A30 ကို upgrade လုပ်ထားတဲ့ ဗားရှင်းသစ်တွေ မိတ်ဆက်လိုက်ပါတယ်။


Galaxy A50s နဲ့Galaxy A30s နာမည်တွေနဲ့ထွက်လာခဲ့တာ ဖြစ်ပြီး သိသာတဲ့ အပြောင်းအလဲတစ်ခုက မျက်စိအမြင်အာရုံကို ဆွဲဆောင်ဖြားယောင်းနိုင်တဲ့ Geometric pattern ပုံစံနဲ့Holographic လုပ်ဆောင်ချက်တွေ လုပ်နိုင်တဲ့ ကျောဘက်ကိုယ်ထည်ပုံစံသစ် ပါလာတာပါ။ Galaxy A50s မှာဆို ကြည့်သူရဲ့ အမြင်ကို လှည့်ဖျားနိုင်တဲ့ Prism Crush Black, Prism Crush White, Prism Crush Green နဲ့Prism Crush Violet2 ကာလာ ၄ မျိုးနဲ့လာပါတယ်။

Photo: iGyaan

Galaxy A50s မှာ နောက်ထပ် အသစ်ပြောင်းလိုက်တာက ကင်မရာပါ။ 48MP main ကင်မရာသစ်နဲ့အတူ 5MP depth ကင်မရာနဲ့၁၂၃ ဒီဂရီ မြင်ကွင်းကျယ် ဖမ်းယူနိုင်မယ့် 8MP ultrawide ကင်မရာ သုံးလုံးကို ဖုန်းကျောဘက်မှာ ထောင်လိုက်အနေအထားနဲ့တပ်ဆင်ထားပါတယ်။ ဆယ်လ်ဖီကင်မရာကိုလည်း အရင် 25MP ကင်မရာကနေ 32MP အထိ မြှင့်ထားလို့ဆယ်လ်ဖီရိုက်ချက်တွေမှာ ပိုပြီး စိတ်ကျေနပ်စရာ ဖြစ်လာမှာပါ။

Galaxy A30s မှာလည်း ကျောဘက်မှာ အရင် 16MP main ကင်မရာကနေ 25MP ကင်မရာသစ် ၊ 8MP ultra-wide lens သစ်နဲ 5MP depth sensor ဆိုပြီး triple lens စနစ်ကို သုံးထားပါတယ်။ ဆယ်လ်ဖီကင်မရာမှာတော့ အရင် Galaxy A30 လိုပဲ 16MP f2.0 ဖြစ်ပါတယ်။ ထူးခြားတာက ဒီဖုန်း နှစ်မျိုးစလုံးမှာ in-display လက်ဗွေနည်းပညာ သုံးလာတာ ဖြစ်ပါတယ်။

Galaxy A50s နဲ့Galaxy A30s တို့ဟာ 15W charging ရတဲ့ 4000 mAh ဘက်ထရီသုံးထားပြီး အခုထိတော့ ဒီဖုန်းတွေရဲ့ ဈေးနှုန်း မကြေညာသေးပါဘူး။ Galaxy A50s ဟာ မျက်နှာပြင် ၆.၄ လက်မ (1080 x 2340p) Super AMOLED display သုံးထားပြီး Samsung ရဲ့ ကိုယ်ပိုင် display ဒီဇိုင်းသစ်ဖြစ်တဲ့ Infinity U စတိုင်နဲ့လာပါတယ်။ 10nm Exynos 9810 octa-core processor နဲ့လာပြီး RAM 4GB နဲ့RAM 6GB ဗားရှင်းဆိုပြီး နှစ်မျိုး ထွက်ထားပါတယ်။

Photo: Android Authority

မျက်နှာပြင် ၆.၄ လက်မရှိတဲ့ Galaxy A30s မှာတော့ Infinity V Super AMOLED နဲ့လာပြီး resolution ကို 720x1560px လျှော့ထားပါတယ်။ 14nm Exynos 7904 octa-core processor သုံးထားပြီး RAM 3GB နဲ့4GB ဗားရှင်းနှစ်မျိုး ထုတ်ထားပါတယ်။ storage ကို 32GB/64GB နဲ့128GB သုံးမျိုး ပါပြီး Galaxy A series တွေရဲ့ စတိုင်အတိုင်း 512GB အထိ ထပ်တိုးနိုင်မယ့် miroSD card support ပါဝင်ပါတယ်။

Galaxy A series တွေဟာ Samsung ရဲ့ ရောင်းအားအကောင်းဆုံးတန်းဝင် မော်ဒယ်တွေပါ။ ပြီးခဲ့တဲ့ ၂၀၁၈ ဒုတိယသုံးလပတ်က ဥရောပဈေးကွက်မှာ Samsung ဟာ ဈေးကွက်ရှယ်ယာ ၃၃.၉% ရှိခဲ့ရာကနေ ယခုနှစ် ဒုတိယသုံးလပတ်မှာ ၄၀.၆% ရှိလာခဲ့တယ်လို့ဆိုပါတယ်။ Galaxy A series တွေကတော့ ရောင်းအားအသွက်ဆုံး Samsung ဖုန်းတွေ ဖြစ်ခဲ့တာကြောင့် Galaxy A50s နဲ့A30s တို့မှာလည်း ရောင်းအားမြင့်လာဖို့ရှိပါတယ်။


က္က